Breaking News

မြို့တော်သစ်တည်ဆောက်မည့် အင်ဒိုနီးရှားနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားလာ။

အင်ဒိုနီးရှားနိုင်ငံသည် မြို့တော်သစ်ကို စတင်တည်ဆောက်ရန်ပြင်ဆင်နေပြီး ဒေါ်လာ (၃၄) ဘီလီယံကုန်ကျမည့် အဆိုပါစီမံကိန်း၌ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားသူများတိုးပွားလျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါစီမံကိန်းအတွက် ကုန်ကျမည့်ငွေကြေးပမာဏကို Softbank က တရားဝင် အတည်ပြုကြေညာခြင်းမရှိသေးသော်လည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ရေကြောင်းနဲ့ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေးဆိုင်ရာဝန်ကြီးဖြစ်သူ hut Pandjaitan ကမူ ဟောင်ကောင်နဲ့ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများက အဆိုပါစီမံကိန်း၌ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့လက်ရှိမြို့တော်သည် ဂျာကာတာမြို့ပင်ဖြစ်လင့်ကစား မြို့တော်အတွင်း ဆိုးရွားသည့် ပိတ်ဆို့မှုများနဲ့ အမြဲလိုလိုရေကြီးရေလျှံမှုများကြောင့် ယခုကဲ့သို့ မြို့တော်သစ်ကို တည်ဆောက်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုတည်ဆောက်မည့်မြို့သစ်ကို ဘော်နီယိုကျွန်းပေါ်၌ တည်ဆောက်သွားရန် ပြင်ဆင်ထားပြီး (၂၀၂၄) ခုနှစ်၌ ပြောင်းရွှေ့နေထိုင်နိုင်ရန် ပစ်မှတ်ထားနေကြပါတယ်။ အဆိုပါမြို့သစ်၌ လူဦးရေ (၆) သန်းအထိ နေထို်င်နိုင်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျရာ ဂျာဗားကျွန်းကိုပင် ကျော်လွန်ပြီး စီးပွားရေးတိုးတက်နိုင်ဖွယ်ရှိပါတယ်။

JLL အင်ဒိုနီးရှားရဲ့ သုတေသနမန်နေဂျာတစ်ဦးဖြစ်သူ Yunus Karim က “မြို့သစ်စီမံကိန်းကို ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဝင်တွေထဲမှာ Softbank နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair တို့လိုပုဂ္ဂိုလ်တွေ ပါဝင်နေတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်မှာပါ။ ဒါ့အပြင် ဒီကနေတစ်ဆင့် အင်ဒိုနီးရှားအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီးလူဝင်ဆံ့ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။” ဟု သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတဖြစ်သူ Joko Widodo က ယခုတည်ဆောက်မည့် မြို့သစ်စီမံကိန်း၌ နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်းတည်ဆောက်သွားမည်ဟု ဆိုထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသူနိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါကြောင်း သက်သေပြနိုင်ရန် ရည်ရွယ်ထားပါတယ်။ Karim ကလည်း “မြို့သစ်စီမံကိန်းအတွက် ပုံကြမ်းရေးဆွဲနေချိန်မှာတင် ဒီစီမံကိန်းမှာ ရင်းနှီီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားသူတွေ တိုးပွားလာပါတယ်။ စမတ်ကျပြီး စိမ်းလန်းတဲ့မြို့တစ်မြို့ကို နည်းပညာတွေ၊ စွမ်းအင်အရင်းအမြစ်တွေနဲ့ ပေါင်းစပ်တည်ဆောက်ဖို့ ကြိုးပမ်းနေတာကြောင့် အခုလိုပဲ စိတ်ဝင်စားမှုတွေ ပိုမိုမြင့်တက်လာတာပါ။” ဟု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိိုနီးရှားအစိုးရက စီစဉ်ထားသည့် မြို့သစ်အတွင်း သယ်ယူပို့ဆောင်ရေးစနစ်ကလည်း ဒေသခံ Go- Jek နဲ့ Softbank ကို ကျောထောက်နောက်ခံပြုထားသည့် Grab တို့အတွက် မျက်စိကျစရာဖြစ်နေပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် အဆိုပါကုမ္ပဏီနှစ်ခုအနေဖြင့် မြို့သစ်စီမံကိန်းအတွက် မိတ်ဖက်ကုမ္ပဏီများပင် ဖြစ်လာနိုင်ပါတယ်။ မြို့သစ်စီမံကိန်း၌ လမ်းများဆောက်လုပ်ခြင်း၊ ရေပေးဝေခြင်းနဲ့ လျှပ်စစ်ဓာတ်အားပေးခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် အဆောက်အဦးများကို ဦးစားပေးဆောက်လုပ်သွားရန် ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် ယခုကဲ့သို့ မြို့သစ်တည်ဆောက်ခြင်းက လက်ရှိမြို့တော်ဂျာကာတာရဲ့ အရေးပါအရာရောက်မှုကို လျှော့ချသွားမည်မဟုတ်ဘဲ ဂျာကာတာမြို့ကို အရှေ့တောင်အာရှဒေသရဲ့ အရေးပါသည့် ကုန်သွယ်ရေး အချက်အချာဒေသတစ်ခုအဖြစ် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း၊ ဂျာကာတာမြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာ (၄၀) ဘီလီယံပြင်ဆင်ထားကြောင်း ဂျာကာတာအခြေစိုက် စီးပွားရေးလုပ်ငန်းများကို သမ္မတ Joko Widodo က ဖွင့်ဟပြောကြားထားပါတယ်။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်၍လည်း Karim က “မြို့သစ်တည်ဆောက်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေက အဓိကသော့ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ အစိုးရက စိမ်းလန်းတဲ့မြို့ကိုတည်ဆောက်တဲ့နေရာမှာ ဒီပြည်နယ်ရဲ့ သစ်တောပြုန်းတီးမှုကို တားဆီးဖို့နဲ့ မြို့သစ်တည်ဆောက်တဲ့နေရာမှာ မထင်မှတ်ဘဲ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် တင်းကျပ်တဲ့အုပ်ချုပ်ရေးစနစ်လိုအပ်ပါတယ်။” ဟု အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

ၿမိဳ႕ေတာ္သစ္တည္ေဆာက္မည့္ အင္ဒိုနီးရွားႏိုင္ငံအေပၚ ရင္းႏွီးျမွဳပ္ႏွံသူမ်ား ပိုမိုစိတ္ဝင္စားလာ။

အင္ဒိုနီးရွားႏိုင္ငံသည္ ၿမိဳ႕ေတာ္သစ္ကို စတင္တည္ေဆာက္ရန္ျပင္ဆင္ေနၿပီး ေဒၚလာ (၃၄) ဘီလီယံကုန္က်မည့္ အဆိုပါစီမံကိန္း၌ရင္းႏွီးျမွဳပ္ႏွံရန္အတြက္ စိတ္ဝင္စားသူမ်ား တိုးပြားလ်က္ရွိေၾကာင္း သိရွိရပါတယ္။ အဆိုပါစီမံကိန္းအတြက္ ကုန္က်မည့္ေငြေၾကးပမာဏကို Softbank က တရားဝင္ အတည္ျပဳေၾကညာျခင္း မရွိေသးေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံရဲ႕  ေရေၾကာင္းနဲ႔ရင္းႏွီးျမွဳပ္ႏွံမႈညွိႏိႈင္းေရးဆိုင္ရာဝန္ႀကီးျဖစ္သူ hut Pandjaitan ကမူ  ေဟာင္ေကာင္နဲ႔  ေတာင္ကိုရီးယား ရင္းႏွီးျမွဳပ္ႏွံသူမ်ားက အဆိုပါစီမံကိန္း၌ ေဒၚလာဘီလီယံနဲ႔ခ်ီၿပီး ရင္းႏွီးျမွဳပ္ႏွံရန္ စိတ္ဝင္စားေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံရဲ႕လက္ရွိၿမိဳ႕ေတာ္သည္ ဂ်ာကာတာၿမိဳ႕ပင္ျဖစ္လင့္ကစား ၿမိဳ႕ေတာ္အတြင္း ဆိုးရြားသည့္ ပိတ္ဆို႔မႈမ်ားနဲ႔ အၿမဲလိုလိုေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ယခုကဲ့သို႔ ၿမိဳ႕ေတာ္သစ္ကို တည္ေဆာက္ရန္ စီစဥ္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ယခုတည္ေဆာက္မည့္ၿမိဳ႕သစ္ကို ေဘာ္နီယိုကြ်န္းေပၚ၌ တည္ေဆာက္သြားရန္ ျပင္ဆင္ထားၿပီး (၂၀၂၄) ခုႏွစ္၌ ေျပာင္းေရႊ႕ေနထိုင္ႏိုင္ရန္ ပစ္မွတ္ထားေနၾကပါတယ္။ အဆိုပါၿမိဳ႕သစ္၌ လူဦးေရ (၆) သန္းအထိ ေနထို္င္ႏိုင္ၿပီး အင္ဒိုနီးရွားႏုိင္ငံရဲ႕ စီးပြားေရးအခ်က္အခ်ာက်ရာ ဂ်ာဗားကြ်န္းကိုပင္  ေက်ာ္လြန္ၿပီး စီးပြားေရးတုိးတက္ႏိုင္ဖြယ္ရွိပါတယ္။

JLL အင္ဒိုနီးရွားရဲ႕ သုေတသနမန္ေနဂ်ာတစ္ဦးျဖစ္သူ Yunus Karim က “ၿမိဳ႕သစ္စီမံကိန္းကို ဦးေဆာင္တဲ့  ေကာ္မတီအဖဲြ႕ဝင္ေတြထဲမွာ Softbank နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း Tony Blair တုိ႔လိုပုဂၢိဳလ္ေတြ ပါဝင္ေနတာက ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြကို ပိုမိုဆဲြေဆာင္ႏုိင္မွာပါ။ ဒါ့အျပင္ ဒီကေနတစ္ဆင့္ အင္ဒိုနီးရွားအစိုးရအေနနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ ပိုၿပီးလူဝင္ဆံ့ဖို႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။” ဟု သံုးသပ္ေျပာၾကားသြားခဲ့ပါတယ္။

အင္ဒိုနီးရွားသမၼတျဖစ္သူ Joko Widodo က ယခုတည္ေဆာက္မည့္ ၿမိဳ႕သစ္စီမံကိန္း၌  ေနာက္ဆံုးေပၚ နည္းပညာမ်ားကို ထည့္သြင္းတည္ေဆာက္သြားမည္ဟု ဆိုထားၿပီး ၿမိဳ႕ျပဖံြ႕ၿဖိဳးတိုးတက္မႈက ႏုိင္ငံသူႏိုင္ငံသားမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအတြက္ အေရးပါေၾကာင္း သက္ေသျပႏုိင္ရန္ ရည္ရြယ္ထားပါတယ္။ Karim ကလည္း “ၿမိဳ႕သစ္စီမံကိန္းအတြက္ ပံုၾကမ္းေရးဆဲြေနခ်ိန္မွာတင္ ဒီစီမံကိန္းမွာ ရင္းႏီွီးျမွဳပ္ႏွံဖို႔အတြက္ စိတ္ဝင္စားသူေတြ တုိးပြားလာပါတယ္။ စမတ္က်ၿပီး စိမ္းလန္းတဲ့ၿမိဳ႕တစ္ၿမိဳ႕ကို နည္းပညာေတြ၊ စြမ္းအင္အရင္းအျမစ္ေတြနဲ႔ ေပါင္းစပ္တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အခုလိုပဲ စိတ္ဝင္စားမႈေတြ ပိုမိုျမင့္တက္လာတာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အင္ဒိိုနီးရွားအစိုးရက စီစဥ္ထားသည့္ ၿမိဳ႕သစ္အတြင္း သယ္ယူပို႔ေဆာင္ေရးစနစ္ကလည္း ေဒသခံ Go- Jek နဲ႔ Softbank ကို ေက်ာေထာက္ေနာက္ခံျပဳထားသည့္ Grab တို႔အတြက္ မ်က္စိက်စရာျဖစ္ေနၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္သည့္ အဆိုပါကုမၸဏီႏွစ္ခုအေနျဖင့္ ၿမိဳ႕သစ္စီမံကိန္းအတြက္ မိတ္ဖက္ကုမၸဏီမ်ားပင္ ျဖစ္လာႏိုင္ပါတယ္။ ၿမိဳ႕သစ္စီမံကိန္း၌ လမ္းမ်ားေဆာက္လုပ္ျခင္း၊ ေရေပးေဝျခင္းနဲ႔ လွ်ပ္စစ္ဓာတ္အားေပးျခင္းလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ အေဆာက္အဦးမ်ားကို ဦးစားေပးေဆာက္လုပ္သြားရန္ ျပင္ဆင္ထားပါတယ္။

ဒါေပမယ့္ ယခုကဲ့သို႔ ၿမိဳ႕သစ္တည္ေဆာက္ျခင္းက လက္ရွိၿမိဳ႕ေတာ္ဂ်ာကာတာရဲ႕ အေရးပါအရာေရာက္မႈကို  ေလွ်ာ့ခ်သြားမည္မဟုတ္ဘဲ ဂ်ာကာတာၿမိဳ႕ကို အေရွ႕ေတာင္အာရွေဒသရဲ႕ အေရးပါသည့္ ကုန္သြယ္ေရး အခ်က္အခ်ာေဒသတစ္ခုအျဖစ္ ဆက္လက္ထားရွိသြားမည္ျဖစ္ေၾကာင္း၊ ဂ်ာကာတာ ၿမိဳ႕ျပဖံြ႕ၿဖိဳးတိုးတက္မႈအတြက္ ေဒၚလာ (၄၀) ဘီလီယံျပင္ဆင္ထားေၾကာင္း ဂ်ာကာတာအေျခစိုက္ စီးပြားေရးလုပ္ငန္းမ်ားကို သမၼတ Joko Widodo က ဖြင့္ဟေျပာၾကားထားပါတယ္။

ၿမိဳ႕သစ္စီမံကိန္းနဲ႔ ပတ္သက္၍လည္း Karim က “ၿမိဳ႕သစ္တည္ေဆာက္တဲ့ေနရာမွာ စည္းမ်ဥ္းစည္းကမ္းေတြက အဓိကေသာ့ခ်က္တစ္ခုျဖစ္လာပါလိမ့္မယ္။ အစိုးရက စိမ္းလန္းတဲ့ၿမိဳ႕ကိုတည္ေဆာက္တဲ့ေနရာမွာ ဒီျပည္နယ္ရဲ႕ သစ္ေတာျပဳန္းတီးမႈကို တားဆီးဖို႔နဲ႔ ၿမိဳ႕သစ္တည္ေဆာက္တဲ့ေနရာမွာ မထင္မွတ္ဘဲ ရင္ဆိုင္ရမယ့္ အႏၱရာယ္ေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ တင္းက်ပ္တဲ့အုပ္ခ်ဳပ္ေရးစနစ္လိုအပ္ပါတယ္။” ဟု အဆံုးသတ္ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro