Flipped the switch ဆိုသည့် Challenge က လက်ရှိ Tik Tok ပေါ်၌ ရေပန်းအစားဆုံးဖြစ်နေသည့် Challenge တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ Challenge ၌ လူနှစ်ဦးပါဝင်ပြီး Drake ရဲ့ Nonstop သီချင်းကို နောက်ခံတီးလုံးအဖြစ် အသုံးပြုကာ ကပြရသည့် Challenge တစ်ခုဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Elizabeth Warren နဲ့ အမေရိကန်မင်းသမီးတစ်ဦးဖြစ်သူ Kate McKinnon တို့က အဆိုပါ Challenge ကို အစပြုခဲ့ကြပြီး လက်ရှိအချိန်၌ ဟောလိဝုဒ်ရဲ့ နာမည်ကျော် Jennifer Lopez ကလည်း သူမရဲ့ချစ်သူ Alex Rodriguez နဲ့အတူ အဆိုပါ Challenge ကို ပြုလုပ်ပြသွားခဲ့ပါတယ်။
𝗙𝗹𝗶𝗽𝗽𝗲𝗱 𝘁𝗵𝗲 𝘀𝘄𝗶𝘁𝗰𝗵. pic.twitter.com/t8qHcGRUhY
— Saturday Night Live – SNL (@nbcsnl) March 8, 2020
အဆိုပါ Tik Tok ဗီဒီယိုရဲ့အစပိုင်း၌ မှန်ရှေ့တွင်ရပ်နေသော Alex ကဖုန်းကိုကိုင်ရင်း ဗီဒီယိုရိုက်ကူးပေးနေပြီး Jennifer က သူမရဲ့ဆွဲဆောင်မှုအပြည့်ရှိသည့် ခန္ဓာကိုယ်ဖြင့် Alex ရဲ့နောက်မှကပြနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းဗီဒီယို၌မူ Jennifer က Alex ရဲ့ပုံစံအတိုင်းလိုက်လံဝတ်ဆင်ပြီး မှန်ရှေ့၌ ဖုန်းဖြင့်ဗီဒီယိုရိုက်နေကာ Alex က Jennifer လိုဝတ်ဆင်ပြီး ပြန်လည်ကပြခဲ့ပါတယ်။ အဆိုပါ Tik Tok ဗီဒီယိုက ပရိသတ်တွေအကြား ရေပန်းစားကျော်ကြားနေပြီး Alex ရဲ့ သရုပ်ဆောင်ပုံကိုလည်း ပရိသတ်တွေက အလွန်အမင်း သဘောကျလျက်ရှိကြောင်း သိရှိရပါတယ်။
Jennifer နဲ့ Alex တို့ နှစ်ဦးသည် (၃) နှစ်ကြာမေတ္တာမျှလာခဲ့ကြသူများဖြစ်ပြီး ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ မတ်လအတွင်းက စေ့စပ်ခဲ့ကြပေမယ့် လက်ရှိအချိန်အထိ မင်္ဂလာပွဲကို ကျင်းပရခြင်းမရှိသေးကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
ပရိသတ္မ်ားသေဘာက်ေစမည့္ Jennifer Lopez ရဲ႕ Tik Tok ဗီဒီယို။
Flipped the switch ဆိုသည့္ Challenge က လက္ရွိ Tik Tok ေပၚ၌ ေရပန္းအစားဆံုးျဖစ္ေနသည့္ Challenge တစ္ခုပဲျဖစ္ပါတယ္။ အဆုိပါ Challenge ၌ လူႏွစ္ဦးပါဝင္ၿပီး Drake ရဲ႕ Nonstop သီခ်င္းကို ေနာက္ခံတီးလံုးအျဖစ္ အသံုးျပဳကာ ကျပရသည့္ Challenge တစ္ခုျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ အထက္လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ Elizabeth Warren နဲ႔ အေမရိကန္မင္းသမီးတစ္ဦးျဖစ္သူ Kate McKinnon တို႔က အဆုိပါ Challenge ကို အစျပဳခဲ့ၾကၿပီး လက္ရွိအခ်ိန္၌ ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္ Jennifer Lopez ကလည္း သူမရဲ႕ခ်စ္သူ Alex Rodriguez နဲ႔အတူ အဆုိပါ Challenge ကို ျပဳလုပ္ျပသြားခဲ့ပါတယ္။
𝗙𝗹𝗶𝗽𝗽𝗲𝗱 𝘁𝗵𝗲 𝘀𝘄𝗶𝘁𝗰𝗵. pic.twitter.com/t8qHcGRUhY
— Saturday Night Live – SNL (@nbcsnl) March 8, 2020
အဆိုပါ Tik Tok ဗီဒီယိုရဲ႕အစပိုင္း၌ မွန္ေရွ႕တြင္ရပ္ေနေသာ Alex ကဖုန္းကိုကိုင္ရင္း ဗီဒီယုိရုိက္ကူးေပးေနၿပီး Jennifer က သူမရဲ႕ဆဲြေဆာင္မႈအျပည့္ရွိသည့္ ခႏၶာကိုယ္ျဖင့္ Alex ရဲ႕ေနာက္မွကျပေနခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းဗီဒီယို၌မူ Jennifer က Alex ရဲ႕ပံုစံအတိုင္းလိုက္လံဝတ္ဆင္ၿပီး မွန္ေရွ႕၌ ဖုန္းျဖင့္ဗီဒီယုိရိုက္ေနကာ Alex က Jennifer လိုဝတ္ဆင္ၿပီး ျပန္လည္ကျပခဲ့ပါတယ္။ အဆုိပါ Tik Tok ဗီဒီယုိက ပရိသတ္ေတြအၾကား ေရပန္းစားေက်ာ္ၾကားေနၿပီး Alex ရဲ႕ သရုပ္ေဆာင္ပံုကိုလည္း ပရိသတ္ေတြက အလြန္အမင္း သေဘာက်လ်က္ရွိေၾကာင္း သိရွိရပါတယ္။
Jennifer နဲ႔ Alex တုိ႔ ႏွစ္ဦးသည္ (၃) ႏွစ္ၾကာေမတၱာမွ်လာခဲ့ၾကသူမ်ားျဖစ္ၿပီး ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၊ မတ္လအတြင္းက ေစ့စပ္ခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္အထိ မဂၤလာပဲြကို က်င္းပရျခင္းမရွိေသးေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ Buzzfeed
#HM(Soshwe)
#soshwecelebrity
#soshweforyourdailylife
#likeandshare