Breaking News

Stay-At-Home ကာလမှာ ဝယ်လိုအားမြင့်တက်လာတဲ့ အိမ်ခြံမြေစျေးကွက်။

COVID-19ကြောင့် အိမ်အတွင်းမှာပဲနေရပြီး စီးပွားရေးယန္တရားကြီး ပုံမှန်လည်ပတ်နေစေဖို့အတွက်   အင်တာနက်ကနေတဆင့် လုပ်ငန်းခွင်တာဝန်တွေကို ပြီးမြောက်အောင်ဆောင်ရွက်လာနိုင်တာဟာ အဆိုးထဲကအကောင်းတစ်ရပ်ဖြစ်ပါတယ်။ COVID-19 ကြောင့် မဖြစ်မနေပြောင်းလဲလိုက်ရတဲ့  လုပ်ငန်းခွင်အခြေအနေအသစ်တစ်ရပ်ကတော့ ပြီးပြည့်စုံပြီးအဆင့်မြင့်တယ်လို့ လူတွေမှတ်ယူထားတဲ့ ခေတ်သစ်စီးပွားရေးစနစ်ကြီးရဲ့ မြောက်များစွာသောဟာကွက်တွေကို ထောက်ပြနိုင်ခဲ့ပါတယ်။

အခုချိန်မှာအားလုံးက ကိုယ်နေထိုင်ရာ နေအိမ်ဟာ ခိုလှုံစရာအရိပ်တစ်ခုထက်ကို ပိုလာပါတယ်။  အိမ်မှာနေရင်း အလုပ်လုပ်လာနိုင်တယ်။ လိုအပ်တဲ့စားသောက်ကုန်တွေကို Amazon  ကနေတဆင့် ဝယ်လိုက်တာနဲ့ Shipt ပစ္စည်းပို့ဝန်ဆောင်မှုက အိမ်အရောက်လာပို့သွားတယ်။ ကလေးတွေကို  မော်တော်ယာဉ်တွေသုံးပြီး ကျောင်းလိုက်ပို့စရာမလိုတော့ဘဲ ရုပ်မြင်သံကြားဆက်သွယ်မှုကွန်ရက်ဖြစ်တဲ့ Zoom ကနေတဆင့် ကျောင်းမှာသင်ကြားပေးတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်အောင်  ပြုလုပ်ပေးနိုင်လာပြီဖြစ်ပါတယ်။

သွားလာရလွယ်ကူပြီး လိုအပ်တဲ့အရာတွေကို အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ လူစည်ကားရာမြို့ပြမှာ  နေထိုင်ရတာကြာလာလေ မွန်းကြပ်လာလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး အဆင့်မြင့်တဲ့ မြို့ပြတိုက်ခန်းတွေမှာ နေထိုင်ရတာကြာလာတဲ့အခါမှာ လူမထူထပ်ဘဲ သဘာဝတရားနဲ့အနီးကပ်  နေထိုင်ခွင့်ရနိုင်မယ့် ကျေးလက်ဒေသတွေမှာ ပြောင်းရွှေ့နေထိုင်လိုလာကြပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တွေ အခုတလောမှာ အိမ်ခြံမြေဝယ်ယူလိုသူတွေဆီကနေ အမေးခံရဆုံးသော  မေးခွန်းကတော့ “တည်နေရာ” ပဲ ဖြစ်တယ်လို့ သိရပါတယ်။ Redfin အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီရဲ့ CEO Glenn Kelman  က “အခုအချိန်မှာ မြို့ပြမှာတည်ရှိတဲ့ အိမ်ခြံမြေတွေထက် ကျေးလက်ဒေသမှာရှိတဲ့  အိမ်ခြံမြေတွေကို  ပိုပြီးတော့ဝယ်လိုတဲ့သူတွေ များနေပါတယ်။ ဟိုးအရင်တုန်းကလို လူတိုင်းကမြို့ပြမှာ  ပြောင်းရွှေ့နေထိုင်လိုတဲ့ အခြေအနေနဲ့ အခုအခြေအနေဟာ ပြောင်းပြန်ဖြစ်နေပါတယ်။”လို့ အိမ်ခြံမြေဝယ်လိုအား ပြောင်းလဲလာမှုကို မျှဝေပြောပြခဲ့ပါတယ်။

Wall Street သတင်းဂျာနယ်တိုက်ရဲ့ သတင်းပေးပို့ချက်အရ  နယူးယောက်ခ်မြို့တော်မှာ  ရောဂါပိုးစတင်ပျံ့နှံ့နေပြီဆိုတဲ့ သတင်းကိုကြားရတဲ့အချိန်မှာ နယူးယောက်ခ်သားတွေဟာ လူမထူထပ်တဲ့ ကျေးလက်ဒေသမှာရှိတဲ့ နွေရာသီအပန်းဖြေအိမ်တွေမှာ သွားရောက်နေထိုင်လာကြတယ်လို့  သိရပါတယ်။ အခုအချိန်မှာလည်း ကုမ္ပဏီတွေက ဝန်ထမ်းတွေဘယ်မှာနေတယ်ဆိုတာကို   သိပ်အာရုံမစိုက်တော့ဘဲ ဝန်ထမ်းတွေအနေနဲ့ အိမ်မှာနေရင်း ကိုယ့်ရဲ့တာဝန်တွေကို ပြီးမြောက်အောင်  ဆောင်ရွက်နိုင်ဖို့ကိုသာ အာရုံပိုစိုက်လာပါတယ်။

အိမ်ခြံမြေဝယ်လိုအား မြင့်တက်လာပေမယ့်လည်း အိမ်ခြံမြေကိုဝယ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့  ဝင်ငွေပမာဏကို ရှာဖွေနိုင်ဖို့က ခက်ခဲလာပါတယ်။ အမျိုးသားအိမ်ခြံမြေအကျိုးဆောင် အဖွဲ့အစည်းက COVID-19 ရောဂါ ပျံ့နှံ့မှုကြောင့် အိမ်ခြံမြေအရောင်းနှုန်းဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလနဲ့  မတ်လအတွင်းမှာ  ၈.၅%  လောက် ကျဆင်းသွားတယ်လို့ ဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇွ န်လထုတ် New York Times မဂ္ဂဇင်းမှာ  ရေးသားဖော်ပြထားတဲ့  ဆောင်းပါးတစ်ပုဒ်မှာတော့   ပြည်တွင်းအစိုးရအဖွဲ့တွေဟာ အိမ်ခြံမြေပိုင်ဆိုင်ရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် မိသားစုတစ်စုအတွက်သာ ရည်ရွယ်ထားတဲ့ အိမ်ခြံမြေ ဆောက်လုပ်မှုနှုန်းကို ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ငွေနဲ့သင့်တော်မယ့် အိမ်ခြံမြေတွေကို ဝယ်ယူနိုင်ချေနည်းမှုနဲ့ လူနေမထူထပ်တဲ့  ကျေးလက်ဒေသတွေမှာ  အိမ်ခြံမြေဝယ်ယူလိုအား မြင့်တက်လာတာကို အသေးစိတ်လေ့လာထားခြင်းက အိမ်ခြံမြေစျေးကွက်မှာ  ရင်းနှီးမြှုပ်နှံလိုသူတွေ ဝှက်ဖဲတစ်ချပ်ဖြစ်လာနိုင်ပါတယ်။

<Unicode Version>

 

 

Stay-At-Home ကာလမွာ ဝယ္လိုအားျမင့္တက္လာတဲ့ အိမ္ျခံေျမေစ်းကြက္။

COVID-19ေၾကာင့္ အိမ္အတြင္းမွာပဲေနရၿပီး စီးပြားေရးယႏၲရားႀကီး ပံုမွန္လည္ပတ္ေနေစဖို႔အတြက္   အင္တာနက္ကေနတဆင့္ လုပ္ငန္းခြင္တာဝန္ေတြကို ၿပီးေျမာက္ေအာင္ေဆာင္ရြက္လာႏိုင္တာဟာ အဆိုးထဲကအေကာင္းတစ္ရပ္ျဖစ္ပါတယ္။ COVID-19 ေၾကာင့္ မျဖစ္မေနေျပာင္းလဲလိုက္ရတဲ့  လုပ္ငန္းခြင္အေျခအေနအသစ္တစ္ရပ္ကေတာ့ ၿပီးျပည့္စံုၿပီးအဆင့္ျမင့္တယ္လို႔ လူေတြမွတ္ယူထားတဲ့ ေခတ္သစ္စီးပြားေရးစနစ္ႀကီးရဲ႕ ေျမာက္မ်ားစြာေသာဟာကြက္ေတြကို ေထာက္ျပႏိုင္ခဲ့ပါတယ္။

အခုခ်ိန္မွာအားလံုးက ကိုယ္ေနထိုင္ရာ ေနအိမ္ဟာ ခိုလႈံစရာအရိပ္တစ္ခုထက္ကို ပိုလာပါတယ္။  အိမ္မွာေနရင္း အလုပ္လုပ္လာႏိုင္တယ္။ လိုအပ္တဲ့စားေသာက္ကုန္ေတြကို Amazon  ကေနတဆင့္ ဝယ္လိုက္တာနဲ႔ Shipt ပစၥည္းပို႔ဝန္ေဆာင္မႈက အိမ္အေရာက္လာပို႔သြားတယ္။ ကေလးေတြကို  ေမာ္ေတာ္ယာဥ္ေတြသံုးၿပီး ေက်ာင္းလိုက္ပို႔စရာမလိုေတာ့ဘဲ ႐ုပ္ျမင္သံၾကားဆက္သြယ္မႈကြန္ရက္ျဖစ္တဲ့ Zoom ကေနတဆင့္ ေက်ာင္းမွာသင္ၾကားေပးတဲ့ သင္ခန္းစာေတြကို သင္ယူႏိုင္ေအာင္  ျပဳလုပ္ေပးႏိုင္လာၿပီျဖစ္ပါတယ္။

သြားလာရလြယ္ကူၿပီး လိုအပ္တဲ့အရာေတြကို အလြယ္တကူဝယ္ယူရရွိႏိုင္တဲ့ လူစည္ကားရာၿမိဳ႕ျပမွာ  ေနထိုင္ရတာၾကာလာေလ မြန္းၾကပ္လာေလ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး အဆင့္ျမင့္တဲ့ ၿမိဳ႕ျပတိုက္ခန္းေတြမွာ ေနထိုင္ရတာၾကာလာတဲ့အခါမွာ လူမထူထပ္ဘဲ သဘာဝတရားနဲ႔အနီးကပ္  ေနထိုင္ခြင့္ရႏိုင္မယ့္ ေက်းလက္ေဒသေတြမွာ ေျပာင္းေရႊ႕ေနထိုင္လိုလာၾကပါတယ္။

အိမ္ျခံေျမအက်ိဳးေဆာင္ေတြ အခုတေလာမွာ အိမ္ျခံေျမဝယ္ယူလိုသူေတြဆီကေန အေမးခံရဆံုးေသာ  ေမးခြန္းကေတာ့ “တည္ေနရာ” ပဲ ျဖစ္တယ္လို႔ သိရပါတယ္။ Redfin အိမ္ျခံေျမအက်ိဳးေဆာင္ကုမၸဏီရဲ႕ CEO Glenn Kelman  က “အခုအခ်ိန္မွာ ၿမိဳ႕ျပမွာတည္ရွိတဲ့ အိမ္ျခံေျမေတြထက္ ေက်းလက္ေဒသမွာရွိတဲ့  အိမ္ျခံေျမေတြကို  ပိုၿပီးေတာ့ဝယ္လိုတဲ့သူေတြ မ်ားေနပါတယ္။ ဟိုးအရင္တုန္းကလို လူတိုင္းကၿမိဳ႕ျပမွာ  ေျပာင္းေရႊ႕ေနထိုင္လိုတဲ့ အေျခအေနနဲ႔ အခုအေျခအေနဟာ ေျပာင္းျပန္ျဖစ္ေနပါတယ္။”လို႔ အိမ္ျခံေျမဝယ္လိုအား ေျပာင္းလဲလာမႈကို မွ်ေဝေျပာျပခဲ့ပါတယ္။

Wall Street သတင္းဂ်ာနယ္တိုက္ရဲ႕ သတင္းေပးပို႔ခ်က္အရ  နယူးေယာက္ခ္ၿမိဳ႕ေတာ္မွာ  ေရာဂါပိုးစတင္ပ်ံ႕ႏွံ႔ေနၿပီဆိုတဲ့ သတင္းကိုၾကားရတဲ့အခ်ိန္မွာ နယူးေယာက္ခ္သားေတြဟာ လူမထူထပ္တဲ့ ေက်းလက္ေဒသမွာရွိတဲ့ ေႏြရာသီအပန္းေျဖအိမ္ေတြမွာ သြားေရာက္ေနထိုင္လာၾကတယ္လို႔  သိရပါတယ္။ အခုအခ်ိန္မွာလည္း ကုမၸဏီေတြက ဝန္ထမ္းေတြဘယ္မွာေနတယ္ဆိုတာကို   သိပ္အာ႐ံုမစိုက္ေတာ့ဘဲ ဝန္ထမ္းေတြအေနနဲ႔ အိမ္မွာေနရင္း ကိုယ့္ရဲ႕တာဝန္ေတြကို ၿပီးေျမာက္ေအာင္  ေဆာင္႐ြက္ႏိုင္ဖို႔ကိုသာ အာ႐ံုပိုစိုက္လာပါတယ္။

အိမ္ျခံေျမဝယ္လိုအား ျမင့္တက္လာေပမယ့္လည္း အိမ္ျခံေျမကိုဝယ္ယူႏိုင္ဖို႔အတြက္ လိုအပ္တဲ့  ဝင္ေငြပမာဏကို ရွာေဖြႏိုင္ဖို႔က ခက္ခဲလာပါတယ္။ အမ်ိဳးသားအိမ္ျခံေျမအက်ိဳးေဆာင္ အဖြဲ႕အစည္းက COVID-19 ေရာဂါ ပ်ံ႕ႏွံ႔မႈေၾကာင့္ အိမ္ျခံေျမအေရာင္းႏႈန္းဟာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလနဲ႔  မတ္လအတြင္းမွာ  ၈.၅%  ေလာက္ က်ဆင္းသြားတယ္လို႔ ဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဇြ န္လထုတ္ New York Times မဂၢဇင္းမွာ  ေရးသားေဖာ္ျပထားတဲ့  ေဆာင္းပါးတစ္ပုဒ္မွာေတာ့   ျပည္တြင္းအစိုးရအဖြဲ႔ေတြဟာ အိမ္ျခံေျမပိုင္ဆိုင္ေရး ပဋိပကၡေတြကုိ ေျဖရွင္းေပးႏိုင္ဖို႔အတြက္ မိသားစုတစ္စုအတြက္သာ ရည္ရြယ္ထားတဲ့ အိမ္ျခံေျမ ေဆာက္လုပ္မႈႏႈန္းကို ကန္႔သတ္ခဲ့တယ္လို႔ သိရပါတယ္။

ဝင္ေငြနဲ႔သင့္ေတာ္မယ့္ အိမ္ျခံေျမေတြကို ဝယ္ယူႏိုင္ေခ်နည္းမႈနဲ႔ လူေနမထူထပ္တဲ့  ေက်းလက္ေဒသေတြမွာ  အိမ္ျခံေျမဝယ္ယူလိုအား ျမင့္တက္လာတာကို အေသးစိတ္ေလ့လာထားျခင္းက အိမ္ျခံေျမေစ်းကြက္မွာ  ရင္းႏွီးျမႇဳပ္ႏွံလိုသူေတြ ဝွက္ဖဲတစ္ခ်ပ္ျဖစ္လာႏိုင္ပါတယ္။

<Zawgyi Version>

Source ~ Forbes

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro