COVID-19 ရောဂါပျံ့ပွါးမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အိမ်အတွင်းမှာပဲနေခဲ့ရတဲ့အချိန်မျိုးမှာ ဆင်းရဲချို့တဲ့ပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
အိန္ဒိယနိုင်ငံ Ludhiana ဒေသမှာ တာဝန်ကျနေတဲ့ Punjab လူမျိုးဖြစ်တဲ့ Ajaib Singh ဆိုသူ ရဲအရာရှိတစ်ဦးဟာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ အစားအသောက်တွေ ဝယ်ယူနိုင်ဖို့အတွက် ငွေကြေးအခက်အခဲ ကြုံတွေ့နေရတဲ့ Ludhiana ဒေသခံတွေကို သူတတ်နိုင်တဲ့ ငွေကြေးပမာဏအသုံးပြုပြီး အစားအသောက်တွေ လှူဒါန်းပေးလေ့ရှိပါတယ်။
ရဲအရာရှိက အလှူအတန်းတွေပြုလုပ်တဲ့အခါမှာလည်း ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတွေရဲ့ သနားစရာဘဝကို မြင်သာအောင်ဖော်ပြထားပြီး အခြားသော ငွေကြေးချမ်းသာတဲ့သူတွေက အဆိုပါလူတန်းစားတွေရဲ့ဘဝကို စာနာပြီး အလှူအဒါန်းတွေ ပြုလုပ်လိုစိတ်ရှိလာအောင် နှိုးဆော်ထားတဲ့ ဗီဒီယိုတွေ မှတ်တမ်းတင်ရိုက်ကူးပြီး ကြည့်ရှုသူ ၈ သိန်းကျော်ရှိတဲ့ သူ့ရဲ့ TikTok အကောင့်မှာ တင်လေ့ရှိပါတယ်။
ရဲအရာရှိ Ajaib Singh တစ်ယောက် ၂၀၂၁ ခုနှစ် ၊ မတ်လမှာပြုလုပ်ခဲ့တဲ့ အလှူအတန်းအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာ မိသားစုတစ်စုမှ ပျောက်ဆုံးသွားတဲ့ မိသားစုဝင်တစ်ဦး ပါဝင်နေခဲ့ပါတယ်။ အဆိုပါဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးက သူ့သူငယ်ချင်းရဲ့ ဖခင်ဖြစ်သူ Mr Venkateshwarlu ကို တွေ့ရှိခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူကို ဆက်သွယ်ခဲ့ကာ Ludhiana ဒေသ ရဲဝန်ထမ်းတွေရဲ့ အကူအညီနဲ့ Mr Venkateshwarlu ကို ပြန်လည်ရှာတွေ့ခဲ့ပြီး သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့စေခဲ့တာပဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ Telangana ဒေသတောင်ပိုင်းက ရွာတစ်ရွာမှာနေထိုင်တဲ့ Mr Venkateshwarlu ဆိုသူဟာ တစ်ခြားရွာတစ်ရွာကို အလုပ်ကိစ္စအတွက် သွားလာနေတဲ့အချိန်မှာ လမ်းပျောက်ခဲ့ပါတယ်။ မိသားစုရှိရာအရပ်ကို ပြန်ဖို့ကြိုးစားနေတဲ့အချိန်မှာ ကပ်ရောဂါဆိုးကြီးကြောင့် တစ်နေရာကနေ နောက်တစ်နေရာကို ကူးသန်းသွားလာခွင့်မရှိတော့တာကြောင့် Mr Venkateshwarlu ဟာ မိသားစုနေထိုင်ရာရွာနဲ့ မိုင်ပေါင်း ၁ ထောင်ကျော်ဝေးတဲ့ ဒေသတစ်ခုမှာ တစ်ယောက်တည်း ရှင်သန်နေခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဘုရားသခင်က Mr Venkateshwarlu ကို မျက်နှာသာပေးတဲ့အနေနဲ့ တန်ဖိုးထားချစ်ခင်တဲ့ မိသားစုဝင်တွေရဲ့ ဆုတောင်းတွေကို လစ်လျူမရှုဘဲ ရဲအရာရှိ Ajaib Singh ကို အကြောင်းခံကာ သူ့ရဲ့မိသားစုနဲ့ ပြည်လည်ပေါင်းစည်းခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ “Miracles happens everyday” ဆိုတဲ့ စကားစုလေးအတိုင်းပဲ နေ့စဉ်နေ့တိုင်းမှာ မထင်မှတ်ထားတဲ့ ကောင်းခြင်းတွေကိုကြုံတွေ့ရနိုင်တာမို့ Soshwe စာဖတ်ပရိသတ်ကြီးကလည်း မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေကို လွယ်လွယ်နဲ့ လက်မလျှော့လိုက်ပါနဲ့နော် . . .
<Unicode Version>
မေမွ်ာ္လင့္ဘဲ ၂ ႏွစ္နီးပါး ေပ်ာက္ဆံုးေနတဲ့ဖခင္ကို Tik Tok ကေန ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တ့ဲ အိႏၵိယႏိုင္ငံသား။
COVID-19 ေရာဂါပ်ံ႕ပြါးမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အိမ္အတြင္းမွာပဲေနခ့ဲရတဲ့အခ်ိန္မ်ိဳးမွာ ဆင္းရဲခ်ိဳ႕တဲ့ၿပီး တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ အိႏၵိယႏိုင္ငံသားေတြဟာဆိုရင္ စားဝတ္ေနေရးအတြက္ အခက္အခဲေတြ ၾကံဳေတြ႕ေနရပါတယ္။
အိႏၵိယႏိုင္ငံ Ludhiana ေဒသမွာ တာဝန္က်ေနတဲ့ Punjab လူမ်ိဳးျဖစ္တဲ့ Ajaib Singh ဆိုသူ ရဲအရာရွိတစ္ဦးဟာ အသက္ရွင္ေနထိုင္ဖို႔ လိုအပ္တဲ့ အစားအေသာက္ေတြ ဝယ္ယူႏိုင္ဖို႔အတြက္ ေငြေၾကးအခက္အခဲ ၾကံဳေတြ႕ေနရတဲ့ Ludhiana ေဒသခံေတြကို သူတတ္ႏိုင္တဲ့ ေငြေၾကးပမာဏအသံုးျပဳၿပီး အစားအေသာက္ေတြ လွဴဒါန္းေပးေလ့ရွိပါတယ္။
ရဲအရာရွိက အလွဴအတန္းေတြျပဳလုပ္တဲ့အခါမွာလည္း ဆင္းရဲႏြမ္းပါးတဲ့ လူတန္းစားေတြရဲ႕ သနားစရာဘဝကို ျမင္သာေအာင္ေဖာ္ျပထားၿပီး အျခားေသာ ေငြေၾကးခ်မ္းသာတဲ့သူေတြက အဆိုပါလူတန္းစားေတြရဲ႕ဘဝကို စာနာၿပီး အလွဴအဒါန္းေတြ ျပဳလုပ္လိုစိတ္ရွိလာေအာင္ ႏႈိးေဆာ္ထားတဲ့ ဗီဒီယိုေတြ မွတ္တမ္းတင္႐ိုက္ကူးၿပီး ၾကည့္႐ႈသူ ၈ သိန္းေက်ာ္ရွိတဲ့ သူ႔ရဲ႕ TikTok အေကာင့္မွာ တင္ေလ့ရွိပါတယ္။
ရဲအရာရွိ Ajaib Singh တစ္ေယာက္ ၂၀၂၁ ခုႏွစ္ ၊ မတ္လမွာျပဳလုပ္ခဲ့တဲ့ အလွဴအတန္းအေၾကာင္းကို မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗီဒီယိုတစ္ခုမွာ မိသားစုတစ္စုမွ ေပ်ာက္ဆံုးသြားတဲ့ မိသားစုဝင္တစ္ဦး ပါဝင္ေနခဲ့ပါတယ္။ အဆိုပါဗီဒီယိုထဲမွာ အမ်ိဳးသားတစ္ဦးက သူ႕သူငယ္ခ်င္းရဲ႕ ဖခင္ျဖစ္သူ Mr Venkateshwarlu ကို ေတြ႕ရွိခဲ့ၿပီးေနာက္ သူငယ္ခ်င္းျဖစ္သူကို ဆက္သြယ္ခဲ့ကာ Ludhiana ေဒသ ရဲဝန္ထမ္းေတြရဲ႕ အကူအညီနဲ႔ Mr Venkateshwarlu ကို ျပန္လည္ရွာေတြ႕ခဲ့ၿပီး သူ႕ရဲ႕မိသားစုဝင္ေတြနဲ႔ ျပန္လည္ဆံုေတြ႕ေစခဲ့တာပဲျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံ Telangana ေဒသေတာင္ပိုင္းက ရြာတစ္ရြာမွာေနထိုင္တဲ့ Mr Venkateshwarlu ဆိုသူဟာ တစ္ျခားရြာတစ္ရြာကို အလုပ္ကိစၥအတြက္ သြားလာေနတဲ့အခ်ိန္မွာ လမ္းေပ်ာက္ခဲ့ပါတယ္။ မိသားစုရွိရာအရပ္ကို ျပန္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္မွာ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ တစ္ေနရာကေန ေနာက္တစ္ေနရာကို ကူးသန္းသြားလာခြင့္မရွိေတာ့တာေၾကာင့္ Mr Venkateshwarlu ဟာ မိသားစုေနထိုင္ရာရြာနဲ႔ မိုင္ေပါင္း ၁ ေထာင္ေက်ာ္ေဝးတဲ့ ေဒသတစ္ခုမွာ တစ္ေယာက္တည္း ရွင္သန္ေနခဲ့ရပါတယ္။
ဒါေပမယ့္လည္း ဘုရားသခင္က Mr Venkateshwarlu ကို မ်က္ႏွာသာေပးတ့ဲအေနနဲ႕ တန္ဖိုးထားခ်စ္ခင္တဲ့ မိသားစုဝင္ေတြရဲ႕ ဆုေတာင္းေတြကို လစ္လ်ဴမရႈဘဲ ရဲအရာရွိ Ajaib Singh ကို အေၾကာင္းခံကာ သူ႕ရဲ႕မိသားစုနဲ႔ ျပည္လည္ေပါင္းစည္းခြင့္ေပးခဲ့တာပဲျဖစ္ပါတယ္။ “Miracles happens everyday” ဆိုတဲ့ စကားစုေလးအတိုင္းပဲ ေန႔စဥ္ေန႔တိုင္းမွာ မထင္မွတ္ထားတဲ့ ေကာင္းျခင္းေတြကိုၾကံဳေတြ႕ရႏိုင္တာမို႔ Soshwe စာဖတ္ပရိသတ္ႀကီးကလည္း ေမွ်ာ္လင့္ခ်က္ေတြ ရည္မွန္းခ်က္ေတြကို လြယ္လြယ္နဲ႔ လက္မေလွ်ာ့လိုက္ပါနဲ႔ေနာ္ . . .
<Zawgyi Version>
#soshwelifestyle
#soshweforyourdailylife
#likeandshare