Breaking News

Tinder Dating App ကနေ အကောင့်ဖယ်ရှားခံရတဲ့ အသက်၂၁ နှစ်အရွယ် မိန်းကလေးရဲ့အဖြစ်။

လူ့စွမ်းအားအရင်းအမြစ်အုပ်ချုပ်ရေးမှူးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အသက်၂၁ နှစ်အရွယ်ရှိ Laura Mundy ဆိုတဲ့ အမျိုးသမီးလေးဟာ အပြစ်ဆိုစရာမရှိအောင် လှပတာကြောင့် ကိုယ်နဲ့အဆင်ပြေတဲ့ ချစ်သူမျိုးကိုရှာလို့ရတဲ့ Application ဖြစ်တဲ့ Tinder Dating App က Laura ရဲ့Tinder အကောင့်ကို ဖျက်ပစ်ခဲ့တယ်လို့ ဆိုလာပါတယ်။

Laura Munndy ဟာ သူမရဲ့အကြိုက်နဲ့ကိုက်ညီပြီး သူမကိုနွေးထွေးမှုအပြည့်အဝပေးနိုင်တဲ့ လက်တွဲဖော်ကို ရှာဖွေနိုင်ရန်အတွက် ယူရို ၇.၉၉ ကို Tinder Dating App မှာ လစဉ်ပေးသွင်းခဲ့ရပါတယ်။ Laura ရဲ့ ပြောကြားချက်အရ Tinder Dating App မှာ သူမရဲ့ဓါတ်ပုံတွေတင်တိုင်း သူ့ရဲ့ဓါတ်ပုံတွေကိုမြင်တဲ့ Tinder Dating App ကို အသုံးပြုသူအမျိုးသားတွေကတော့ Laura ဟာ အမှန်တကယ်လူသားဖြစ်ကြောင်းကို လက်ခံရခက်ခဲကြောင်း မှတ်ချက်ပေးပြောဆိုကြပါတယ်။

ဒါ့အပြင် Tinder Dating Appကို အသုံးပြုသူအမျိုးသမီးအချို့ကလည်း Laura ဟာ မင်းသမီးတစ်ယောက် ဒါမှမဟုတ် မော်ဒယ်တစ်ယောက်ရဲ့ပုံကို အသုံးပြုထားတဲ့ လူလိမ်မလို့ စွပ်စွဲပြောဆိုခံခဲ့ရတာမျိုးလည်းရှိကြောင်း Laura က ဖွင့်ဟပြောဆိုလာပါတယ်။

Laura က “ကျွန်မရဲ့သူငယ်ချင်းတွေကလည်း Tinder Dating App ကို အသုံးပြုရင် သူတို့ရဲ့လက်တွဲဖော်ကို ရှာတွေ့ခဲ့တာကြောင့် ကျွန်မကလည်း ကျွန်မရဲ့လက်တွဲဖော်ကိုများ တွေ့ရှိနိုင်မလားဆိုတဲ့ အထင်နဲ့ Tinder Dating App ကို အသုံးပြုခဲ့တာပါ။ ကျွန်မရဲ့ဓာတ်ပုံတွေကို တင်တဲ့အခါမှာလည်း လူတွေက ကျွန်မက အစစ်အမှန်မှဟုတ်ရဲ့လား? ဒါမှမဟုတ် မော်ဒယ်တစ်ယောက်ပုံယူသုံးထားတာလား? ဆိုတဲ့ မေးခွန်းတွေမေးတာမျိုး ကြုံခဲ့ရဖူးပါတယ်။ တစ်ရက်မှာတော့ ကျွန်မရဲ့ Tinder အကောင့်ကို ဝင်ကြည့်တဲ့အခါမှာ Tinder App ကနေပြီးတော့ ကျွန်မဟာ Tinder က ချမှတ်ထားတဲ့စည်းမျဉ်းတွေကို နားမလည်တာကြောင့် (သို့) ချိုးဖောက်နေတာကြောင့် ကျွန်မရဲ့ Tinder အကောင့်ကို ဖျက်သိမ်းကြောင်း အသိပေးစာကို လက်ခံရရှိခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်မက အရမ်းလှနေတာမို့ Tinder Dating App ကုမ္ပဏီမှ တာဝန်ရှိသူတွေက ကျွန်မရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့တာဖြစ်နိုင်မလားလို့ ထင်ခဲ့ပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

Laura ဟာ သူမရဲ့အပြစ်ပြောစရာမရှိတဲ့ အလှကြောင့် ချီးမွမ်းစကားတွေ ၊ အပြစ်တင်ဝေဖန်တာတွေကို Tinder Dating App ကို အသုံးပြုသူတွေဆီကနေပဲ ကြားရတာမဟုတ်ပါဘူး။ သူမရဲ့အင်စတာဂရမ်အကောင့်ကနေလည်း အဆိုပါ ချီးမွမ်းစကားတွေ ၊ အပြစ်ဝေဖန်တာတွေကို ခံနေရကြောင်းကိုလည်း မျှဝေပြောပြခဲ့ပါသေးတယ်။

<Unicode Version>

 

 

Tinder Dating App ကေန အေကာင့္ဖယ္ရွားခံရတဲ့ အသက္၂၁ ႏွစ္အရြယ္ မိန္းကေလးရဲ႕အျဖစ္။

လူ႔စြမ္းအားအရင္းအျမစ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနတဲ့ အသက္၂၁ ႏွစ္အရြယ္ရွိ Laura Mundy ဆိုတ့ဲ အမ်ိဳးသမီးေလးဟာ အျပစ္ဆိုစရာမရွိေအာင္ လွပတာေၾကာင့္ ကိုယ္နဲ႔အဆင္ေျပတဲ့ ခ်စ္သူမ်ိဳးကိုရွာလို႔ရတဲ့ Application ျဖစ္တဲ့ Tinder Dating App က Laura ရဲ႕Tinder အေကာင့္ကို ဖ်က္ပစ္ခဲ့တယ္လို႔ ဆိုလာပါတယ္။

Laura Munndy ဟာ သူမရဲ႕အႀကိဳက္နဲ႔ကိုက္ညီၿပီး သူမကိုေႏြးေထြးမႈအျပည့္အဝေပးႏိုင္တဲ့ လက္တြဲေဖာ္ကို ရွာေဖြႏိုင္ရန္အတြက္ ယူ႐ို ၇.၉၉ ကို Tinder Dating App မွာ လစဥ္ေပးသြင္းခဲ့ရပါတယ္။ Laura ရဲ႕ ေျပာၾကားခ်က္အရ Tinder Dating App မွာ သူမရဲ႕ဓါတ္ပံုေတြတင္တိုင္း သူ႔ရဲ႕ဓါတ္ပံုေတြကိုျမင္တဲ့ Tinder Dating App ကို အသံုးျပဳသူအမ်ိဳးသားေတြကေတာ့ Laura ဟာ အမွန္တကယ္လူသားျဖစ္ေၾကာင္းကို လက္ခံရခက္ခဲေၾကာင္း မွတ္ခ်က္ေပးေျပာဆိုၾကပါတယ္။

ဒါ့အျပင္ Tinder Dating Appကို အသံုးျပဳသူအမ်ိဳးသမီးအခ်ိဳ႕ကလည္း Laura ဟာ မင္းသမီးတစ္ေယာက္ ဒါမွမဟုတ္ ေမာ္ဒယ္တစ္ေယာက္ရဲ႕ပံုကို အသံုးျပဳထားတဲ့ လူလိမ္မလို႔ စြပ္စြဲေျပာဆိုခံခဲ့ရတာမ်ိဳးလည္းရွိေၾကာင္း Laura က ဖြင့္ဟေျပာဆိုလာပါတယ္။

Laura က “ကၽြန္မရဲ႕သူငယ္ခ်င္းေတြကလည္း Tinder Dating App ကို အသံုးျပဳရင္ သူတို႔ရဲ႕လက္တြဲေဖာ္ကို ရွာေတြ႕ခဲ့တာေၾကာင့္ ကၽြန္မကလည္း ကၽြန္မရဲ႕လက္တြဲေဖာ္ကိုမ်ား ေတြ႕ရွိႏိုင္မလားဆိုတဲ့ အထင္နဲ႔ Tinder Dating App ကို အသံုးျပဳခဲ့တာပါ။ ကၽြန္မရဲ႕ဓာတ္ပံုေတြကို တင္တဲ့အခါမွာလည္း လူေတြက ကၽြန္မက အစစ္အမွန္မွဟုတ္ရဲ႕လား? ဒါမွမဟုတ္  ေမာ္ဒယ္တစ္ေယာက္ပံုယူသံုးထားတာလား? ဆိုတဲ့  ေမးခြန္းေတြေမးတာမ်ိဳး ၾကံဳခဲ့ရဖူးပါတယ္။ တစ္ရက္မွာေတာ့ ကၽြန္မရဲ႕ Tinder အေကာင့္ကို ဝင္ၾကည့္တဲ့အခါမွာ Tinder App ကေနၿပီးေတာ့ ကၽြန္မဟာ Tinder က ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြကို နားမလည္တာေၾကာင့္ (သို႔) ခ်ိဳးေဖာက္ေနတာေၾကာင့္ ကၽြန္မရဲ႕ Tinder အေကာင့္ကို ဖ်က္သိမ္းေၾကာင္း အသိေပးစာကို လက္ခံရရွိခဲ့တာပါ။ ဒါေၾကာင့္လည္း ကၽြန္မက အရမ္းလွေနတာမို႔ Tinder Dating App ကုမၸဏီမွ တာဝန္ရွိသူေတြက ကၽြန္မရဲ႕ အေကာင့္ကို ဖ်က္သိမ္းခဲ့တာျဖစ္ႏိုင္မလားလို႔ ထင္ခဲ့ပါတယ္။” လို႔  ေျပာျပခဲ့ပါတယ္။

Laura ဟာ သူမရဲ႕အျပစ္ေျပာစရာမရွိတဲ့ အလွေၾကာင့္ ခ်ီးမြမ္းစကားေတြ ၊ အျပစ္တင္ေဝဖန္တာေတြကို Tinder Dating App ကို အသံုးျပဳသူေတြဆီကေနပဲ ၾကားရတာမဟုတ္ပါဘူး။ သူမရဲ႕အင္စတာဂရမ္အေကာင့္ကေနလည္း အဆိုပါ ခ်ီးမြမ္းစကားေတြ ၊ အျပစ္ေဝဖန္တာေတြကို ခံေနရေၾကာင္းကိုလည္း မွ်ေဝေျပာျပခဲ့ပါေသးတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwefunny

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။

Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro