Boeing 787 နဲ့ Airbus A350 လေယာဉ်တွေကို တည်ဆောက်ပြုလုပ်ရာမှာလိုအပ်တဲ့ စက်ပစ္စည်းတွေကို ထုတ်လုပ်ပံ့ပိုးပေးတဲ့ Rolls-Royce ကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းမှာ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းပေါင်း ၅၂,၀၀၀ ထဲကနေ အနည်းဆုံး ဝန်ထမ်းဦးရေ ၉ဝဝဝေ လာက်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ပွင့်လင်းစွာဖွင့်ဟဝန်ခံခဲ့ပါတယ်။
ဘာကြောင့်များ ဝန်ထမ်းဦးရေကို လျှော့ချမှာလဲ? ဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဆိုးကြီး COVID-19 ကြောင့်ပဲဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြီးရဲ့ လွှမ်းမိုးမှုဟာ ပညာရှင်တွေ ခန့်မှန်းခဲ့တာထက်ကို ပိုပြီးဆိုးရွားလာနေပါပြီ။
ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ပြီးတဲ့အခါမှာ ကပ်ရောဂါဆိုးကြီးမပေါ်ပေါက်လာခင်တုန်းကလိုမျိုး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေကြပါတယ်။ ဝန်ထမ်းဦးရေလျှော့ချဖို့အပြင် လုပ်ငန်းသုံးစရိတ်တွေကိုလည်း တတ်နိုင်သမျှလျှော့ချသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Rolls-Royce ကုမ္ပဏီက CEO Warren East က “ကပ်ရောဂါဆိုးကြီးရဲ့ ရိုက်ခတ်မှုဒဏ်ကို အံ့တုခံနိုင်ဖို့အတွက် ကုမ္ပဏီမှာ အောင်မြင်မှုတွေရရှိဖို့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဝန်ထမ်းတွေကို လျှော့ချပစ်ဖို့ဆိုတာဟာ တကယ်ကို စိတ်မသက်သာဖွယ် ဆုံးဖြတ်ချက်ကြီးပဲ ဖြစ်ပါတယ်။ ခုလိုမျိုး အရာရာမတည်ငြိမ်သေးတဲ့ အချိန်ကာလတစ်ခုမှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အစိုးရတွေကလည်း ကိုယ့်နိုင်ငံက စီးပွားရေးလှုပ်ရှားမှုနှုန်း လုံးဝမရပ်တန့််သွားစေဖို့အတွက် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
ဗြိတိသျှနိုင်ငံ အလုပ်သမားအစည်းအရုံးက အထွေထွေ လက်ထောက်အတွင်းရေးမှုး Steve Turner က “Rolls-Royce ကုမ္ပဏီရဲ့ ဝန်ထမ်းလျှော့ချရေးသတင်းဟာ ကုမ္ပဏီအတွက် အချိန်တွေ အင်အားတွေ ရင်းနှီးပြီး အပတ်တကုတ်အလုပ်ကြိုးစားပေးခဲ့တဲ့ သစ္စာရှိတဲ့ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်သလိုမျိုး ဖြစ်သွားတာဟာ အတော်လေးကို ရှက်စရာကောင်းတယ်။” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
COVID-19 ေၾကာင့္ ဝန္ထမ္း ၉၀၀၀ နီးပါး ေလွ်ာ့ခ်သြားမည္လို႔ဆိုလာတဲ့ နည္းပညာကုမၸဏီႀကီးတစ္ခု။
Boeing 787 နဲ႔ Airbus A350 ေလယာဥ္ေတြကို တည္ေဆာက္ျပဳလုပ္ရာမွာလိုအပ္တဲ့ စက္ပစၥည္းေတြကို ထုတ္လုပ္ပံ့ပိုးေပးတဲ့ Rolls-Royce ကုမၸဏီက ကမာၻတစ္ဝွမ္းမွာ ကုမၸဏီအတြက္ အလုပ္လုပ္ေပးေနတဲ့ ဝန္ထမ္းေပါင္း ၅၂,၀၀၀ ထဲကေန အနည္းဆံုး ဝန္ထမ္းဦးေရ ၉၀၀၀ေ လာက္ကို ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း ပြင့္လင္းစြာဖြင့္ဟဝန္ခံခဲ့ပါတယ္။
ဘာေၾကာင့္မ်ား ဝန္ထမ္းဦးေရကို ေလွ်ာ့ခ်မွာလဲ? ဆိုေတာ့ အားလံုးသိၾကတဲ့အတိုင္းပဲ ကမာၻတစ္ဝွမ္းမွာျဖစ္ေပၚေနတဲ့ ကပ္ေရာဂါဆိုးႀကီး COVID-19 ေၾကာင့္ပဲျဖစ္ပါတယ္။ ကပ္ေရာဂါဆိုးႀကီးရဲ႕ လႊမ္းမိုးမႈဟာ ပညာရွင္ေတြ ခန္႔မွန္းခဲ့တာထက္ကို ပိုၿပီးဆိုးရြားလာေနပါၿပီ။
ကုမၸဏီက ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ကပ္ေရာဂါဆိုးႀကီးကို တိုက္ထုတ္ႏိုင္ၿပီးတဲ့အခါမွာ ကပ္ေရာဂါဆိုးႀကီးမေပၚေပါက္လာခင္တုန္းကလိုမ်ိဳး လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ပါ့မလားဆိုတာကို စိုးရိမ္ေနၾကပါတယ္။ ဝန္ထမ္းဦးေရေလွ်ာ့ခ်ဖို႔အျပင္ လုပ္ငန္းသံုးစရိတ္ေတြကိုလည္း တတ္ႏိုင္သမွ်ေလွ်ာ့ခ်သြားဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။
Rolls-Royce ကုမၸဏီက CEO Warren East က “ကပ္ေရာဂါဆိုးႀကီးရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို အံ့တုခံႏိုင္ဖို႔အတြက္ ကုမၸဏီမွာ ေအာင္ျမင္မႈေတြရရွိဖို႔ အစြမ္းကုန္ႀကိဳးစားေပးခဲ့တဲ့ ဝန္ထမ္းေတြကို ေလွ်ာ့ခ်ပစ္ဖို႔ဆိုတာဟာ တကယ္ကို စိတ္မသက္သာဖြယ္ ဆံုးျဖတ္ခ်က္ႀကီးပဲ ျဖစ္ပါတယ္။ ခုလိုမ်ိဳး အရာရာမတည္ၿငိမ္ေသးတဲ့ အခ်ိန္ကာလတစ္ခုမွာ ကမာၻတစ္ဝွမ္းမွာရွိတဲ့ အစိုးရေတြကလည္း ကိုယ့္ႏိုင္ငံက စီးပြားေရးလႈပ္ရွားမႈႏႈန္း လံုးဝမရပ္တန္႔္သြားေစဖို႔အတြက္ တတ္ႏိုင္သမွ် ႀကိဳးစားလုပ္ေဆာင္ေပးေနတာပဲ ျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။
ၿဗိတိသွ်ႏိုင္ငံ အလုပ္သမားအစည္းအရံုးက အေထြေထြ လက္ေထာက္အတြင္းေရးမႈး Steve Turner က “Rolls-Royce ကုမၸဏီရဲ႕ ဝန္ထမ္းေလွ်ာ့ခ်ေရးသတင္းဟာ ကုမၸဏီအတြက္ အခ်ိန္ေတြ အင္အားေတြ ရင္းႏွီးၿပီး အပတ္တကုတ္အလုပ္ႀကိဳးစားေပးခဲ့တဲ့ သစၥာရွိတဲ့ဝန္ထမ္းေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးလိုက္သလိုမ်ိဳး ျဖစ္သြားတာဟာ အေတာ္ေလးကို ရွက္စရာေကာင္းတယ္။” လို႔ ဆိုခဲ့ပါတယ္။
<Zawgyi Version>
Source ~ eandt
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare