HomeBanking & FinanceCoronavirus ကို နှိမ်နှင်းနိုင်ဖို့ ဒေါ်လာ ၁၂ ဘီလျံ အကုန်အကျခံပြီး ကူညီသွားမယ့်ဘဏ်ကြီး။
Coronavirus ကို နှိမ်နှင်းနိုင်ဖို့ ဒေါ်လာ ၁၂ ဘီလျံ အကုန်အကျခံပြီး ကူညီသွားမယ့်ဘဏ်ကြီး။
- Advertisement -
လွန်ခဲ့တဲ့ အင်္ဂါနေ့က ကမ္ဘာ့ဘဏ်ပိုင်ရှင် David Malpass က ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ကပ်ဘေးကြီးကို ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ အကုန်အကျခံပြီး အဆိုပါရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ဖို့အတွက် အကူအညီပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါ Coronavirus ဟာ ဆားစ်ရောဂါ၊ မားစ်ရောဂါတို့နဲ့ သဏ္ဍန်တူ အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ အဆိုပါအဆုတ်ရောင်ရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ထိုရောဂါဟာ အခုလက်ရှိအချိန်မှာဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေပြီပဲဖြစ်ပါတယ်။
အဆိုပါအဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူဦးရေကို နိုင်ငံတကာနဲ့ချီပြီး ရည်တွက်မယ်ဆိုရင်တော့ သေဆုံးသူဦးရေဟာ ၃၀၀၀ ကျော်နေပြီဖြစ်ပါတယ်။ အဆိုပါရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်ဦးရေဟာလည်း ၉ သောင်းကျော်နေပြီဖြစ်ပါတယ်။ Coronavirus ကြောင့် အဆုတ်ရောင်ရောဂါဝေဒနာခံစားခဲ့ရသူဦးရေ အနည်းအကျဉ်းကသာ ပြန်လည်ကျန်းမာလာကြတယ်လို့လည်း သိရှိထားပါတယ်။
- Advertisement -
Mr. Malpass က “ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို လုံလောက်တဲ့  ဆေးပစ္စည်းတွေဝယ်ယူရရှိနိုင်ဖို့အတွက် ဦးစားပေးပြီး ကူညီပေးသွားမှာဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
- Advertisement -
သတင်းစာရှင်းလင်းပွဲမှာလည်း Mr.Malpass က “အသက်များစွာကို အဆုံးရှုံးမခံရဖို့အတွက် မြန်မြန်ဖယ်ရှားနိုင်လေ အကောင်းဆုံးဖြစ်လေပါပဲ။” လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။
<Unicode Version>
- Advertisement -
<Zawgyi Version>
Source ~ Businesstimes
#SY(Soshwe)
#soshwebanking
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
twenty − fourteen =
Must Read
အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။
ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...