Breaking News

သမိုင်းအသစ်တွင်ခဲ့တဲ့ SpaceX ရဲ့ အာကာသယာဉ်တင်လွှတ်မှု။

SpaceX နဲ့ NASA တို့ ပူးပေါင်းတီထွင်တည်ဆောက်ထားတဲ့ သမိုင်းဝင်အာကာသယာဉ်ကို လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့  ညနေ ၄ နာရီ ၁၇ မိနစ်မှာ တင်လွှတ်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ဗုဒ္ဓဟူးနေ့   မနက်ခင်းပိုင်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် အာကာသယာဉ်လွှတ်တင်ဖို့ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အာကာသယာဉ်ပျံသန်းမယ့် လေကြောင်းလိုင်းတစ်လျှောက်မှာ မိုးသည်းထန်စွာရွာသွန်းနေခဲ့ပါတယ်။ မွန်းလွှဲပိုင်းအချိန်ရောက်လာတဲ့အခါမှာတော့ ရာသီဥတုအခြေအနေက ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ လျှပ်စီးတွေလက်ပြီး မိုးခြိမ်းတာမိုးကြိုးပစ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဖလော်ရီဒါမှာ လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေရှိခဲ့တာကြောင့် SpaceX အနေနဲ့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေဟာ အာကာသယာဉ်တင်လွှတ်မှုကို အဟန့်အတားဖြစ်လာစေမလားဆိုပြီး  စိုးရိမ်ပူပန်ခဲ့ပေမယ့် လူသိရှင်ကြားကြေငြာထားပြီးသားဖြစ်တဲ့ အာကာသယာဉ်တင်လွှတ်မှု အချိန်ကိုတော့  မပြောင်းရွှေ့ခဲ့ပါဘူး။

NASA က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မမျှော်လင့်ထားတဲ့ ရာသီဥတုအခြေအနေကြောင့် အာကာသယာဉ်တင်လွှတ်မယ့်အချိန်ကို စနေ (သို့) တနင်္ဂနွေနေ့ကို  ပြောင်းရွှေ့ဖို့မျှော်မှန်းထားခဲ့တာမို့ စနေနေ့ ညနေ ၃ နာရီ ၂၂ မိနစ်မှာ အာကာသယာဉ်ကို လွှတ်တင်မယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါအာကာသယာဉ်ကို ဦးဆောင်မောင်းနှင်သွားမယ့် အာကာသယာဉ်မှူးတွေကတော့ NASA က အာကာသယာဉ်မှူးတွေဖြစ်တဲ့ Robert Behnken နဲ့ Douglas Hurley တို့ဖြစ်တယ်လို့ သိရပါတယ်။

အာကာသယာဉ်ကို လွှတ်တင်လိုက်တဲ့အချိန်မှာ မတော်တဆမှုများကြုံတွေ့လာရမယ်ဆိုရင်တော့ SpaceX အာကာသယာဉ်မှူးအဖွဲ့က အာကာသယာဉ်မှာ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးတွေကို  ဘေးကင်းစွာနဲ့  ကမ္ဘာမြေပေါ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်ဖို့အတွက် လိုအပ်သည်များကို ပြင်ဆင်ထားတယ်လို့လည်း  သိရပါတယ်။

အရှေ့ကမ်းရိုးတန်းဒေသတစ်လျှောက် ပျံသန်းသွားတဲ့ အာကာသဒုံးပျံယာဉ်တွေရဲ့  လေကြောင်းပျံသန်းလမ်းကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတဲ့ တပ်မတော်အဖွဲ့ 45th Space Wing က NASA နဲ့ SpaceX တို့ကို မသင်္ကာဖွယ်ရာ စိုးရိမ်ဖွယ်ရာ ရာသီဥတုအခြေအနေကို တွေ့ရှိရပါက  သတင်းပေးပြောပြသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ ကျွမ်းကျင်အာကာသယာဉ်မှူးတွေပါဝင်တဲ့ SpaceX ရဲ့ Crew Dragon အာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းနားမှာရှိတဲ့ ကြီးမားတဲ့ဂြိုလ်တုပတ်လမ်းအတွက် အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ COVID-19 ရောဂါကို အံ့တုပြီး သွားရောက်ဖို့အတွက် စီစဉ်နေကြောင်းကိုလည်း NASA က သတင်းပေးမျှဝေခဲ့ပါတယ်။

အာကာသဌာနမှ ထိပ်တန်းအရာရှိ Jim Bridestine က ကပ်ရောဂါဆိုးကြီးကို အစွမ်းကုန် တိုက်ထုတ်နေရတဲ့ အခုလိုစိတ်မချမ်းမြေ့စရာအချိန်မှာ အာကာသယာဉ်မှူးများနဲ့ အာကာသစခန်းဌာနမှ ဝန်ထမ်းများရဲ့  အလုပ်ကြိုးစားမှုဟာ အရာထင်လာမယ်လို့ မျှော်လင့်ကြောင်းဆိုခဲ့ပါတယ်။

 

အာကာသယာဉ်လွှတ်တင်မှုအခမ်းအနားကို တက်ရောက်ဖို့အတွက် ဘယ်သတင်းဌာနကိုမှ မဖိတ်ခေါ်ခဲ့ဘဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာလည်း တင်းကြပ်တဲ့စည်းကမ်းများကို ထားရှိခဲ့တယ်လို့ သိရပါတယ်။

<Unicode Version>

 

 

သမိုင္းအသစ္တြင္ခ့ဲတ့ဲ SpaceX ရဲ႕ အာကာသယာဥ္တင္လႊတ္မႈ။

SpaceX နဲ႔ NASA တို႔ ပူးေပါင္းတီထြင္တည္ေဆာက္ထားတဲ့ သမိုင္းဝင္အာကာသယာဥ္ကို လြန္ခဲ့တဲ့ ဗုဒၶဟူးေန႔  ညေန ၄ နာရီ ၁၇ မိနစ္မွာ တင္လႊတ္ဖို႔ ျပင္ဆင္ထားခဲ့ပါတယ္။ ဒါေပမယ့္ ႐ုတ္တရက္ႀကီး ဗုဒၶဟူးေန႔   မနက္ခင္းပိုင္းမွာ ဆိုးရြားတဲ့ရာသီဥတုအေျခအေနေၾကာင့္ အာကာသယာဥ္လႊတ္တင္ဖို႔ကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။

အာကာသယာဥ္ပ်ံသန္းမယ့္ ေလေၾကာင္းလိုင္းတစ္ေလွ်ာက္မွာ မိုးသည္းထန္စြာရြာသြန္းေနခဲ့ပါတယ္။ မြန္းလႊဲပိုင္းအခ်ိန္ေရာက္လာတဲ့အခါမွာေတာ့ ရာသီဥတုအေျခအေနက ပိုၿပီးဆိုးရြားလာခဲ့ပါတယ္။ လွ်ပ္စီးေတြလက္ၿပီး မိုးၿခိမ္းတာမိုးႀကိဳးပစ္တာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

ဖေလာ္ရီဒါမွာ လြန္ခဲ့တဲ့ရက္ေတြအတြင္းမွာ မိုးသည္းထန္စြာရြာသြန္းမႈေတြရွိခဲ့တာေၾကာင့္ SpaceX အေနနဲ႔ ဆိုးရြားတဲ့ရာသီဥတုအေျခအေနဟာ အာကာသယာဥ္တင္လႊတ္မႈကို အဟန္႔အတားျဖစ္လာေစမလားဆိုၿပီး  စိုးရိမ္ပူပန္ခဲ့ေပမယ့္ လူသိရွင္ၾကားေၾကျငာထားၿပီးသားျဖစ္တဲ့ အာကာသယာဥ္တင္လႊတ္မႈ အခ်ိန္ကိုေတာ့  မေျပာင္းေရႊ႕ခဲ့ပါဘူး။

NASA က ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာ မေမွ်ာ္လင့္ထားတဲ့ ရာသီဥတုအေျခအေနေၾကာင့္ အာကာသယာဥ္တင္လႊတ္မယ့္အခ်ိန္ကို စေန (သို႔) တနဂၤေႏြေန႔ကို  ေျပာင္းေရႊ႕ဖို႔ေမွ်ာ္မွန္းထားခဲ့တာမို႔ စေနေန႔ ညေန ၃ နာရီ ၂၂ မိနစ္မွာ အာကာသယာဥ္ကို လႊတ္တင္မယ္လို႔ ေၾကညာခဲ့ပါတယ္။

အဆိုပါအာကာသယာဥ္ကို ဦးေဆာင္ေမာင္းႏွင္သြားမယ့္ အာကာသယာဥ္မွဴးေတြကေတာ့ NASA က အာကာသယာဥ္မႉးေတြျဖစ္တဲ့ Robert Behnken နဲ႔ Douglas Hurley တို႔ျဖစ္တယ္လို႔ သိရပါတယ္။

အာကာသယာဥ္ကို လႊတ္တင္လိုက္တဲ့အခ်ိန္မွာ မေတာ္တဆမႈမ်ားၾကံဳေတြ႕လာရမယ္ဆိုရင္ေတာ့ SpaceX အာကာသယာဥ္မွဴးအဖြဲ႕က အာကာသယာဥ္မွာ လိုက္ပါသြားတဲ့ အာကာသယာဥ္မွဴးေတြကို  ေဘးကင္းစြာနဲ႔  ကမာၻေျမေပၚကို ျပန္လည္ေခၚေဆာင္လာႏိုင္ဖို႔အတြက္ လိုအပ္သည္မ်ားကို ျပင္ဆင္ထားတယ္လို႔လည္း  သိရပါတယ္။

အေရွ႕ကမ္း႐ိုးတန္းေဒသတစ္ေလွ်ာက္ ပ်ံသန္းသြားတဲ့ အာကာသဒံုးပ်ံယာဥ္ေတြရဲ႕  ေလေၾကာင္းပ်ံသန္းလမ္းကို စဥ္ဆက္မျပတ္ေစာင့္ၾကည့္ေနတဲ့ တပ္မေတာ္အဖြဲ႕ 45th Space Wing က NASA နဲ႔ SpaceX တို႔ကို မသကၤာဖြယ္ရာ စိုးရိမ္ဖြယ္ရာ ရာသီဥတုအေျခအေနကို ေတြ႕ရွိရပါက  သတင္းေပးေျပာျပသြားမယ္လို႔လည္း ဆိုခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွ ကၽြမ္းက်င္အာကာသယာဥ္မွဴးေတြပါဝင္တဲ့ SpaceX ရဲ႕ Crew Dragon အာကာသယာဥ္ဟာ ႏိုင္ငံတကာ အာကာသယာဥ္စခန္းနားမွာရွိတဲ့ ႀကီးမားတဲ့ၿဂိဳလ္တုပတ္လမ္းအတြက္ အေရးႀကီးတဲ့တာဝန္ကို ထမ္းေဆာင္ႏိုင္ဖို႔ COVID-19 ေရာဂါကို အံ့တုၿပီး သြားေရာက္ဖို႔အတြက္ စီစဥ္ေနေၾကာင္းကိုလည္း NASA က သတင္းေပးမွ်ေဝခဲ့ပါတယ္။

အာကာသဌာနမွ ထိပ္တန္းအရာရွိ Jim Bridestine က ကပ္ေရာဂါဆိုးႀကီးကို အစြမ္းကုန္ တိုက္ထုတ္ေနရတဲ့ အခုလိုစိတ္မခ်မ္းေျမ႕စရာအခ်ိန္မွာ အာကာသယာဥ္မွဴးမ်ားနဲ႔ အာကာသစခန္းဌာနမွ ဝန္ထမ္းမ်ားရဲ႕  အလုပ္ႀကိဳးစားမႈဟာ အရာထင္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆိုခဲ့ပါတယ္။

 

အာကာသယာဥ္လႊတ္တင္မႈအခမ္းအနားကို တက္ေရာက္ဖို႔အတြက္ ဘယ္သတင္းဌာနကိုမွ မဖိတ္ေခၚခဲ့ဘဲ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာလည္း တင္းၾကပ္တဲ့စည္းကမ္းမ်ားကို ထားရွိခဲ့တယ္လို႔ သိရပါတယ္။

<Zawgyi Version>

 

Source ~ CNN

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အမေရိကန်တွေကို ပြစ်တင်ပြောဆိုလိုက်တဲ့ အီလွန်မတ်စ်

Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်ပါတယ်။ “အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro