HomeTechဝန်ထမ်းတွေရဲ့လစာကိုလျော့ချမယ်လို့ဆိုလာတဲ့ လူမှုကွန်ယက်ကုမ္ပဏီကြီးတစ်ခု။

ဝန်ထမ်းတွေရဲ့လစာကိုလျော့ချမယ်လို့ဆိုလာတဲ့ လူမှုကွန်ယက်ကုမ္ပဏီကြီးတစ်ခု။

- Advertisement -

ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူများပြားတဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Facebook ကုမ္ပဏီ CEO Mark Zuckerberg က လွန်ခဲ့တဲ့ကြာသပတေးနေ့မှာ COVID-19 ကြောင့် ကိုယ့်ရဲ့နေရပ်ကိုပြန်ပြီး အိမ်ကနေပဲ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေကို လစာနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကြေငြာချက်မှာတော့ Mark က ငွေကုန်ကြေးကျသက်သာတဲ့ ဒေသမှာနေထိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ လစာကိုအနည်းငယ်လျှော့ချမယ်လို့ ဆိုလာပါတယ်။ Twitter ကုမ္ပဏီ CEO Jack Dorsey က “ကုမ္ပဏီဝန်ထမ်းတွေကို အချိန်အကန့်အသတ်မရှိ နေအိမ်ကနေ အလုပ်လုပ်ခွင့်ပြုလိုက်ပြီ” လို့ ကြေငြာပြီးတဲ့နောက်မှာပဲ Mark ကလည်း ဝန်ထမ်းလုပ်အားခဆိုင်ရာ ကြေငြာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လုပ်ငန်းယန္တရားကြီးတစ်ခုလုံးကို ဆက်လက်လည်ပတ်နေအောင် ပြုလုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံးသောအင်အားက ဝန်ထမ်းတွေရဲ့အရည်အချင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုကို ပုံမှန်လည်ပတ်စေနေဖို့အတွက် ပြောင်းလဲဖို့လိုအပ်တဲ့ လူ့စွမ်းအားအရင်းမြစ်ဆိုင်ရာ အပြောင်းအလဲတစ်ခုကို ဘယ်သူမှမနစ်နာစေရအောင် Mark က အကောင်းဆုံးစဉ်းစားပြီး ဆုံးဖြတ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။

- Advertisement -

ကုမ္ပဏီကဝန်ထမ်းများနဲ့ ပြုလုပ်တဲ့ ဗီဒီယိုဆက်သွယ်မှုစကားဝိုင်းမှာ Mark က ဝန်ထမ်းတွေအနေနဲ့ သူတို့နေထိုင်ရာအရပ်ကို အမှန်တိုင်းမပြောပြခဲ့ဘူးဆိုရင် ပြင်းထန်တဲ့ပြစ်ဒဏ်ကို ခံစားရမယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။

- Advertisement -

https://www.facebook.com/zuck/posts/10111936543502931

- Advertisement -

လွန်ခဲ့တဲ့ကြာသပတေးနေ့မှာ Mark က ကုမ္ပဏီကဝန်ထမ်းတွေအပြင် အခြားသောအပြင်ဘက်ကလူများပါ သိရှိထားရအောင် Facebook ပေါ်မှာ အသိပေးစာရေးသားခဲ့ပါတယ်။ အဆိုပါအရေးအသားထဲမှာတော့ ကပ်ရောဂါဆိုးကြီးက ဒီကမ္ဘာမြေပေါ်ကနေ မပျောက်မကွယ်ဘဲ ဆက်လက်တည်ရှိနေခဲ့မယ်ဆိုရင်တော့  နောက်ထပ် ၁၀ စုနှစ်တစ်ခုအတွင်းမှာ Facebook ကုမ္ပဏီရဲ့ အနာဂါတ်လုပ်ငန်းခွင်အခြေအနေဟာ အရင်ကနဲ့မတူတော့ဘဲ အနည်းငယ်ပြောင်းလဲသွားနိုင်ကြောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ များများစားစားမရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်နေရတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို သူတို့ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ရာထူးတွေကို ခန့်အပ်ပေးသွားမှာဖြစ်တယ်လို့ အသိပေးကြေငြာထားပါတယ်။

ထပ်ပြီးတော့ Mark က “လုပ်ငန်းကိုဘယ်လိုမျိုး အကျိုးရှိအောင် လည်ပတ်ရမလဲ?” ဆိုတဲ့ မေးခွန်းမျိုးအတွက် အဖြေမရှိသေးဘူးဆိုပေမယ့် ကောင်းမွန်ပြီးစနစ်ကျတဲ့ လုပ်ငန်းခွင်လည်ပတ်မှုမျိုးကို ပြုလုပ်နိုင်ဖို့အတွက် ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းများအားလုံးက အတူတကွကြိုးစားရမည်ဖြစ်ကြောင်း အားပေးစကားဆိုခဲ့ပါတယ်။

Mark က အခုလက်ရှိမှာ အသုံးပြုနေရတဲ့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာအခြေအနေပေါ်မှာ မူတည်ပြီး ကုမ္ပဏီကဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို စစ်တမ်းကောက်ယူခဲ့ပြီးတဲ့နောက်မှာတော့ ၄၀ %  သောဝန်ထမ်းတွေက အိမ်ကနေအလုပ်လုပ်ရတာကိုနှစ်သက်ပြီး ၅၀% သောဝန်ထမ်းတွေကတော့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ အလုပ်လုပ်ရတဲ့အချိန်မျိုးကို ပြန်လိုချင်နေပြီဖြစ်ကြောင်း မျှဝေပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဝန်ထမ်းတွေထဲက ၇၅% က တခြားသောနေရာတစ်ခုမှာ  ပြောင်းရွှေ့နေထိုင်လိုကြပြီး ၃၈% ကသာ မြို့ပြမှာပြောင်းရွှေ့နေထိုင်လိုကြပါတယ်။

ဒါပေမယ့်လည်း အိမ်ကနေအလုပ်လုပ်ရတာကလည်း ထင်သလောက်လွယ်ကူမနေဘူးဆိုတာကို သိထားတဲ့ Mark က လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြိုင်အဆိုင် တာဝန်တွေကို ပြီးမြောက်အောင်  ဆောင်ရွက်တာဟာ ပိုပြီးအောင်မြင်နိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

<Unicode Version>

 

 

 

ဝန္ထမ္းေတြရဲ႕လစာကိုေလ်ာ့ခ်မယ္လို႔ဆိုလာတဲ့ လူမႈကြန္ယက္ကုမၸဏီႀကီးတစ္ခု။

ကမာၻတစ္ဝွမ္းမွာ အသံုးျပဳသူမ်ားျပားတဲ့ လူမႈကြန္ရက္ျဖစ္တဲ့ Facebook ကုမၸဏီ CEO Mark Zuckerberg က လြန္ခဲ့တဲ့ၾကာသပေတးေန႔မွာ COVID-19 ေၾကာင့္ ကိုယ့္ရဲ႕ေနရပ္ကိုျပန္ၿပီး အိမ္ကေနပဲ ကုမၸဏီအတြက္ အလုပ္လုပ္ေပးေနတဲ့ ဝန္ထမ္းေတြကို လစာနဲ႔ပတ္သက္ၿပီး အေရးႀကီးတဲ့ေၾကျငာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ အဆိုပါေၾကျငာခ်က္မွာေတာ့ Mark က ေငြကုန္ေၾကးက်သက္သာတဲ့ ေဒသမွာေနထိုင္ေနတဲ့ ဝန္ထမ္းေတြရဲ႕ လစာကိုအနည္းငယ္ေလွ်ာ့ခ်မယ္လို႔ ဆိုလာပါတယ္။ Twitter ကုမၸဏီ CEO Jack Dorsey က “ကုမၸဏီဝန္ထမ္းေတြကို အခ်ိန္အကန္႔အသတ္မရွိ ေနအိမ္ကေန အလုပ္လုပ္ခြင့္ျပဳလိုက္ၿပီ” လို႔ ေၾကျငာၿပီးတဲ့ေနာက္မွာပဲ Mark ကလည္း ဝန္ထမ္းလုပ္အားခဆိုင္ရာ ေၾကျငာခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လုပ္ငန္းယႏၲရားႀကီးတစ္ခုလံုးကို ဆက္လက္လည္ပတ္ေနေအာင္ ျပဳလုပ္ႏိုင္ဖို႔အတြက္ အေရးအႀကီးဆံုးေသာအင္အားက ဝန္ထမ္းေတြရဲ႕အရည္အခ်င္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဖြဲ႔အစည္းတစ္ခုကို ပံုမွန္လည္ပတ္ေစေနဖို႔အတြက္ ေျပာင္းလဲဖို႔လိုအပ္တဲ့ လူ႔စြမ္းအားအရင္းျမစ္ဆိုင္ရာ အေျပာင္းအလဲတစ္ခုကို ဘယ္သူမွမနစ္နာေစရေအာင္ Mark က အေကာင္းဆံုးစဥ္းစားၿပီး ဆံုးျဖတ္ခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။

ကုမၸဏီကဝန္ထမ္းမ်ားနဲ႔ ျပဳလုပ္တဲ့ ဗီဒီယိုဆက္သြယ္မႈစကားဝိုင္းမွာ Mark က ဝန္ထမ္းေတြအေနနဲ႔ သူတို႔ေနထိုင္ရာအရပ္ကို အမွန္တိုင္းမေျပာျပခဲ့ဘူးဆိုရင္ ျပင္းထန္တဲ့ျပစ္ဒဏ္ကို ခံစားရမယ္လို႔လည္း အသိေပးေျပာၾကားခဲ့ပါတယ္။

https://www.facebook.com/zuck/posts/10111936543502931

လြန္ခဲ့တဲ့ၾကာသပေတးေန႔မွာ Mark က ကုမၸဏီကဝန္ထမ္းေတြအျပင္ အျခားေသာအျပင္ဘက္ကလူမ်ားပါ သိရွိထားရေအာင္ Facebook ေပၚမွာ အသိေပးစာေရးသားခဲ့ပါတယ္။ အဆိုပါအေရးအသားထဲမွာေတာ့ ကပ္ေရာဂါဆိုးႀကီးက ဒီကမာၻေျမေပၚကေန မေပ်ာက္မကြယ္ဘဲ ဆက္လက္တည္ရွိေနခဲ့မယ္ဆိုရင္ေတာ့  ေနာက္ထပ္ ၁၀ စုႏွစ္တစ္ခုအတြင္းမွာ Facebook ကုမၸဏီရဲ႕ အနာဂါတ္လုပ္ငန္းခြင္အေျခအေနဟာ အရင္ကနဲ႔မတူေတာ့ဘဲ အနည္းငယ္ေျပာင္းလဲသြားႏိုင္ေၾကာင္းနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြ မ်ားမ်ားစားစားမရွိတဲ့ ေဝးလံေခါင္သီတဲ့ေဒသေတြမွာ ေနထိုင္ေနရတဲ့ ကုမၸဏီဝန္ထမ္းေတြကို သူတို႔ရဲ႕ အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ ရာထူးေတြကို ခန္႔အပ္ေပးသြားမွာျဖစ္တယ္လို႔ အသိေပးေၾကျငာထားပါတယ္။

ထပ္ၿပီးေတာ့ Mark က “လုပ္ငန္းကိုဘယ္လိုမ်ိဳး အက်ိဳးရွိေအာင္ လည္ပတ္ရမလဲ?” ဆိုတဲ့ ေမးခြန္းမ်ိဳးအတြက္ အေျဖမရွိေသးဘူးဆိုေပမယ့္ ေကာင္းမြန္ၿပီးစနစ္က်တဲ့ လုပ္ငန္းခြင္လည္ပတ္မႈမ်ိဳးကို ျပဳလုပ္ႏိုင္ဖို႔အတြက္ ကုမၸဏီမွာရွိတဲ့ ဝန္ထမ္းမ်ားအားလံုးက အတူတကြႀကိဳးစားရမည္ျဖစ္ေၾကာင္း အားေပးစကားဆိုခဲ့ပါတယ္။

Mark က အခုလက္ရွိမွာ အသံုးျပဳေနရတဲ့ လုပ္ငန္းခြင္ပိုင္းဆိုင္ရာအေျခအေနေပၚမွာ မူတည္ၿပီး ကုမၸဏီကဝန္ထမ္းေတြရဲ႕ ခံစားခ်က္ေတြကို စစ္တမ္းေကာက္ယူခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ၄၀ %  ေသာဝန္ထမ္းေတြက အိမ္ကေနအလုပ္လုပ္ရတာကိုႏွစ္သက္ၿပီး ၅၀% ေသာဝန္ထမ္းေတြကေတာ့ လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူတူ အလုပ္လုပ္ရတဲ့အခ်ိန္မ်ိဳးကို ျပန္လိုခ်င္ေနၿပီျဖစ္ေၾကာင္း မွ်ေဝေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ကုမၸဏီဝန္ထမ္းေတြထဲက ၇၅% က တျခားေသာေနရာတစ္ခုမွာ  ေျပာင္းေရႊ႕ေနထိုင္လိုၾကၿပီး ၃၈% ကသာ ၿမိဳ႕ျပမွာေျပာင္းေရႊ႕ေနထိုင္လိုၾကပါတယ္။

ဒါေပမယ့္လည္း အိမ္ကေနအလုပ္လုပ္ရတာကလည္း ထင္သေလာက္လြယ္ကူမေနဘူးဆိုတာကို သိထားတဲ့ Mark က လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အၿပိဳင္အဆိုင္ တာဝန္ေတြကို ၿပီးေျမာက္ေအာင္  ေဆာင္ရြက္တာဟာ ပိုၿပီးေအာင္ျမင္ႏိုင္ဖြယ္ရွိေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ PEOPLE

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read