စင်္ကာပူနိုင်ငံအခြေစိုက် HSBC ဘဏ်ဟာ စင်္ကာပူနိုင်ငံက အမျိုးသမီးဝန်ထမ်းတွေကို ၄င်းတို့ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး မြင့်မားတဲ့ရာထူးတွေ တာဝန်ယူဆောင်ရွက်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်မှာ ၄၀% အထိ မြင့်တက်လာအောင် ကူညီပေးဖို့ အစီအစဉ်ရေးဆွဲနေတယ်လို့ Business Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ HSBC ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “HSBC ဘဏ်အနေနဲ့ အမျိုးသမီးဝန်ထမ်းတွေကို သူတို့ရဲ့လုပ်အားနဲ့ သင့်တော်တဲ့လုပ်ခလစာ ပေးအပ်နိုင်ဖို့အတွက် စနစ်တကျဆောင်ရွက်ပေးဖို့ စီစဉ်ထားပြီး လုပ်ငန်းခွင်အတွင်းမှာ လစ်ဟာနေတဲ့ ကွက်လပ်တွေကို ဖြည့်စွက်ပေးနိုင်ဖို့အတွက် လိုအပ်ချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်။” လို့ ဆိုထားပါတယ်။
အဆိုပါပြောရေးဆိုခွင့်ရှိသူက “အမျိုးသမီးဝန်ထမ်းတွေရဲ့ အရည်အသွေးပြည့်ဝတဲ့ လုပ်ဆောင်မှုတွေအပေါ် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အထောက်အကူပြုနိုင်ဖို့ ဘဏ်အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ခလစာနဲ့ပတ်သက်လာရင် ဆုံးဖြတ်ချက်ချခွင့်ရှိသူ အကြီးအကဲများကိုသာ အရေးပေးတဲ့ မလိုအပ်တဲ့ဘက်လိုက်မှုတွေကို လျော့ချနိုင်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားပါမယ်။” လို့လည်း ထပ်လောင်းပြောပြခဲ့ပါတယ်။
HSBC ဘဏ်ရဲ့ စီမံခန့်ခွဲမှုအကြီးအကဲဖြစ်သူ Tony Cripps က အမျိုးသမီးဝန်ထမ်းများအတွက် အမျိုးသားဝန်ထမ်းများနဲ့တန်းတူ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးများ ရရှိစေရန်နဲ့ အမျိုးသမီးဝန်ထမ်းများ လုပ်ငန်းခွင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲ ၊ အတားအဆီးများကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် မှန်ကန်တိကျတဲ့ ကန့်သတ်ချက်တွေကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စင်္ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက အသက်၂၅ နှစ်နဲ့ အသက် ၅၄ နှစ်ကြားရှိ အချိန်ပြည့်ဝန်ထမ်းတွေရဲ့ လုပ်ခလစာစာရင်းကို စာရင်းပြုစုလေ့လာခဲ့ပြီး အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီးဝန်ထမ်းများကြား လုပ်ခလစာကွာဟမှုဟာ ၂၀၀၂ ခုနှစ်မှာ ၁၆ % ရှိခဲ့ကာ ၂၀၁၈ ခုနှစ်မှာတော့ ၁၆.၃ % ထိ ရှိခဲ့ကြောင်း အစီရင်ခံစာ တင်ခဲ့ပါတယ်။
မတူညီကွဲပြားတဲ့ဝန်ထမ်းတွေရဲ့ အသက်အရွယ်၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်ရာလုပ်ငန်းနယ်ပယ်နဲ့ အလုပ်ချိန်တွေအပေါ်မှာမူတည်ပြီး ညှိနှိုင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ပြီးတဲ့အခါမှာတော့ ၂၀၀၂ ခုနှစ်မှာ ၈.၈ % အထိရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၆ % အထိ လျော့ကျသွားကြောင်းလည်း သိရှိရပါတယ်။
လူ့အင်အားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ ၂၀၂၀ ခုနှစ် အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီးဝန်ထမ်းကြား လုပ်ခလစာကွာဟမှုအစီအရင်ခံစာကို ကြည့်ခြင်းအားဖြင့် ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းခွင်ဆိုင်ရာခွဲခြားမှုနှုန်းမြင့်တက်လာတာကို သိရှိရပါတယ်။ အမျိုးသမီးဝန်ထမ်းတွေက လုပ်ခလစာနည်းတဲ့ အလုပ်တာဝန်ကို ထမ်းဆောင်ရပြီး အမျိုးသားဝန်ထမ်းတွေကတော့ ရာထူးကြီးပြီး လုပ်ခလစာများတဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ရကြောင်း သိရှိရပါတယ်။
<Unicode Version>
၂၀၂၂ ခုႏွစ္အတြင္း စကၤာပူႏိုင္ငံအေျခစိုက္ HSBC ဘဏ္ရဲ႕ ရည္မွန္းခ်က္တစ္ခု။
စကၤာပူႏိုင္ငံအေျခစိုက္ HSBC ဘဏ္ဟာ စကၤာပူႏိုင္ငံက အမ်ိဳးသမီးဝန္ထမ္းေတြကို ၄င္းတို႔ကၽြမ္းက်င္ရာ အသက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္ၿပီး ျမင့္မားတဲ့ရာထူးေတြ တာဝန္ယူေဆာင္ရြက္ႏိုင္ဖို႔အတြက္ ၂၀၂၂ ခုႏွစ္မွာ ၄၀% အထိ ျမင့္တက္လာေအာင္ ကူညီေပးဖို႔ အစီအစဥ္ေရးဆြဲေနတယ္လို႔ Business Times သတင္းဌာနကို ေျပာၾကားခ့ဲပါတယ္။ HSBC ဘဏ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “HSBC ဘဏ္အေနနဲ႔ အမ်ိဳးသမီးဝန္ထမ္းေတြကို သူတို႔ရဲ႕လုပ္အားနဲ႔ သင့္ေတာ္တဲ့လုပ္ခလစာ ေပးအပ္ႏိုင္ဖို႔အတြက္ စနစ္တက်ေဆာင္ရြက္ေပးဖို႔ စီစဥ္ထားၿပီး လုပ္ငန္းခြင္အတြင္းမွာ လစ္ဟာေနတဲ့ ကြက္လပ္ေတြကို ျဖည့္စြက္ေပးႏိုင္ဖို႔အတြက္ လိုအပ္ခ်က္မ်ားကိုလည္း ညႇိႏႈိင္းေဆာင္ရြက္ေပးသြားမယ္။” လို႔ ဆိုထားပါတယ္။
အဆိုပါေျပာေရးဆိုခြင့္ရွိသူက “အမ်ိဳးသမီးဝန္ထမ္းေတြရဲ႕ အရည္အေသြးျပည့္ဝတဲ့ လုပ္ေဆာင္မႈေတြအေပၚ ၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ားကို အေထာက္အကူျပဳႏိုင္ဖို႔ ဘဏ္အေနနဲ႔ ကူညီေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္။ လုပ္ခလစာနဲ႔ပတ္သက္လာရင္ ဆံုးျဖတ္ခ်က္ခ်ခြင့္ရွိသူ အႀကီးအကဲမ်ားကိုသာ အေရးေပးတဲ့ မလိုအပ္တဲ့ဘက္လိုက္မႈေတြကို ေလ်ာ့ခ်ႏိုင္ေအာင္ အစြမ္းကုန္ႀကိဳးစားေဆာင္ရြက္ေပးသြားပါမယ္။” လို႔လည္း ထပ္ေလာင္းေျပာျပခဲ့ပါတယ္။
HSBC ဘဏ္ရဲ႕ စီမံခန္႔ခြဲမႈအႀကီးအကဲျဖစ္သူ Tony Cripps က အမ်ိဳးသမီးဝန္ထမ္းမ်ားအတြက္ အမ်ိဳးသားဝန္ထမ္းမ်ားနဲ႔တန္းတူ လုပ္ငန္းခြင္ဆိုင္ရာ အခြင့္အေရးမ်ား ရရွိေစရန္နဲ႔ အမ်ိဳးသမီးဝန္ထမ္းမ်ား လုပ္ငန္းခြင္မွာ ၾကံဳေတြ႔ရေလ့ရွိတဲ့ အခက္အခဲ ၊ အတားအဆီးမ်ားကို ကူညီေျဖရွင္းေပးႏိုင္ဖို႔အတြက္ မွန္ကန္တိက်တဲ့ ကန္႔သတ္ခ်က္ေတြကိုလည္း ထည့္သြင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
စကၤာပူႏိုင္ငံ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနမွ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလတုန္းက အသက္၂၅ ႏွစ္နဲ႔ အသက္ ၅၄ ႏွစ္ၾကားရွိ အခ်ိန္ျပည့္ဝန္ထမ္းေတြရဲ႕ လုပ္ခလစာစာရင္းကို စာရင္းျပဳစုေလ့လာခ့ဲၿပီး အမ်ိဳးသားဝန္ထမ္းနဲ႔ အမ်ိဳးသမီးဝန္ထမ္းမ်ားၾကား လုပ္ခလစာကြာဟမႈဟာ ၂၀၀၂ ခုႏွစ္မွာ ၁၆ % ရွိခဲ့ကာ ၂၀၁၈ ခုႏွစ္မွာေတာ့ ၁၆.၃ % ထိ ရွိခဲ့ေၾကာင္း အစီရင္ခံစာ တင္ခဲ့ပါတယ္။
မတူညီကြဲျပားတဲ့ဝန္ထမ္းေတြရဲ႕ အသက္အရြယ္၊ ပညာေရး၊ အသက္ေမြးဝမ္းေက်ာင္းအလုပ္၊ ကၽြမ္းက်င္ရာလုပ္ငန္းနယ္ပယ္နဲ႔ အလုပ္ခ်ိန္ေတြအေပၚမွာမူတည္ၿပီး ညႇိႏႈိင္းေဆာင္ရြက္မႈမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္ၿပီးတဲ့အခါမွာေတာ့ ၂၀၀၂ ခုႏွစ္မွာ ၈.၈ % အထိရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ၆ % အထိ ေလ်ာ့က်သြားေၾကာင္းလည္း သိရွိရပါတယ္။
လူ႔အင္အားအရင္းအျမစ္ဝန္ႀကီးဌာနရဲ႕ ၂၀၂၀ ခုႏွစ္ အမ်ိဳးသားဝန္ထမ္းနဲ႔ အမ်ိဳးသမီးဝန္ထမ္းၾကား လုပ္ခလစာကြာဟမႈအစီအရင္ခံစာကို ၾကည့္ျခင္းအားျဖင့္ ၂၀၁၈ ခုႏွစ္မွာ လုပ္ငန္းခြင္ဆိုင္ရာခြဲျခားမႈႏႈန္းျမင့္တက္လာတာကို သိရွိရပါတယ္။ အမ်ိဳးသမီးဝန္ထမ္းေတြက လုပ္ခလစာနည္းတဲ့ အလုပ္တာဝန္ကို ထမ္းေဆာင္ရၿပီး အမ်ိဳးသားဝန္ထမ္းေတြကေတာ့ ရာထူးႀကီးၿပီး လုပ္ခလစာမ်ားတဲ့ အလုပ္တာဝန္ေတြကို ထမ္းေဆာင္ရေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare