Breaking News

ယူနိုက်တက်အသင်းကြီးဆီ ပထမဆုံးရောက်ရှိလာဖြစ်သည့်အကြောင်းကို ပြန်ပြောင်းပြောပြလာသည့် ရပ်ရှ်ဖို့ဒ်။

ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်က အသင်းရဲ့နည်းပြဟောင်း ဗန်ဟားလ်လက်ထက်၌ အသင်းကြီးနဲ့ ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည့်အကြောင်းကို ပြန်ပြောင်းပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်က ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူ့အနေဖြင့် အသက် (၁၇) နှစ်အရွယ်သာရှိပါသေးတယ်။ မစ်ဂျေးလန်းအသင်းနဲ့ ကစားမည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အသင်းရဲ့အဓိကတိုက်စစ်မှူး မာစီရယ်လ်  သွေးပူလေ့ကျင့်ခန်းပြုလုပ်ရင်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လူငယ်များကို စင်တင်သည့်နေရာ၌ နာမည်ကျော်ကြားသည့် ဗန်ဟားလ်က လူငယ်အကယ်ဒမီထွက် ရပ်ရှ်ဖို့ဒ်ကို အထူးအခွင့်အရေး  ပေးခဲ့ခြင်းဖြစ်ပါတယ်။

ထိုစဉ်ကခံစားချက်များ၊ အတွေ့အကြုံများနဲ့ ပတ်သက်၍ ရပ်ရှ်ဖို့ဒ်က “ဂုဏ်ယူစရာပါပဲ။ နည်းပြက ကျွန်တော့်ကို ဘာမှအများကြီးမပြောခဲ့ပါဘူး။ သူက ကျွန်တော့်ကို ကိုယ်ကိုယ့်ကိုယ် သက်သေပြဖို့ပဲပြောခဲ့ပြီး ယူ- ၁၈ ပွဲစဉ်တွေနဲ့ ဘာမှမခြားနားဘူးလို့ပဲပြောခဲ့တာပါ။ ကျွန်တော်ကွင်းထဲဝင်ပြီးအကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တကယ့်ပွဲထဲရောက်တဲ့အချိန်မှာတော့ အရာအားလုံးက ကွဲပြားခြားနားခဲ့ပါတယ်။” ဟု ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်သည် ယူနိုက်တက်အသင်းနဲ့ ပထမဆုံးပွဲဦးထွက်၌ပင် အသင်းအတွက် ခြေစွမ်းပြကာ (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကလည်း မစ်ဂျေးလန်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နောက် (၄) ရက်အကြာ၌ ကစားခဲ့သည့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ၌လည်း ရပ်ရှ်ဖို့ဒ်က သူ့ရဲ့ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ကို ကစားခွင့်ရခဲ့သလို အဲ့ဒီပွဲ၌လည်း အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း၌မူ ရပ်ရှ်ဖို့ဒ်အနေနဲ့ ရွန်းနီရဲ့ကျောနံပါတ် (၁၀) ကို ဆက်ခံခွင့်ရရှိခဲ့ပြီး အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

သူ့ကိုပထမဆုံးပွဲထွက်ခွင်ပေးခဲ့သည့် နည်းပြဗန်ဟားလ်နဲ့ ပတ်သက်၍လည်း ရပ်ရှ်ဖို့ဒ်က “သူကျွန်တော့်ကို  ပြောခဲ့တုန်းကတစ်မျိုး၊ တကယ်တမ်း ကျွန်တော်ပွဲထွက်ခွင့်ရတဲ့ အခိုက်အတန့်မှာ  တွေ့ကြုံရင်ဆိုင်ခဲ့ရတာက တစ်မျိုးဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကွင်းထဲမှာ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ရင်းရှိနေတာကို အရမ်းပျော်ရွှင်ခဲ့ပါတယ်။ ဒါက အသက် (၆) နှစ် ဒါမှမဟုတ် (၇) နှစ်အရွယ်လောက်တည်းက ခင်ဗျားတို့ရဲ့အိပ်မက်တစ်ခု ဖြစ်ပါလိမ့်မယ်။ အဲ့ဒီပထမဆုံးပွဲမှာ ကျွန်တော် (၂) ဂိုးမသွင်းနိုင်ခဲ့ရင်တောင် ကျွန်တော်ဂုဏ်ယူနေမှာဖြစ်ပြီး ဂိုးတွေသွင်းနိုင်တဲ့အတွက် ပိုပြီးပျော်ရွှင်ခဲ့ရပါတယ်။” ဟုလည်း  ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

ယူႏုိက္တက္အသင္းႀကီးဆီ ပထမဆံုးေရာက္ရွိလာျဖစ္သည့္အေၾကာင္းကို ျပန္ေျပာင္းေျပာျပလာသည့္ ရပ္ရွ္ဖို႔ဒ္။

ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးတစ္ဦးျဖစ္သူ ရပ္ရွ္ဖို႔ဒ္က အသင္းရဲ႕နည္းျပေဟာင္း ဗန္ဟားလ္လက္ထက္၌ အသင္းႀကီးနဲ႔ ပထမဆံုးပြဲထြက္ခြင့္ရခဲ့သည့္အေၾကာင္းကို ျပန္ေျပာင္းေျပာၾကားသြားခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္သည္ ၿပီးခဲ့သည့္ (၂၀၁၇) ခုႏွစ္က ယူႏိုက္တက္အသင္းႀကီးအတြက္ ပထမဆံုးပြဲထြက္ခြင့္ရရွိခဲ့ျခင္းျဖစ္ၿပီး ထိုစဥ္က သူ႔အေနျဖင့္ အသက္ (၁၇) ႏွစ္အရြယ္သာရွိပါေသးတယ္။ မစ္ေဂ်းလန္းအသင္းနဲ႔ ကစားမည့္ ယူရိုပါလိဂ္ရံႈးထြက္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ အသင္းရဲ႕အဓိကတုိက္စစ္မွဴး မာစီရယ္လ္  ေသြးပူေလ့က်င့္ခန္းျပဳလုပ္ရင္း ဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ လူငယ္မ်ားကို စင္တင္သည့္ေနရာ၌ နာမည္ေက်ာ္ၾကားသည့္ ဗန္ဟားလ္က လူငယ္အကယ္ဒမီထြက္ ရပ္ရွ္ဖုိ႔ဒ္ကို အထူးအခြင့္အေရး  ေပးခဲ့ျခင္းျဖစ္ပါတယ္။

ထိုစဥ္ကခံစားခ်က္မ်ား၊ အေတြ႕အႀကံဳမ်ားနဲ႔ ပတ္သက္၍ ရပ္ရွ္ဖို႔ဒ္က “ဂုဏ္ယူစရာပါပဲ။ နည္းျပက ကြ်န္ေတာ့္ကို ဘာမွအမ်ားႀကီးမေျပာခဲ့ပါဘူး။ သူက ကြ်န္ေတာ့္ကို ကုိယ္ကိုယ့္ကိုယ္ သက္ေသျပဖို႔ပဲေျပာခဲ့ၿပီး ယူ- ၁၈ ပဲြစဥ္ေတြနဲ႔ ဘာမွမျခားနားဘူးလို႔ပဲေျပာခဲ့တာပါ။ ကြ်န္ေတာ္ကြင္းထဲဝင္ၿပီးအေကာင္းဆံုးေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ တကယ့္ပြဲထဲေရာက္တဲ့အခ်ိန္မွာေတာ့ အရာအားလံုးက ကဲြျပားျခားနားခဲ့ပါတယ္။” ဟု ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ရပ္ရွ္ဖုိ႔ဒ္သည္ ယူႏိုက္တက္အသင္းနဲ႔ ပထမဆံုးပဲြဦးထြက္၌ပင္ အသင္းအတြက္ ေျခစြမ္းျပကာ (၂) ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ယူႏိုက္တက္အသင္းကလည္း မစ္ေဂ်းလန္းအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေနာက္ (၄) ရက္အၾကာ၌ ကစားခဲ့သည့္ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ၌လည္း ရပ္ရွ္ဖို႔ဒ္က သူ႔ရဲ႕ကစားသမားဘဝ ပထမဆံုးပရီးမီးယားလိဂ္ပဲြဦးထြက္ကို ကစားခြင့္ရခဲ့သလို အဲ့ဒီပဲြ၌လည္း အသင္းအတြက္ အေရးပါတဲ့အႏိုင္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္း၌မူ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ရြန္းနီရဲ႕ေက်ာနံပါတ္ (၁၀) ကို ဆက္ခံခြင့္ရရွိခဲ့ၿပီး အသင္းရဲ႕အဓိကတိုက္စစ္မွဴးတစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။

သူ႔ကိုပထမဆံုးပဲြထြက္ခြင္ေပးခဲ့သည့္ နည္းျပဗန္ဟားလ္နဲ႔ ပတ္သက္၍လည္း ရပ္ရွ္ဖို႔ဒ္က “သူကြ်န္ေတာ့္ကို  ေျပာခဲ့တုန္းကတစ္မ်ိဳး၊ တကယ္တမ္း ကြ်န္ေတာ္ပဲြထြက္ခြင့္ရတဲ့ အခိုက္အတန္႔မွာ  ေတြ႕ႀကံဳရင္ဆိုင္ခဲ့ရတာက တစ္မ်ိဳးျဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ္ကြင္းထဲမွာ ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ရင္းရွိေနတာကို အရမ္းေပ်ာ္ရႊင္ခဲ့ပါတယ္။ ဒါက အသက္ (၆) ႏွစ္ ဒါမွမဟုတ္ (၇) ႏွစ္အရြယ္ေလာက္တည္းက ခင္ဗ်ားတုိ႔ရဲ႕အိပ္မက္တစ္ခု ျဖစ္ပါလိမ့္မယ္။ အဲ့ဒီပထမဆံုးပဲြမွာ ကြ်န္ေတာ္ (၂) ဂိုးမသြင္းႏိုင္ခဲ့ရင္ေတာင္ ကြ်န္ေတာ္ဂုဏ္ယူေနမွာျဖစ္ၿပီး ဂိုးေတြသြင္းႏိုင္တဲ့အတြက္ ပိုၿပီးေပ်ာ္ရႊင္ခဲ့ရပါတယ္။” ဟုလည္း  ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro