Breaking News

ယာဉ်မောင်းတစ်ယောက်ရဲ့ ရယ်ရမလို၊ ဝမ်းနည်းရမလို အဖြစ်အပျက်။

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ ယာဉ်မောင်းလိုင်စင်ရပြီး ၁၀ မိနစ်အကြာမှာ ယာဉ်တိုက်မှုကျူးလွန်မိတဲ့ ယာဉ်မောင်းတစ်ယောက်ရဲ့ ကံဆိုးမှုကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဘဝက အခုမှစပြီး အဆင်ပြေသလိုရှိသေးတယ်။ ကံတရားကြီးက နောက်ထပ်ပြဿနာအသစ်တစ်ခုကို အဆိုပါယာဉ်မောင်းဆီ ပို့ပေးလိုက်သလိုပါပဲ။ ယာဉ်မောင်းရတာက လွယ်ကူသလောက် စံနှုန်းမှီတဲ့ အရည်အသွေးရှိ ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း အတည်ပြုခံရတဲ့ လိုင်စင်ရဖို့က ဘယ်လောက်ခက်ခဲသလဲဆိုတာကိုတော့ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် စာမေးပွဲဖြေဆိုပြီး ယာဉ်ကိုစနစ်တကျမောင်းပြရတဲ့ ယာဉ်မောင်းတွေကသာ အသိဆုံးဖြစ်ပါတယ်။

Mr. Zhang လို့အမည်ရတဲ့ ယာဉ်မောင်းသူဟာ ယာဉ်မောင်းလိုင်စင် ရရှိပြီးနောက် သူ့ရဲ့ယာဉ်ကို တရုတ်နိုင်ငံတောင်ပိုင်း Zunyi မြို့ပေါ်မှာရှိတဲ့ တံတားကျဉ်းကျဉ်းလေးပေါ်ကို မောင်းထွက်လာတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ ယာဉ်မတော်ဆမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရခြင်းဖြစ်ပါတယ်။ ဘယ်လောက်တောင်မှ ကံဆိုးလိုက်တဲ့သူလဲနော်။

သတင်းဌာနတစ်ခုက Mr. Zhang ရဲ့ အသေးစိတ်ဖြစ်ရပ်ကို မေးမြန်းလာတဲ့အချိန်မှာတော့ Mr. Zhang က “ကျွန်တော်က လမ်းကျဉ်းကျဉ်းလေးအတိုင်း ကားမောင်းလာရင်း ဖုန်းကိုလှမ်းယူပြီး စာဖတ်မယ်လုပ်နေတုန်း တံတားကျဉ်းကျဉ်းလေးပေါ်ရောက်လာပါတယ်။ ကျွန်တော်အရှေ့ကိုကြည့်လိုက်တော့ ဒီတံတားကျဉ်းကျဉ်းပေါ်မှာ လမ်းလျှောက်နေသူတွေကိုမြင်တော့ သူတို့ကိုတိုက်မိမှာကြောက်သွားပြီး ရှောင်တိမ်းဖို့ ဘယ်ဘက်ကိုကွေ့လိုက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ရေထဲကိုတစ်ဟုန်ထိုး ကျသွားတာပဲဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Mr.Zhang က “ကံကောင်းချင်တော့ ကားကရေပေါ်မှာ ပေါလောမျောနေတုန်း ကားတံခါးကိုကန်ပြီး ရေနှစ်နေတဲ့ ကားထဲကနေ ထွက်နိုင်ခဲ့ပါတယ် . . . “လို့ ထပ်လောင်း ပြောပြခဲ့ပါတယ်။ ဒေသခံတွေကလည်း Mr.Zhang ကို ကူညီကယ်ဆယ်ပေးခဲ့တာကြောင့် Mr.Zhang တစ်ယောက် အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ကာ ရဲတွေရောက်ရှိလာတဲ့အချိန်မှာတော့ သူ့ရဲ့ကားကိုလည်း ကရိန်းနဲ့ ဆယ်ယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Mr.Zhang က အဆိုပါယာဉ်မတော်တဆမှုအတွက် အပြစ်ပေးခံရလားဆိုတာ အတိအကျမသိရသေးပေမယ့် သူ့ရဲ့ယာဉ်မတော်တဆကျူးလွန်မိခဲ့တဲ့ ဖြစ်ရပ်ကို အဆိုပါတံတားနားမှာရှိတဲ့ လုံခြုံရေးမှတ်တမ်းတင်ကင်မရာက မှတ်တမ်းတင်ဖမ်းယူမိခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူအများအပြားက ၄င်းတို့ရဲ့ အကောင့်တွေမှာ မျှဝေပြသခဲ့တာနဲ့တင် လုံလောက်တဲ့ ပြစ်ဒဏ်ပေးခံရနိုင်ပါတယ်။

<Unicode Version>

 

 

ယာဥ္ေမာင္းတစ္ေယာက္ရဲ႕ ရယ္ရမလို၊ ဝမ္းနည္းရမလို အျဖစ္အပ်က္။

ေအာက္မွာေဖာ္ျပထားတဲ့ ဗီဒီယိုထဲမွာဆိုရင္ေတာ့ ယာဥ္ေမာင္းလိုင္စင္ရၿပီး ၁၀ မိနစ္အၾကာမွာ ယာဥ္တိုက္မႈက်ဴးလြန္မိတဲ့ ယာဥ္ေမာင္းတစ္ေယာက္ရဲ႕ ကံဆိုးမႈကို ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။ ဘဝက အခုမွစၿပီး အဆင္ေျပသလိုရွိေသးတယ္။ ကံတရားႀကီးက ေနာက္ထပ္ျပႆနာအသစ္တစ္ခုကို အဆိုပါယာဥ္ေမာင္းဆီ ပို႔ေပးလိုက္သလိုပါပဲ။ ယာဥ္ေမာင္းရတာက လြယ္ကူသေလာက္ စံႏႈန္းမွီတဲ့ အရည္အေသြးရွိ ယာဥ္ေမာင္းတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳခံရတဲ့ လိုင္စင္ရဖို႔က ဘယ္ေလာက္ခက္ခဲသလဲဆိုတာကိုေတာ့ ယာဥ္ေမာင္းလိုင္စင္ရဖို႔အတြက္ စာေမးပြဲေျဖဆိုၿပီး ယာဥ္ကိုစနစ္တက်ေမာင္းျပရတဲ့ ယာဥ္ေမာင္းေတြကသာ အသိဆံုးျဖစ္ပါတယ္။

Mr. Zhang လို႔အမည္ရတဲ့ ယာဥ္ေမာင္းသူဟာ ယာဥ္ေမာင္းလိုင္စင္ ရရွိၿပီးေနာက္ သူ႕ရဲ႕ယာဥ္ကို တ႐ုတ္ႏိုင္ငံေတာင္ပိုင္း Zunyi ၿမိဳ႕ေပၚမွာရွိတဲ့ တံတားက်ဥ္းက်ဥ္းေလးေပၚကို ေမာင္းထြက္လာတ့ဲအခ်ိန္မွာပဲ မထင္မွတ္ထားတဲ့ ယာဥ္မေတာ္ဆမႈတစ္ခုနဲ႕ ႀကံဳႀကိဳက္ခ့ဲရျခင္းျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္မွ ကံဆိုးလိုက္တဲ့သူလဲေနာ္။

သတင္းဌာနတစ္ခုက Mr. Zhang ရဲ႕ အေသးစိတ္ျဖစ္ရပ္ကို ေမးျမန္းလာတဲ့အခ်ိန္မွာေတာ့ Mr. Zhang က “ကၽြန္ေတာ္က လမ္းက်ဥ္းက်ဥ္းေလးအတိုင္း ကားေမာင္းလာရင္း ဖုန္းကိုလွမ္းယူၿပီး စာဖတ္မယ္လုပ္ေနတုန္း တံတားက်ဥ္းက်ဥ္းေလးေပၚေရာက္လာပါတယ္။ ကၽြန္ေတာ္အေရွ႕ကိုၾကည့္လိုက္ေတာ့ ဒီတံတားက်ဥ္းက်ဥ္းေပၚမွာ လမ္းေလွ်ာက္ေနသူေတြကိုျမင္ေတာ့ သူတို႔ကိုတိုက္မိမွာေၾကာက္သြားၿပီး ေရွာင္တိမ္းဖို႔ ဘယ္ဘက္ကိုေကြ႕လိုက္ရာကေန အရွိန္မထိန္းႏိုင္ဘဲ ေရထဲကိုတစ္ဟုန္ထိုး က်သြားတာပဲျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

Mr.Zhang က “ကံေကာင္းခ်င္ေတာ့ ကားကေရေပၚမွာ ေပါေလာေမ်ာေနတုန္း ကားတံခါးကိုကန္ၿပီး  ေရႏွစ္ေနတဲ့ ကားထဲကေန ထြက္ႏိုင္ခဲ့ပါတယ္ . . . “လို႔ ထပ္ေလာင္း ေျပာျပခဲ့ပါတယ္။ ေဒသခံေတြကလည္း Mr.Zhang ကို ကူညီကယ္ဆယ္ေပးခဲ့တာေၾကာင့္ Mr.Zhang တစ္ေယာက္ အသက္ေဘးအႏၲရာယ္ကေန လြတ္ေျမာက္ခဲ့ကာ ရဲေတြေရာက္ရွိလာတဲ့အခ်ိန္မွာေတာ့ သူ႕ရဲ႕ကားကိုလည္း ကရိန္းနဲ႔ ဆယ္ယူႏိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။

Mr.Zhang က အဆိုပါယာဥ္မေတာ္တဆမႈအတြက္ အျပစ္ေပးခံရလားဆိုတာ အတိအက်မသိရေသးေပမယ့္ သူ႕ရဲ႕ယာဥ္မေတာ္တဆက်ဴးလြန္မိခဲ့တဲ့ ျဖစ္ရပ္ကို အဆိုပါတံတားနားမွာရွိတဲ့ လံုျခံဳေရးမွတ္တမ္းတင္ကင္မရာက မွတ္တမ္းတင္ဖမ္းယူမိခဲ့ၿပီး လူမႈကြန္ရက္အသံုးျပဳသူအမ်ားအျပားက ၄င္းတို႕ရဲ႕ အေကာင့္ေတြမွာ မွ်ေဝျပသခဲ့တာနဲ႔တင္ လံုေလာက္တဲ့ ျပစ္ဒဏ္ေပးခံရႏိုင္ပါတယ္။

<Zawgyi Version>

 

#soshwefunny

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

လောကနိယာမအတွက် အံဝင်ခွင်ကျမဖြစ်တဲ့ အရပ်ရှည်သူတွေရဲ့ဒုက္ခ။

အရပ်ရှည်တဲ့သူတွေ နေ့စဉ် ကြုံတွေ့ရလေ့ရှိတဲ့ ဒုက္ခတွေကို စဉ်းစားကြည့်ပါ။ ဘယ်နေရာသွားသွား သူများတွေထက် အရပ်ပိုရှည်နေတာကြောင့် လူအများက ငေးကြည့်တာကို ခံရမယ်။ အခန်းတစ်ခန်းထဲ ဝင်သွားတဲ့အခါမှာလည်း အခန်းတံခါးထက် အရပ်ကရှည်နေတာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro