HomeTechDonald Trump ရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ Facebook နဲ့ Twitter

Donald Trump ရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ Facebook နဲ့ Twitter

- Advertisement -

အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က ကမ္ဘာတစ်ဝှမ်း အသုံးပြုသူအများဆုံးသော  လူမှုကွန်ရက်ကုမ္ပဏီတွေဖြစ်တဲ့ Twitter နဲ့ Facebook ကုမ္ပဏီတို့အနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကို  ရောက်ရှိလာတဲ့ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို  မှန်/မမှန်စစ်ဆေးပြီးမှသာ  လူမှုကွန်ရက်စာမျက်နှာပေါ်ကို တင်ပေးသင့်ကြောင်း သတိပေးပြောဆိုလာခဲ့ပါတယ်။ အကယ်၍များသာ  မမှန်ကန်တဲ့သတင်းအချက်အလက်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆက်လက်ပေါ်ပေါက်နေခဲ့ပြီး  အစိုးရအဖွဲ့အပေါ် လူထုက မယုံမကြည်ဖြစ်လာခဲ့မယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြင်းထန်စွာ ထိန်းသိမ်းမှုမျိုးတွေ ပြုလုပ်သွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ သမ္မတကြီးက  ခြိမ်းခြောက်တာပေါ့။

အစိုးရအဖွဲ့ဘက်ကနေ တွေးပေးမယ်ဆိုရင်တော့ အစိုးရအဖွဲ့ကပြည်သူလူထုကို ကူညီရာရောက်စေမယ့်  လှုပ်ရှားမှုမျိုးတွေကို ကြိုးစားပြုလုပ်ပေးနေချိန်မှာ မမှန်ကန်တဲ့သတင်းတွေကြောင့်  ပြည်သူလူထုအနေနဲ့ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုမရှိတော့တဲ့အခါမျိုးမှာ လုပ်ရကိုင်ရခက်သွားတာပေါ့။  လူမှုကွန်ရက်ကုမ္ပဏီဘက်ကနေ  တွေးပေးရမယ်ဆိုရင်တော့ လူမှုကွန်ရက်အသုံးပြုသူပမာဏက အလွန်များပြီး မှားယွင်းတဲ့သတင်းတွေကို  လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေနှုန်းဟာလည်း အလွန်များတာကြောင့် ကုမ္ပဏီတွေကလည်း ထိန်းချုပ်ရခက်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။

- Advertisement -

ဗုဒ္ဓဟူးနေ့က Fox သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့ ဗီဒီယိုအင်တာဗျူးမှာ Facebook ကုမ္ပဏီ CEO Mark Zuckerberg က “Facebook ဟာ လူမှုကွန်ရက်ပေါ်မှာ လူတွေပြောဆိုတဲ့အရာတိုင်းကို စစ်ဆေးပြီး  အမှန်တရားဟုတ်/မဟုတ် စီရင်ပေးခွင့်မရှိပါဘူး။” လို့ ဆိုခဲ့ပြီးနောက် Twitter ကုမ္ပဏီ CEO Jack Dorsey ကလည်း “Twitter အသုံးပြုသူတွေ ရေးသားပြီးတင်ခဲ့တဲ့ သတင်းအချက်အလက်တွေ  မှန်/မမှန် စစ်ဆေးပေးခြင်းဖြင့် ကုမ္ပဏီဟာ အမှန်တရားစီရင်ခွင့်ရှိသူ မဖြစ်လာပါဘူး။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

Facebook က နိုင်ငံရေးသမားတွေကို Third Party တွေရဲ့ အချက်အလက်ခိုးယူခံရခြင်းကနေ ကာကွယ်ပေးထားတယ်လို့ ဆိုခဲ့ပေမယ့်လည်း လူမှုကွန်ရက်ပေါ်မှာဖြစ်ပေါ်လာတဲ့ အလားသဏ္ဍန်တူ ကိုယ်ပိုင်အချက်အလက်တွေကို မျှဝေကူးယူဖော်ပြခြင်းခံရတဲ့အခါမျိုးမှာတော့ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။

- Advertisement -

အစိုးရစီမံအုပ်ချုပ်ရေးအဖွဲ့က လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေရတဲ့ မှားယွင်းတဲ့သတင်းတွေကို  အဆိုပါလူမှုကွန်ရက်ကုမ္ပဏီတွေက တာဝန်ရှိသူတွေက ဖျက်သင့်တာကိုဖျက်ခြင်းအားဖြင့်  မှားယွင်းတဲ့သတင်းများ လူထုထဲကို မပျံ့နှံ့သွားစေဖို့အတွက်  ထိရောက်စွာလုပ်ဆောင်သင့်ကြောင်းကိုလည်း  အာဏာပိုင်အရာရှိတွေက သတိပေးပြောဆိုထားပြီးသားဖြစ်ပါတယ်။ မကြာသေးခင်က Twitter ကုမ္ပဏီရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရောက်ရှိလာတဲ့ သတင်းအချက်အလက်များကို မှန်/မမှန်စစ်ဆေးပေးတဲ့  စနစ်ကိုထည့်သွင်းပေးသွားမယ်လို့ ပြောခဲ့ခြင်းအပေါ် သမ္မတကြီးက လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကို  သေချာစီစစ်ရင်စစ်၊ မစီစစ်ရင်တော့ လူမှုကွန်ရက်တစ်ခုလုံးကို ဖျက်သိမ်းပစ်မယ်လို့ ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်အတွင်းရေးမှူး Kayleigh McEnany က အသုံးပြုသူများတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေဖြစ်တဲ့ Facebook ကုမ္ပဏီ နဲ့ Twitter ကုမ္ပဏီ နှစ်ခုကြားမှာ ထင်ရှားတဲ့ကွဲပြားချက်အချို့ကို ထောက်ပြပေးခဲ့ပါတယ်။ Fox သတင်းဌာနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Kayleigh McEnany မှ “Facebook အသုံးပြုတွေကို Mark Zuuckerberg က သူဟာအမှန်တရားတွေကို စီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောနေချိန်မှာ Twitter အသုံးပြုသူတွေ  သိထားတဲ့ Mr Dorsey ရဲ့ဆောင်ပုဒ်က သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဘာမှမသက်ဆိုင်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာလမှာ Mr Dorsey က Twitter စာမျက်နှာပေါ်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့  ကြော်ငြာတွေကို မဖော်ပြပေးတော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ Mr Dorsey ရဲ့ ကြေငြာချက်ကတော့ Mark Zuckerberg ရဲ့ Facebook စာမျက်နှာပေါ်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေကို မဖော်ပြပေးတော့ဘူးလို့ လူသိရှင်ကြားကြေငြာခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

<Zawgyi Version>

 

Source ~ CNN

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

Donald Trump ရဲ႕ ၿခိမ္းေျခာက္မႈကိုခံေနရတ့ဲ Facebook နဲ႔ Twitter

အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က ကမာၻတစ္ဝွမ္း အသံုးျပဳသူအမ်ားဆံုးေသာ  လူမႈကြန္ရက္ကုမၸဏီေတြျဖစ္တဲ့ Twitter နဲ႔ Facebook ကုမၸဏီတို႕အေနနဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚကို  ေရာက္ရွိလာတဲ့ ႏိုင္ငံေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို  မွန္/မမွန္စစ္ေဆးၿပီးမွသာ  လူမႈကြန္ရက္စာမ်က္ႏွာေပၚကို တင္ေပးသင့္ေၾကာင္း သတိေပးေျပာဆိုလာခဲ့ပါတယ္။ အကယ္၍မ်ားသာ  မမွန္ကန္တဲ့သတင္းအခ်က္အလက္ေတြဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ဆက္လက္ေပၚေပါက္ေနခဲ့ၿပီး  အစိုးရအဖြဲ႕အေပၚ လူထုက မယံုမၾကည္ျဖစ္လာခဲ့မယ္ဆိုရင္ အစိုးရအဖြဲ႔အေနနဲ႔ ျပင္းထန္စြာ ထိန္းသိမ္းမႈမ်ိဳးေတြ ျပဳလုပ္သြားမယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ဆိုရင္ေတာ့ သမၼတႀကီးက  ၿခိမ္းေျခာက္တာေပါ့။

အစိုးရအဖြဲ႔ဘက္ကေန ေတြးေပးမယ္ဆိုရင္ေတာ့ အစိုးရအဖြဲ႕ကျပည္သူလူထုကို ကူညီရာေရာက္ေစမယ့္  လႈပ္ရွားမႈမ်ိဳးေတြကို ႀကိဳးစားျပဳလုပ္ေပးေနခ်ိန္မွာ မမွန္ကန္တဲ့သတင္းေတြေၾကာင့္  ျပည္သူလူထုအေနနဲ႕ အစိုးရအဖြဲ႕အေပၚ ယံုၾကည္မႈမရွိေတာ့တဲ့အခါမ်ိဳးမွာ လုပ္ရကိုင္ရခက္သြားတာေပါ့။  လူမႈကြန္ရက္ကုမၸဏီဘက္ကေန  ေတြးေပးရမယ္ဆိုရင္ေတာ့ လူမႈကြန္ရက္အသံုးျပဳသူပမာဏက အလြန္မ်ားၿပီး မွားယြင္းတဲ့သတင္းေတြကို  လူမႈကြန္ရက္ေပၚမွာ ေရးသားမွ်ေဝႏႈန္းဟာလည္း အလြန္မ်ားတာေၾကာင့္ ကုမၸဏီေတြကလည္း ထိန္းခ်ဳပ္ရခက္ေနတာမ်ိဳးေတြ ရွိေနႏိုင္ပါတယ္။

ဗုဒၶဟူးေန႔က Fox သတင္းဌာနနဲ႔ျပဳလုပ္ခဲ့တဲ့ ဗီဒီယိုအင္တာဗ်ဴးမွာ Facebook ကုမၸဏီ CEO Mark Zuckerberg က “Facebook ဟာ လူမႈကြန္ရက္ေပၚမွာ လူေတြေျပာဆိုတဲ့အရာတိုင္းကို စစ္ေဆးၿပီး  အမွန္တရားဟုတ္/မဟုတ္ စီရင္ေပးခြင့္မရွိပါဘူး။” လို႔ ဆိုခဲ့ၿပီးေနာက္ Twitter ကုမၸဏီ CEO Jack Dorsey ကလည္း “Twitter အသံုးျပဳသူေတြ ေရးသားၿပီးတင္ခဲ့တဲ့ သတင္းအခ်က္အလက္ေတြ  မွန္/မမွန္ စစ္ေဆးေပးျခင္းျဖင့္ ကုမၸဏီဟာ အမွန္တရားစီရင္ခြင့္ရွိသူ မျဖစ္လာပါဘူး။” လို႔ ဆိုခဲ့ပါတယ္။

Facebook က ႏိုင္ငံေရးသမားေတြကို Third Party ေတြရဲ႕ အခ်က္အလက္ခိုးယူခံရျခင္းကေန ကာကြယ္ေပးထားတယ္လို႔ ဆိုခဲ့ေပမယ့္လည္း လူမႈကြန္ရက္ေပၚမွာျဖစ္ေပၚလာတဲ့ အလားသ႑န္တူ ကိုယ္ပိုင္အခ်က္အလက္ေတြကို မွ်ေဝကူးယူေဖာ္ျပျခင္းခံရတဲ့အခါမ်ိဳးမွာေတာ့ တာဝန္ယူ လုပ္ေဆာင္ေပးခဲ့ျခင္းမ်ိဳး မရွိခဲ့ပါဘူး။

အစိုးရစီမံအုပ္ခ်ဳပ္ေရးအဖြဲ႔က လူမႈကြန္ရက္ေပၚမွာ ျမင္ေတြ႕ေနရတဲ့ မွားယြင္းတဲ့သတင္းေတြကို  အဆိုပါလူမႈကြန္ရက္ကုမၸဏီေတြက တာဝန္ရွိသူေတြက ဖ်က္သင့္တာကိုဖ်က္ျခင္းအားျဖင့္  မွားယြင္းတဲ့သတင္းမ်ား လူထုထဲကို မပ်ံ႕ႏွံ႔သြားေစဖို႔အတြက္  ထိေရာက္စြာလုပ္ေဆာင္သင့္ေၾကာင္းကိုလည္း  အာဏာပိုင္အရာရွိေတြက သတိေပးေျပာဆိုထားၿပီးသားျဖစ္ပါတယ္။ မၾကာေသးခင္က Twitter ကုမၸဏီရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရာက္ရွိလာတဲ့ သတင္းအခ်က္အလက္မ်ားကို မွန္/မမွန္စစ္ေဆးေပးတဲ့  စနစ္ကိုထည့္သြင္းေပးသြားမယ္လို႔ ေျပာခဲ့ျခင္းအေပၚ သမၼတႀကီးက လူမႈကြန္ရက္ေပၚက သတင္းအမွားေတြကို  ေသခ်ာစီစစ္ရင္စစ္၊ မစီစစ္ရင္ေတာ့ လူမႈကြန္ရက္တစ္ခုလံုးကို ဖ်က္သိမ္းပစ္မယ္လို႔ ဆိုခဲ့ပါတယ္။

အိမ္ျဖဴေတာ္အတြင္းေရးမွဴး Kayleigh McEnany က အသံုးျပဳသူမ်ားတဲ့ လူမႈကြန္ရက္ကုမၸဏီေတြျဖစ္တဲ့ Facebook ကုမၸဏီ နဲ႔ Twitter ကုမၸဏီ ႏွစ္ခုၾကားမွာ ထင္ရွားတဲ့ကြဲျပားခ်က္အခ်ိဳ႕ကို ေထာက္ျပေပးခဲ့ပါတယ္။ Fox သတင္းဌာနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ Kayleigh McEnany မွ “Facebook အသံုးျပဳေတြကို Mark Zuuckerberg က သူဟာအမွန္တရားေတြကို စီရင္ပိုင္ခြင့္မရွိဘူးလို႔ ေျပာေနခ်ိန္မွာ Twitter အသံုးျပဳသူေတြ  သိထားတဲ့ Mr Dorsey ရဲ႕ေဆာင္ပုဒ္က သူ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ ဘာမွမသက္ဆိုင္ေနတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

လြန္ခဲ့တဲ့ေအာက္တိုဘာလမွာ Mr Dorsey က Twitter စာမ်က္ႏွာေပၚမွာ ႏိုင္ငံေရးနဲ႔သက္ဆိုင္တ့ဲ  ေၾကာ္ျငာေတြကို မေဖာ္ျပေပးေတာ့ဘူးလို႔ ေၾကျငာခဲ့ပါတယ္။ Mr Dorsey ရဲ႕ ေၾကျငာခ်က္ကေတာ့ Mark Zuckerberg ရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့ ေၾကာ္ျငာေတြကို မေဖာ္ျပေပးေတာ့ဘူးလို႔ လူသိရွင္ၾကားေၾကျငာခဲ့ၿပီးေနာက္မွာ ေပၚေပါက္လာတာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ CNN

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read