Uber ကုမ္ပဏီက Jump လုပ်ငန်းကို Lime ကုမ္ပဏီသို့ ရောင်းချပစ်ခဲ့ပြီးနောက် စွန့်ပစ်ပစ္စည်းများကို ဖျက်ဆီးတဲ့စက်ရုံတစ်ခုကို Uber တံဆိပ်ကပ်ထားတဲ့ ထောင်ပေါင်းများစွာသော စက်ဘီးအနီရောင်တွေ ရောက်ရှိလာတာကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပလူပျံခဲ့ပြီး အဆိုပါမြင်ကွင်းဟာ စက်ဘီးစီးရတာကို နှစ်သက်သူတွေကို ဒေါသပုံထစေခဲ့ပါတယ်။
BBC သတင်းဌာနကို Uber ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗြိတိသျှနိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ Jump လုပ်ငန်းကို Uber ကုမ္ပဏီကပဲ ဆက်လက်စီမံခန့်ခွဲနေမှာဖြစ်တယ်လို့ ကြေငြာပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း Uber ကုမ္ပဏီက မော်တော်ယာဉ်တွေထက် လျှပ်စစ်စက်ဘီးတွေနဲ့ စကူတာတွေကို အများဆုံးအသုံးပြုရတဲ့ စီးပွားရေးကို ပိုမိုတိုးချဲ့လိုတယ်လို့ ဆိုခဲ့ဖူးပေမယ့် ၂၀၂၀ ခုနှစ် မေလတုန်းကတော့ Uber ကုမ္ပဏီရဲ့စီးပွားခွဲတစ်ခုဖြစ်တဲ့ Jump စီးပွားရေးကို Lime ကုမ္ပဏီက လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
Heard the decision may lie with @limebike instead of @JUMPbyUber. Maybe someone has a contact that can see value in a better outcome? Keep the message going! #CreateChange #SenselessWaste #BikesForKids 👧👦 pic.twitter.com/TeMIpQ1hi3
— Cris Moffitt (@CrisMoffitt) May 27, 2020
ဒါ့အပြင် Uber ကုမ္ပဏီ နဲ့ Lime ကုမ္ပဏီကြားက စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေထဲက အရေးပါဆုံးသော အပေးအယူတစ်ခုကတော့ Uber ကုမ္ပဏီက အသုံးပြုခဲ့တဲ့ ဒေါ်လာ ၁၇၀ သန်းတန်ဖိုးရှိတဲ့ ထောင်ပေါင်းများစွာသော စက်ဘီးတွေကို Uber ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုအဖြစ် Lime ကုမ္ပဏီသိို့ ပေးအပ်ခဲ့ပြီး တွဲဖက်မူပိုင်ခွင့်ကို ရယူခဲ့ကြောင်း သိရှိရပါတယ်။
Lime ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမှုး Wayne Ting က Uber ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ စက်ဘီးဒီဇိုင်းကို ကြိုက်နှစ်သက်ပြီး အနာဂါတ်မှာလည်း အဆိုပါစက်ဘီးတွေကို ထိရောက်စွာအသုံးချသွားမည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့လည်း Lime ကုမ္ပဏီက ၄င်းတို့ရဲ့စီးပွားရေးလည်ပတ်မှုမှာ အသုံးမပြုလိုတဲ့ ထောင်ပေါင်းများစွာသော ပုံစံဟောင်းစက်ဘီးများစွာ ကျန်ရှိနေပါသေးတယ်။ Uber ကုမ္ပဏီကလည်း ကယ်ရိုလီးနားပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သုံးပြီးသားပစ္စည်းများကို ဖြိုခွဲဖျက်ဆီးပြီးနောက် ရရှိလာတဲ့ ဒြပ်ဝတ္ထုဖြင့် ပစ္စည်းအသစ်တွေကို တစ်ဖန်ပြုလုပ်သည့် စက်ရုံတစ်ခုသို့ အဆိုပါစက်ဘီးဟောင်းများကို ပို့ဆောင်ခဲ့တဲ့ မှတ်တမ်းတင်ဗီဒီယိုတစ်ခုဟာ Twitter မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါဗီဒီယိုဟာ ချို့တဲ့သူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေကို စိတ်ပျက်စေခဲ့ပြီး Uber ကုမ္ပဏီအနေနဲ့ အသုံးမလိုတော့တဲ့စက်ဘီးတွေကို မဖျက်ဆီးပစ်ဘဲ စက်ဘီးလိုအပ်နေသူတွေကို လှူလိုက်သင့်ကြောင်း အဆိုပါအဖွဲ့အစည်းဝင်တွေက ဝေဖန်အကြံပြုခဲ့ကြပါတယ်။ အဆိုပါဝေဖန်အကြံပြုမှုကို Uber ကုမ္ပဏီက “ပုံစံဟောင်းစက်ဘီးတွေကို ကျွန်တော်တို့အနေနဲ့ လိုအပ်နေတဲ့သူတွေကို လှူဒါန်းဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် စက်ဘီးကိုအသုံးပြုသူတွေဟာ စက်ဘီးမောင်းနှင်နိုင်ဖို့အတွက် လျှပ်စစ်အားသွင်းတာမျိုးတွေနဲ့ ဘေးအန္တရာယ်ကင်းစွာ စီးနိုင်ဖို့အတွက် ထိန်းသိမ်းပြုပြင်မှုတွေကို လွယ်ကူစွာမပြုလုပ်နိုင်မှာကို ထည့်သွင်းစဉ်းစားပေးပြီး မလှူဒါန်းဖြစ်တော့ဘဲ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”လို့ တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ်။
<Unicode Version>
ေထာင္ေပါင္းမ်ားစြာေသာ စက္ဘီးေတြနဲ႔ စကူတာေတြကို ဖ်က္ဆီးပစ္ခ့ဲတ့ဲ နည္းပညာကုမၸဏီးႀကီးတစ္ခု။
Uber ကုမၸဏီက Jump လုပ္ငန္းကို Lime ကုမၸဏီသို႕ ေရာင္းခ်ပစ္ခဲ့ၿပီးေနာက္ စြန္႔ပစ္ပစၥည္းမ်ားကို ဖ်က္ဆီးတဲ့စက္႐ံုတစ္ခုကို Uber တံဆိပ္ကပ္ထားတဲ့ ေထာင္ေပါင္းမ်ားစြာေသာ စက္ဘီးအနီေရာင္ေတြ ေရာက္ရွိလာတာကို မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗီဒီယိုဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ပလူပ်ံခဲ့ၿပီး အဆိုပါျမင္ကြင္းဟာ စက္ဘီးစီးရတာကို ႏွစ္သက္သူေတြကို ေဒါသပံုထေစခဲ့ပါတယ္။
BBC သတင္းဌာနကို Uber ကုမၸဏီမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ၿဗိတိသွ်ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာရွိတဲ့ Jump လုပ္ငန္းကို Uber ကုမၸဏီကပဲ ဆက္လက္စီမံခန္႔ခြဲေနမွာျဖစ္တယ္လို႔ ေၾကျငာေျပာဆိုခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းကလည္း Uber ကုမၸဏီက ေမာ္ေတာ္ယာဥ္ေတြထက္ လွ်ပ္စစ္စက္ဘီးေတြနဲ႔ စကူတာေတြကို အမ်ားဆံုးအသံုးျပဳရတဲ့ စီးပြားေရးကို ပိုမိုတိုးခ်ဲ႕လိုတယ္လို႔ ဆိုခဲ့ဖူးေပမယ့္ ၂၀၂၀ ခုႏွစ္ ေမလတုန္းကေတာ့ Uber ကုမၸဏီရဲ႕စီးပြားခြဲတစ္ခုျဖစ္တဲ့ Jump စီးပြားေရးကို Lime ကုမၸဏီက လႊဲေျပာင္းယူလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။
Heard the decision may lie with @limebike instead of @JUMPbyUber. Maybe someone has a contact that can see value in a better outcome? Keep the message going! #CreateChange #SenselessWaste #BikesForKids 👧👦 pic.twitter.com/TeMIpQ1hi3
— Cris Moffitt (@CrisMoffitt) May 27, 2020
ဒါ့အျပင္ Uber ကုမၸဏီ နဲ႔ Lime ကုမၸဏီၾကားက စီးပြားေရးဆိုင္ရာ သေဘာတူညီခ်က္ေတြထဲက အေရးပါဆံုးေသာ အေပးအယူတစ္ခုကေတာ့ Uber ကုမၸဏီက အသံုးျပဳခဲ့တဲ့ ေဒၚလာ ၁၇၀ သန္းတန္ဖိုးရွိတဲ့ ေထာင္ေပါင္းမ်ားစြာေသာ စက္ဘီးေတြကို Uber ကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ Lime ကုမၸဏီသိို႕ ေပးအပ္ခဲ့ၿပီး တြဲဖက္မူပိုင္ခြင့္ကို ရယူခဲ့ေၾကာင္း သိရွိရပါတယ္။
Lime ကုမၸဏီရဲ႕ စီမံခန္႔ခြဲေရးမႈး Wayne Ting က Uber ကုမၸဏီက ထုတ္လုပ္ထားတဲ့ စက္ဘီးဒီဇိုင္းကို ႀကိဳက္ႏွစ္သက္ၿပီး အနာဂါတ္မွာလည္း အဆိုပါစက္ဘီးေတြကို ထိေရာက္စြာအသံုးခ်သြားမည္ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါေပမဲ့လည္း Lime ကုမၸဏီက ၄င္းတို႕ရဲ႕စီးပြားေရးလည္ပတ္မႈမွာ အသံုးမျပဳလိုတဲ့ ေထာင္ေပါင္းမ်ားစြာေသာ ပံုစံေဟာင္းစက္ဘီးမ်ားစြာ က်န္ရွိေနပါေသးတယ္။ Uber ကုမၸဏီကလည္း ကယ္႐ိုလီးနားျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ သံုးၿပီးသားပစၥည္းမ်ားကို ၿဖိဳခြဲဖ်က္ဆီးၿပီးေနာက္ ရရွိလာတဲ့ ျဒပ္ဝတၳဳျဖင့္ ပစၥည္းအသစ္ေတြကို တစ္ဖန္ျပဳလုပ္သည့္ စက္႐ံုတစ္ခုသို႕ အဆိုပါစက္ဘီးေဟာင္းမ်ားကို ပို႔ေဆာင္ခဲ့တဲ့ မွတ္တမ္းတင္ဗီဒီယိုတစ္ခုဟာ Twitter မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
အဆိုပါဗီဒီယိုဟာ ခ်ိဳ႕တဲ့သူေတြကို ကူညီေပးတဲ့ အဖြဲ႔အစည္းေတြကို စိတ္ပ်က္ေစခဲ့ၿပီး Uber ကုမၸဏီအေနနဲ႔ အသံုးမလိုေတာ့တဲ့စက္ဘီးေတြကို မဖ်က္ဆီးပစ္ဘဲ စက္ဘီးလိုအပ္ေနသူေတြကို လွဴလိုက္သင့္ေၾကာင္း အဆိုပါအဖြဲ႔အစည္းဝင္ေတြက ေဝဖန္အၾကံျပဳခဲ့ၾကပါတယ္။ အဆိုပါေဝဖန္အၾကံျပဳမႈကို Uber ကုမၸဏီက “ပံုစံေဟာင္းစက္ဘီးေတြကို ကၽြန္ေတာ္တို႕အေနနဲ႕ လိုအပ္ေနတဲ့သူေတြကို လွဴဒါန္းဖို႔စဥ္းစားခဲ့ပါတယ္။ ဒါေပမယ့္ စက္ဘီးကိုအသံုးျပဳသူေတြဟာ စက္ဘီးေမာင္းႏွင္ႏိုင္ဖို႔အတြက္ လွ်ပ္စစ္အားသြင္းတာမ်ိဳးေတြနဲ႔ ေဘးအႏၲရာယ္ကင္းစြာ စီးႏိုင္ဖို႔အတြက္ ထိန္းသိမ္းျပဳျပင္မႈေတြကို လြယ္ကူစြာမျပဳလုပ္ႏိုင္မွာကို ထည့္သြင္းစဥ္းစားေပးၿပီး မလွဴဒါန္းျဖစ္ေတာ့ဘဲ ဖ်က္ဆီးပစ္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။”လို႔ တံု႔ျပန္ေျဖၾကားေပးခဲ့ပါတယ္။
<Zawgyi Version>
#soshwetech
#soshweforyourdailylife
#liikeandshare