ပီဇာတစ်ခုပြုလုပ်တော့မယ်ဆိုရင် ပထမအရေးကြီးဆုံးက ဂျုံသားဖြစ်ပြီး ပီဇာတစ်ချပ်မှာ မပါမဖြစ်တဲ့ အနှစ်သာရကို ခံစားစေရဖို့အတွက်် ဒုတိယအရေးကြီးဆုံး ပါဝင်ပစ္စည်းကတော့ ချိစ်ပဲဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ Lyon မြို့မှာရှိတဲ့ Deliss’ Pizza ဆိုတဲ့ ပီဇာသီးသန့်ရောင်းတဲ့ဆိုင်ရဲ့ မန်နေဂျာဖြစ်သူ Benedict Bruel ဆိုသူက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သူ့ရဲ့ပီဇာဆိုင်ကနေ ရောင်းတဲ့ပီဇာတွေကို ချိစ်အမျိုးပေါင်း ၂၅၇ မျိုး အသုံးပြုပြီး ပြုလုပ်ထားကြောင်း သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ တစ်ဆင့်ပြောပြခဲ့ပါတယ်။ ဒါဟာ ပီဇာပြုလုပ်ရာမှာ အသုံးပြုတဲ့ချိစ်နဲ့ ပတ်သက်ပြီး စံချိန်အသစ်ချိုးလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ သြစတေးလျနိုင်ငံ Melbourne မြို့အခြေစိုက် Johnny Di Francesco ပီဇာဆိုင်က ပီဇာပြုလုပ်ရာမှာ ချိစ်အမျိုးစားပေါင်း ၁၅၄ မျိုးကို အသုံးပြုခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံအခြေစိုက် Deliss’ Pizza ဆိုင်မှ ပီဇာပြုလုပ်ရာမှာ ချိစ်အမျိုးစားပေါင်း ၂၅ရမျိုးဖြင့် ထည့်သွင်းပြုလုပ်ပြီး Johnny Di Francesco ရဲ့စံချိန်ကို အနိုင်ပိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ချိစ်နဲ့ပတ်သက်လာပြီးဆိုရင် ဘယ်နိုင်ငံကမှ ပြင်သစ်နိုင်ငံကို မယှဉ်နိုင်ပါဘူး။ ပြင်သစ်နိုင်ငံရဲ့ ချိစ်စျေးကွက်မှာ အရည်အသွေးကောင်းပြီး အမျိုးအစားစုံလင်တဲ့ ချိစ်အမျိုးအမည်တွေကို တွေ့ရှိနိုင်ပါတယ်။ ချိစ်နဲ့ပတ်သက်ပြီး နာမည်အကြီးဆုံးဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာ ကြီးပြင်းလာတဲ့ Deliss’ Pizza ဆိုင်ရဲ့ မန်နေဂျာဖြစ်သူ Benedict ဟာဆိုရင် အခြားနိုင်ငံတွေမှာရှိတဲ့ ပီဇာဆိုင်တွေအသုံးပြုနေတဲ့ ချိစ်အရေအတွက်ထက်ကို ပိုများတဲ့ချိစ်ကို သူ့ရဲ့ပီဇာဆိုင်ကပြုလုပ်တဲ့ ပီဇာတွေထဲမှာ ထည့်သွင်းပြုလုပ်ချင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။
ဒါကြောင့်လည်း Benedict ဟာ သြစတေးလျနိုင်ငံအခြေစိုက် Johnny Di Francesco ပီဇာဆိုင်က ပီဇာပြုလုပ်ရာမှာ အသုံးပြုထားတဲ့ ချိစ်အမျိုးအစားပေါင်း ၁၅၄မျိုးထက်ပိုတဲ့ အခြားချိစ်အမျိုးစားပေါင်း ၁၀၀ ကျော်အသုံးပြုကာ စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။
Benedict က “ပီဇာတစ်ချပ်ဟာ ၃၀ စင်တီမီတာရှိပြီး ချိစ်က ၂ ဂရမ် (သို့) ၄ ဂရမ်အထိပါဝင်နိုင်ပါတယ်။ ချိစ်အလျှံအပယ်နဲ့ ပြုလုပ်ထားတဲ့ အရသာရှိတဲ့ ပီဇာတစ်ချပ်ကို ပြုလုပ်နိုင်ဖို့အတွက် အချိန် ၂ နာရီကျော် ကြာပါတယ်။” လို့ LADbible သတင်းဌာနနဲ့ ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။
ပီဇာစားသုံးသူအများစုဟာ ပီဇာတစ်ချပ်ရဲ့ အနှစ်သာရက ချိစ်ဆိုတာကို သိကြပါတယ်။ ဒါကြောင့်လည်း Soshwe စာဖတ်ပရိသတ်ကြီးထဲမှာ တစ်သက်မှာတစ်ခါလောက် ချိစ်အမျိုးပေါင်း ၂၅၇ မျိုးနဲ့ ပြုလုပ်ထားတဲ့ ပီဇာတစ်ချပ်ကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ပြင်သစ်နိုင်ငံ Lyon မြို့မှာရှိတဲ့ Deliss’ Pizza ဆိုင်မှာ သွားရောက်မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။
<Unicode Version>
စံခ်ိန္အသစ္ခ်ိဳးလိုက္တ့ဲ ျပင္သစ္ႏိုင္ငံမွ ပီဇာ။
ပီဇာတစ္ခုျပဳလုပ္ေတာ့မယ္ဆိုရင္ ပထမအေရးႀကီးဆံုးက ဂ်ံဳသားျဖစ္ၿပီး ပီဇာတစ္ခ်ပ္မွာ မပါမျဖစ္တဲ့ အႏွစ္သာရကို ခံစားေစရဖို႔အတြက္္ ဒုတိယအေရးႀကီးဆံုး ပါဝင္ပစၥည္းကေတာ့ ခ်ိစ္ပဲျဖစ္ပါတယ္။
ျပင္သစ္ႏိုင္ငံ Lyon ၿမိဳ႕မွာရွိတဲ့ Deliss’ Pizza ဆိုတဲ့ ပီဇာသီးသန္႔ေရာင္းတဲ့ဆိုင္ရဲ႕ မန္ေနဂ်ာျဖစ္သူ Benedict Bruel ဆိုသူက ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ သူ႔ရဲ႕ပီဇာဆိုင္ကေန ေရာင္းတဲ့ပီဇာေတြကို ခ်ိစ္အမ်ိဳးေပါင္း ၂၅၇ မ်ိဳး အသံုးျပဳၿပီး ျပဳလုပ္ထားေၾကာင္း သူ႔ရဲ႕အင္စတာဂရမ္အေကာင့္ကေန တစ္ဆင့္ေျပာျပခဲ့ပါတယ္။ ဒါဟာ ပီဇာျပဳလုပ္ရာမွာ အသံုးျပဳတဲ့ခ်ိစ္နဲ႔ ပတ္သက္ၿပီး စံခ်ိန္အသစ္ခ်ိဳးလိုက္ႏိုင္ျခင္းပဲ ျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ ၾသစေတးလ်ႏိုင္ငံ Melbourne ၿမိဳ႕အေျခစိုက္ Johnny Di Francesco ပီဇာဆိုင္က ပီဇာျပဳလုပ္ရာမွာ ခ်ိစ္အမ်ိဳးစားေပါင္း ၁၅၄ မ်ိဳးကို အသံုးျပဳခဲ့ၿပီး စံခ်ိန္ခ်ိဳးႏိုင္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာေတာ့ ျပင္သစ္ႏိုင္ငံအေျခစိုက္ Deliss’ Pizza ဆိုင္မွ ပီဇာျပဳလုပ္ရာမွာ ခ်ိစ္အမ်ိဳးစားေပါင္း ၂၅၇မ်ိဳးျဖင့္ ထည့္သြင္းျပဳလုပ္ၿပီး Johnny Di Francesco ရဲ႕စံခ်ိန္ကို အႏိုင္ပိုင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
ခ်ိစ္နဲ႔ပတ္သက္လာၿပီးဆိုရင္ ဘယ္ႏိုင္ငံကမွ ျပင္သစ္ႏိုင္ငံကို မယွဥ္ႏိုင္ပါဘူး။ ျပင္သစ္ႏိုင္ငံရဲ႕ ခ်ိစ္ေစ်းကြက္မွာ အရည္အေသြးေကာင္းၿပီး အမ်ိဳးအစားစံုလင္တဲ့ ခ်ိစ္အမ်ိဳးအမည္ေတြကို ေတြ႕ရွိႏိုင္ပါတယ္။ ခ်ိစ္နဲ႔ပတ္သက္ၿပီး နာမည္အႀကီးဆံုးျဖစ္တဲ့ ျပင္သစ္ႏိုင္ငံမွာ ႀကီးျပင္းလာတ့ဲ Deliss’ Pizza ဆိုင္ရဲ႕ မန္ေနဂ်ာျဖစ္သူ Benedict ဟာဆိုရင္ အျခားႏိုင္ငံေတြမွာရွိတဲ့ ပီဇာဆိုင္ေတြအသံုးျပဳေနတဲ့ ခ်ိစ္အေရအတြက္ထက္ကို ပိုမ်ားတဲ့ခ်ိစ္ကို သူ႔ရဲ႕ပီဇာဆိုင္ကျပဳလုပ္တဲ့ ပီဇာေတြထဲမွာ ထည့္သြင္းျပဳလုပ္ခ်င္ခဲ့တဲ့ သူတစ္ဦးျဖစ္ပါတယ္။
ဒါေၾကာင့္လည္း Benedict ဟာ ၾသစေတးလ်ႏိုင္ငံအေျခစိုက္ Johnny Di Francesco ပီဇာဆိုင္က ပီဇာျပဳလုပ္ရာမွာ အသံုးျပဳထားတဲ့ ခ်ိစ္အမ်ိဳးအစားေပါင္း ၁၅၄မ်ိဳးထက္ပိုတ့ဲ အျခားခ်ိစ္အမ်ိဳးစားေပါင္း ၁၀၀ ေက်ာ္အသုံးျပဳကာ စံခ်ိန္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။
Benedict က “ပီဇာတစ္ခ်ပ္ဟာ ၃၀ စင္တီမီတာရွိၿပီး ခ်ိစ္က ၂ ဂရမ္ (သို႔) ၄ ဂရမ္အထိပါဝင္ႏိုင္ပါတယ္။ ခ်ိစ္အလွ်ံအပယ္နဲ႔ ျပဳလုပ္ထားတဲ့ အရသာရွိတဲ့ ပီဇာတစ္ခ်ပ္ကို ျပဳလုပ္ႏိုင္ဖို႔အတြက္ အခ်ိန္ ၂ နာရီေက်ာ္ ၾကာပါတယ္။” လို႔ LADbible သတင္းဌာနနဲ႔ ျပဳလုပ္တဲ့အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။
ပီဇာစားသံုးသူအမ်ားစုဟာ ပီဇာတစ္ခ်ပ္ရဲ႕ အႏွစ္သာရက ခ်ိစ္ဆိုတာကို သိၾကပါတယ္။ ဒါေၾကာင့္လည္း Soshwe စာဖတ္ပရိသတ္ႀကီးထဲမွာ တစ္သက္မွာတစ္ခါေလာက္ ခ်ိစ္အမ်ိဳးေပါင္း ၂၅၇ မ်ိဳးနဲ႔ ျပဳလုပ္ထားတဲ့ ပီဇာတစ္ခ်ပ္ကို ျမည္းစမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ျပင္သစ္ႏိုင္ငံ Lyon ၿမိဳ႕မွာရွိတဲ့ Deliss’ Pizza ဆိုင္မွာ သြားေရာက္ျမည္းစမ္းၾကည့္ဖို႔ အၾကံျပဳခ်င္ပါတယ္။
<Zawgyi Version>
Source ~ Ladbible
#SY(Soshwe)
#soshwefood
#soshweforyourdailylife
#likeandshare