လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ SpaceX ကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဌေး Elon Musk ဟာဆိုရင် သူပိုင်ဆိုင်ထားတဲ့ သိန်းသန်းပေါင်းများစွာတန်တဲ့ တန်ဖိုးကြီးမားတဲ့အိမ်တွေကို ရောင်းချပစ်တော့မယ်လို့ သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ “ဘာကြောင့်များ အိမ်တွေကိုရောင်းချပစ်လိုက်တာလဲ?” ဆိုတဲ့ မေးခွန်းကို “လွတ်လပ်စွာရှင်သန်လိုခြင်းကြောင့်” ဖြစ်ကြောင်း ရှင်းလင်းလွယ်ကူစွာ အဖြေပေးခဲ့ပါတယ်။
Elon Musk က သူ့ရဲ့Twitter အကောင့်မှာ “အိမ်ရာများကို မပိုင်ဆိုင်တော့ခြင်း” လို့ ရေးသားပြီး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းအများစုဟာ ပြိုလဲလုနီးပါးဖြစ်နေချိန်မှာ Elon က သူပိုင်ဆိုင်ထားတဲ့ အကောင်းစားအိမ်တွေကို ရောင်းထုတ်နေပြီဆိုတဲ့ သတင်းကို ကြားသိရတဲ့သူတွေက Elon တစ်ယောက် ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရလို့များလားဆိုပြီး ဇဝေဇဝါတွေဖြစ်ခဲ့ရပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းခြေအရ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး ဘီလျံ ၃၈ သန်းကို ပိုင်ဆိုင်ထားရတဲ့ သန်းကြွယ်သူဌေးကြီးက ဘယ်လိုလုပ်ပြီးတော့ ဘဏ္ဍာရေးအကြပ်အတည်းကို ကြုံတွေ့ရမှာလဲနော်။ Elon ရဲ့ သားသမီးတွေမပြောနဲ့။ Elon ရှာထားတဲ့ငွေတွေက မြေးဆက်ပေါင်းများစွာအတွက်တောင် ဖူလုံတယ်လို့ ယူဆလို့ရပါတယ်။ Elon က ဒီအတိုင်း သူပိုင်ဆိုင်တဲ့ တန်ဖိုးကြီးအိမ်ရာတွေကို မပိုင်ဆိုင်လိုတော့တာကြောင့် ရောင်းနေတာပဲဖြစ်ပါတယ်။
ကမ္ဘာ့နာမည်အကြီးဆုံး အိမ်ခြံမြေအရောင်းဝဘ်ဆိုဒ်ဖြစ်တဲ့ Zillow မှာ Elon က “အခုရောင်းချမယ့် အိမ်ရဲ့ပိုင်ရှင်အဟောင်းက Gene Wilder ဖြစ်ပါတယ်။”ဆိုတာကို မှတ်ချက်အဖြစ်ရေးသားထားပါတယ်။ Willy Wonka အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Gene Wilder ရဲ့အိမ်ကို Elon က ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါအိမ်ရာရဲ့တန်ဖိုးကို ၉.၅ သန်းအဖြစ် သတ်မှတ်ထားပြီး အိမ်ရဲ့အတွင်းပိုင်းကို ဓာတ်ပုံများဖြင့် အသေးစိတ်မဖော်ပြထားပေမယ့် အိမ်ရဲ့အကျယ်နဲ့ အိမ်အတွင်းမှာရှိတဲ့ အခန်းအရေအတွက်ကိုတော့ ဖော်ပြထားပါတယ်။ အိမ်ရဲ့အကျယ်က ၂/၃ဧကလောက်ရှိပြီး အိမ်အတွင်းမှာလည်း ရေချိုးခန်း ၅ခန်း ၊ အိပ်ခန်း ၅ခန်း ပါဝင်တဲ့အပြင်ကို ရေကူးကန် နဲ့ ဧည့်သည်များနားခိုနိုင်ရန်အတွက် လုံးချင်းတစ်ထပ်အိမ်တစ်လုံး ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့က Bel Air အဆင့်မြင့်အိမ်ရာမှာရှိတဲ့ တန်ဖိုးကြီးအိမ်ကိုတော့ ဒေါ်လာသန်း ၃၀ နဲ့ စျေးဖြတ်ထားပါတယ်။ အဆိုပါအိမ်ထဲမှာတော့ အိပ်ခန်း ၆ ခန်း နဲ့ ရေချိုးခန်း ၁၁ ခန်း ပါဝင်ပါတယ်။ အဆိုပါအိမ်ကို ၁၉၉၀ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အကျယ်အဝန်းကတော့ ၁.၇ ဧက ကျယ်ဝန်းတယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် နှစ်ထပ်စာကြည့်တိုက် ၊ ပြဇာတ်ရုံ ၊ နှစ်ချို့ဝိုင်ထားသိုခန်း ၊ ရေကူးကန် ၊ သစ်သီးခြံ ၊ တင်းနစ်ကစားကွင်း နဲ့ ကားဂိုဒေါင် ၅ခုရှိတယ်လို့ သိရပါတယ်။
<Unicode Version>
ပိုင္ဆိုင္ထားတဲ့ တန္ဖိုးႀကီးအိမ္ေတြကိုေရာင္းခ်ပစ္ေတာ့မယ္လို႔ဆိုလာတဲ့ ကမာၻေက်ာ္ နည္းပညာရွင္သူေဌးႀကီး။
လြန္ခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ SpaceX ကုမၸဏီပိုင္ရွင္ သန္းႂကြယ္သူေဌး Elon Musk ဟာဆိုရင္ သူပိုင္ဆိုင္ထားတဲ့ သိန္းသန္းေပါင္းမ်ားစြာတန္တဲ့ တန္ဖိုးႀကီးမားတဲ့အိမ္ေတြကို ေရာင္းခ်ပစ္ေတာ့မယ္လို႔ သူ႔ရဲ႕ Twitter အေကာင့္မွာ တင္ခဲ့ပါတယ္။ “ဘာေၾကာင့္မ်ား အိမ္ေတြကိုေရာင္းခ်ပစ္လိုက္တာလဲ?” ဆိုတဲ့ ေမးခြန္းကို “လြတ္လပ္စြာရွင္သန္လိုျခင္းေၾကာင့္” ျဖစ္ေၾကာင္း ရွင္းလင္းလြယ္ကူစြာ အေျဖေပးခဲ့ပါတယ္။
Elon Musk က သူ႔ရဲ႕Twitter အေကာင့္မွာ “အိမ္ရာမ်ားကို မပိုင္ဆိုင္ေတာ့ျခင္း” လို႔ ေရးသားၿပီး တင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုဆိုေတာ့ COVID-19 ေၾကာင့္ ကမာၻတစ္ဝွမ္းက လုပ္ငန္းအမ်ားစုဟာ ၿပိဳလဲလုနီးပါးျဖစ္ေနခ်ိန္မွာ Elon က သူပိုင္ဆိုင္ထားတဲ့ အေကာင္းစားအိမ္ေတြကို ေရာင္းထုတ္ေနၿပီဆိုတဲ့ သတင္းကို ၾကားသိရတဲ့သူေတြက Elon တစ္ေယာက္ ဘ႑ာေရးအၾကပ္အတည္းနဲ႔ ၾကံဳေတြ႕ေနရလို႔မ်ားလားဆိုၿပီး ဇေဝဇဝါေတြျဖစ္ခဲ့ရပါတယ္။
Forbes မဂၢဇင္းရဲ႕ ခန္႔မွန္းေျခအရ အသားတင္ပိုင္ဆိုင္မႈတန္ဖိုး ဘီလ်ံ ၃၈ သန္းကို ပိုင္ဆိုင္ထားရတဲ့ သန္းႂကြယ္သူေဌးႀကီးက ဘယ္လိုလုပ္ၿပီးေတာ့ ဘ႑ာေရးအၾကပ္အတည္းကို ၾကံဳေတြ႕ရမွာလဲေနာ္။ Elon ရဲ႕ သားသမီးေတြမေျပာနဲ႔။ Elon ရွာထားတဲ့ေငြေတြက ေျမးဆက္ေပါင္းမ်ားစြာအတြက္ေတာင္ ဖူလံုတယ္လို႔ ယူဆလို႔ရပါတယ္။ Elon က ဒီအတိုင္း သူပိုင္ဆိုင္တဲ့ တန္ဖိုးႀကီးအိမ္ရာေတြကို မပိုင္ဆိုင္လိုေတာ့တာေၾကာင့္ ေရာင္းေနတာပဲျဖစ္ပါတယ္။
ကမာၻ႕နာမည္အႀကီးဆံုး အိမ္ျခံေျမအေရာင္းဝဘ္ဆိုဒ္ျဖစ္တဲ့ Zillow မွာ Elon က “အခုေရာင္းခ်မယ့္ အိမ္ရဲ႕ပိုင္ရွင္အေဟာင္းက Gene Wilder ျဖစ္ပါတယ္။”ဆိုတာကို မွတ္ခ်က္အျဖစ္ေရးသားထားပါတယ္။ Willy Wonka အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့မင္းသားႀကီး Gene Wilder ရဲ႕အိမ္ကို Elon က ၂၀၁၃ ခုႏွစ္ ေအာက္တိုဘာလမွာ ဝယ္ယူခဲ့တာပဲျဖစ္ပါတယ္။
အဆိုပါအိမ္ရာရဲ႕တန္ဖိုးကို ၉.၅ သန္းအျဖစ္ သတ္မွတ္ထားၿပီး အိမ္ရဲ႕အတြင္းပိုင္းကို ဓာတ္ပံုမ်ားျဖင့္ အေသးစိတ္မေဖာ္ျပထားေပမယ့္ အိမ္ရဲ႕အက်ယ္နဲ႔ အိမ္အတြင္းမွာရွိတဲ့ အခန္းအေရအတြက္ကိုေတာ့ ေဖာ္ျပထားပါတယ္။ အိမ္ရဲ႕အက်ယ္က ၂/၃ဧကေလာက္ရွိၿပီး အိမ္အတြင္းမွာလည္း ေရခ်ိဳးခန္း ၅ခန္း ၊ အိပ္ခန္း ၅ခန္း ပါဝင္တဲ့အျပင္ကို ေရကူးကန္ နဲ႔ ဧည့္သည္မ်ားနားခိုႏိုင္ရန္အတြက္ လံုးခ်င္းတစ္ထပ္အိမ္တစ္လံုး ပါဝင္ေၾကာင္း ေဖာ္ျပထားပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က Bel Air အဆင့္ျမင့္အိမ္ရာမွာရွိတဲ့ တန္ဖိုးႀကီးအိမ္ကိုေတာ့ ေဒၚလာသန္း ၃၀ နဲ႔ ေစ်းျဖတ္ထားပါတယ္။ အဆိုပါအိမ္ထဲမွာေတာ့ အိပ္ခန္း ၆ ခန္း နဲ႔ ေရခ်ိဳးခန္း ၁၁ ခန္း ပါဝင္ပါတယ္။ အဆိုပါအိမ္ကို ၁၉၉၀ ခုႏွစ္မွာတည္ေဆာက္ခဲ့တာျဖစ္ၿပီး အက်ယ္အဝန္းကေတာ့ ၁.၇ ဧက က်ယ္ဝန္းတယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ႏွစ္ထပ္စာၾကည့္တိုက္ ၊ ျပဇာတ္႐ံု ၊ ႏွစ္ခ်ိဳ႕ဝိုင္ထားသိုခန္း ၊ ေရကူးကန္ ၊ သစ္သီးျခံ ၊ တင္းနစ္ကစားကြင္း နဲ႔ ကားဂိုေဒါင္ ၅ခုရွိတယ္လို႔ သိရပါတယ္။
<Zawgyi Version>