အခုခေတ်မှာ အမျိုးသမီးတွေဟာ ရုပ်ရည်သွင်ပြင်အလှအပကို ဂရုစိုက်သလိုမျိုး သူတို့ရဲ့ ခန္ဓာကိုယ်အလှအပကိုလည်း ဂရုစိုက်လာကြပါတယ်။ အများစုသော အမျိုးသမီးတွေက အဆီပိုကင်းရှင်းပြီး ပြစ်မျိုးမှဲ့မထင် ကျန်းမာသွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့အရေး ဒို့အရေး ဖြစ်လာကြပါပြီ။ အမျိုးသမီးအနည်းစုကသာ “ပိန်မှလှတာမဟုတ် ၊ ဝမှလှတာပါ။” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပိန်ပါးသွယ်လျတဲ့ ခန္ဓာကိုယ်လေးကနေ ပြည့်ဖြိုးကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြပါတယ်။
ဒါပေမယ့်လည်း ခန္ဓာကိုယ်ကောက်ကြောင်းတွေနားမှာ ရှိနေတတ်တဲ့အဆီပိုတွေနဲ့ ပတ်သက်ပြီး ၂၁ ရာစုခေတ် အမျိုးသမီးတွေ ယုံကြည်ထားတဲ့ အလှအပဆိုင်ရာ ယုံကြည်ချက်ဟာ ၁၇ ရာစုခေတ် အမျိုးသမီးတွေက လက်ခံယုံကြည်ခဲ့ကြတဲ့ အလှအပဆိုင်ရာ ယုံကြည်ချက်တွေနဲ့ ကွာခြားနေတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။
၂၁ ရာစုခေတ် အမျိုးသမီးတစ်ယောက်ရဲ့ အလှကိုဖျက်တဲ့ အဆီပိုတွေဟာ ၁၇ ရာစုခေတ် အမျိုးသမီးတစ်ယောက်ရဲ့ အလှကိုပိုစေခဲ့တဲ့ သက်သေသာဓကတွေကိုတော့ ကြွေလွင့်သွားပြီဖြစ်တဲ့ ကမ္ဘာကျော်ပန်းချီဆရာတွေရဲ့ ပန်းချီလက်ရာတွေမှာ မြင်နိုင်ပါတယ်။ ၁၇ ရာစုတုန်းက ပန်းချီဆရာ Peter Paul Rubens က “The Three Graces” ဆိုတဲ့ အဝတ်အစားမပါဘဲ ရပ်နေတဲ့ အမျိုးသမီးသုံးဦးပုံကို ပန်းချီရေးဆွဲခဲ့ပါတယ်။ ပန်းချီကားထဲမှာပါတဲ့ အမျိုးသမီးသုံးဦးရဲ့ မျက်နှာအလှထက် ခန္ဓာကိုယ်အလှကို ကွင်းကွင်းကွက်ကွက်ရေးဆွဲထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
အဆီပိုတွေကြောင့် အလှပိုစေတယ်လို့ ၁ရရာစုခေတ်အယူအဆဟာ ၁၉ ရာစုရောက်တဲ့အချိန်မှာတော့ မှေးမှိန်လာပြီး တဖြည်းဖြည်းပျောက်ကွယ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ အီတလီနိုင်ငံရှိ Bologna တက္ကသိုလ်မှ ပါမောက္ခချုပ် Rossella Ghigi က ခန္ဓာကိုယ်မှာပေါ်ပေါက်လာတတ်တဲ့ အဆီပိုအကြောင်းကို သုတေသနပြုလုပ်ပြီး စာတမ်းရေးခဲ့ပါတယ်။ Rossella ရဲ့ လေ့လာတွေ့ရှိချက်အရ အဆီပိုတွေဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တစ်ရှူးတွေ ယောင်ယမ်းခြင်းကြောင့် ဖြစ်ပေါ်လာကြောင်းကို မျှဝေပြောပြခဲ့ပါတယ်။
Rossella ရဲ့ လေ့လာတွေ့ရှိချက်ကို ကြားသိခဲ့ရတဲ့ ၁၉ ရာစုခေတ်အမျိုးသမီးတွေဟာ မျက်နှာသွင်ပြင်အလှအပအပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ဂရုစိုက်တဲ့အနေနဲ့ ခန္ဓာကိုယ်အတွင်း အဆီပိုတွေ မဖြစ်ပေါ်စေရေးအတွက် ဂရုတစိုက်ကြိုးပမ်းလာကြတာ ၂၁ ရာစုရောက်တဲ့အချိန်ထိပါပဲ။ ၁၇ ရာစုကတည်းက အမျိုးသားတွေရဲ့ ရုပ်ရည်သွင်ပြင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အပူမပေးခဲ့တဲ့ အဆီပိုတွေကို ၂၁ ရာစုရောက်လာချိန်မှာတော့ အမျိုးသားတွေဟာ ကျန်းမာကြံ့ခိုင်ပြီး ကျစ်လစ်သန်စွမ်းတဲ့ ခန္ဓာကိုယ်ရရှိအောင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင်း ဖယ်ရှားနေကြပြီပဲဖြစ်ပါတယ်။
<Unicode Version>
အဆီပိုေတြရွိျခင္းဟာ အလွပိုေစတယ္လို႔ ယူဆခဲ့တဲ့ ေခတ္တစ္ေခတ္။
အခုေခတ္မွာ အမ်ိဳးသမီးေတြဟာ ႐ုပ္ရည္သြင္ျပင္အလွအပကို ဂ႐ုစိုက္သလိုမ်ိဳး သူတို႔ရဲ႕ ခႏၶာကိုယ္အလွအပကိုလည္း ဂ႐ုစိုက္လာၾကပါတယ္။ အမ်ားစုေသာ အမ်ိဳးသမီးေတြက အဆီပိုကင္းရွင္းၿပီး ျပစ္မ်ိဳးမွဲ႕မထင္ က်န္းမာသြယ္လ်တဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ဖို႔အေရး ဒို႔အေရး ျဖစ္လာၾကပါၿပီ။ အမ်ိဳးသမီးအနည္းစုကသာ “ပိန္မွလွတာမဟုတ္ ၊ ဝမွလွတာပါ။” ဆိုတဲ့ ေဆာင္ပုဒ္ကို လက္ကိုင္ထားၿပီး ပိန္ပါးသြယ္လ်တဲ့ ခႏၶာကိုယ္ေလးကေန ျပည့္ၿဖိဳးက်န္းမာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။
ဒါေပမယ့္လည္း ခႏၶာကိုယ္ေကာက္ေၾကာင္းေတြနားမွာ ရွိေနတတ္တဲ့အဆီပိုေတြနဲ႔ ပတ္သက္ၿပီး ၂၁ ရာစုေခတ္ အမ်ိဳးသမီးေတြ ယံုၾကည္ထားတဲ့ အလွအပဆိုင္ရာ ယံုၾကည္ခ်က္ဟာ ၁၇ ရာစုေခတ္ အမ်ိဳးသမီးေတြက လက္ခံယံုၾကည္ခဲ့ၾကတဲ့ အလွအပဆိုင္ရာ ယံုၾကည္ခ်က္ေတြနဲ႔ ကြာျခားေနတဲ့ အေၾကာင္းေလးကို ေျပာျပခ်င္ပါတယ္။
၂၁ ရာစုေခတ္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အလွကိုဖ်က္တဲ့ အဆီပိုေတြဟာ ၁၇ ရာစုေခတ္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အလွကိုပိုေစခဲ့တဲ့ သက္ေသသာဓကေတြကိုေတာ့ ေႂကြလြင့္သြားၿပီျဖစ္တဲ့ ကမာၻေက်ာ္ပန္းခ်ီဆရာေတြရဲ႕ ပန္းခ်ီလက္ရာေတြမွာ ျမင္ႏိုင္ပါတယ္။ ၁၇ ရာစုတုန္းက ပန္းခ်ီဆရာ Peter Paul Rubens က “The Three Graces” ဆိုတဲ့ အဝတ္အစားမပါဘဲ ရပ္ေနတဲ့ အမ်ိဳးသမီးသံုးဦးပံုကို ပန္းခ်ီေရးဆြဲခဲ့ပါတယ္။ ပန္းခ်ီကားထဲမွာပါတဲ့ အမ်ိဳးသမီးသံုးဦးရဲ႕ မ်က္ႏွာအလွထက္ ခႏၶာကိုယ္အလွကို ကြင္းကြင္းကြက္ကြက္ေရးဆြဲထားတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။
အဆီပိုေတြေၾကာင့္ အလွပိုေစတယ္လို႔ ၁၇ရာစုေခတ္အယူအဆဟာ ၁၉ ရာစုေရာက္တဲ့အခ်ိန္မွာေတာ့ ေမွးမွိန္လာၿပီး တျဖည္းျဖည္းေပ်ာက္ကြယ္သြားတယ္လို႔ ဆိုႏိုင္ပါတယ္။ အီတလီႏိုင္ငံရွိ Bologna တကၠသိုလ္မွ ပါေမာကၡခ်ဳပ္ Rossella Ghigi က ခႏၶာကိုယ္မွာေပၚေပါက္လာတတ္တဲ့ အဆီပိုအေၾကာင္းကို သုေတသနျပဳလုပ္ၿပီး စာတမ္းေရးခဲ့ပါတယ္။ Rossella ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ အဆီပိုေတြဟာ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ဆဲလ္တစ္ရွဴးေတြ ေယာင္ယမ္းျခင္းေၾကာင့္ ျဖစ္ေပၚလာေၾကာင္းကို မွ်ေဝေျပာျပခဲ့ပါတယ္။
Rossella ရဲ႕ ေလ့လာေတြ႕ရွိခ်က္ကို ၾကားသိခဲ့ရတဲ့ ၁၉ ရာစုေခတ္အမ်ိဳးသမီးေတြဟာ မ်က္ႏွာသြင္ျပင္အလွအပအျပင္ ခႏၶာကိုယ္က်န္းမာေရးကိုပါ ဂ႐ုစိုက္တဲ့အေနနဲ႔ ခႏၶာကိုယ္အတြင္း အဆီပိုေတြ မျဖစ္ေပၚေစေရးအတြက္ ဂ႐ုတစိုက္ႀကိဳးပမ္းလာၾကတာ ၂၁ ရာစုေရာက္တဲ့အခ်ိန္ထိပါပဲ။ ၁၇ ရာစုကတည္းက အမ်ိဳးသားေတြရဲ႕ ႐ုပ္ရည္သြင္ျပင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး အပူမေပးခဲ့တဲ့ အဆီပိုေတြကို ၂၁ ရာစုေရာက္လာခ်ိန္မွာေတာ့ အမ်ိဳးသားေတြဟာ က်န္းမာၾကံ႕ခိုင္ၿပီး က်စ္လစ္သန္စြမ္းတဲ့ ခႏၶာကိုယ္ရရွိေအာင္ ေလ့က်င့္ခန္းေတြ ပံုမွန္လုပ္ရင္း ဖယ္ရွားေနၾကၿပီပဲျဖစ္ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwebeautyandhealth
#soshweforyourdailylife
#likeandshare