Breaking News

လူသားများအပေါ် လွှမ်းမိုးမှုကြီးမားလာသည့် နည်းပညာပိုင်းဆိုင်ရာအခြေပြုဂိမ်းများ။

ယနေ့ခေတ်ရဲ့နောက်ဆုံးပေါ်ဂိမ်းများသည် လူသားများကို မြောက်မြားစွာသော နည်းလမ်းများဖြင့် လွှမ်းမိုးနေပြီး E&T မဂ္ဂဇင်းကလည်း နည်းပညာပိုင်းဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်၍ မကောင်းသောသရုပ်ဆောင်များနဲ့ ဂိမ်းကစားခြင်းတို့ ဆက်စပ်နေခြင်းအပေါ် လေ့လာလျက်ရှိနေပါတယ်။ ဂိမ်းကစားခြင်းက ထိုကဲ့သို့ အနှုတ်လက္ခဏာဆန်ဆန် အကျိုးသက်ရောက်မှုများဖြစ်ပေါ်နေမည်ဆိုလျှင် ကိုယ်ကျင့်တရားနဲ့ပတ်သက်သည့် ကိစ္စများကိုပါ အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါတယ်။

နာမည်ကျော်ထိပ်တန်းဂိမ်းများသည် လူမှုပတ်ဝန်းကျင်ကို ဟန်ချက်ညီမျှစေမှုကြောင့် နာမည်ကြီးခြင်းမဟုတ်ဘဲ သကြားလုံးများကို ဖျက်ဆီးသည့် Candy Crash ကဲ့သို့ဂိမ်းများကို လူမှုရေးအရလက်ခံနိုင်စရာမရှိကြောင်း အဆိုပါမဂ္ဂဇင်း၌ ရေးသားဖော်ပြခဲ့ပါတယ်။ တကယ့်လက်တွေ့၌ အကြမ်းဖက်မှုများ၊ လူထုအတွင်း သေနတ်သမားများရဲ့ အကြောင်းမဲ့ပစ်ခတ်မှုများက GTA ကဲ့သို့ မော်တော်ကားပြန်ပေးဆွဲသည့်ဂိမ်းများနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။

ဒါပေမယ့် Brock တက္ကသိုလ်မှ Gillian Dale နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များရဲ့ သုတေသနစစ်တမ်းများအရ ထိုကဲ့သို့သောဂိမ်းများက လူသားများအပေါ် တူညီသည့်အကျိုးသက်ရောက်မှုမဖြစ်စေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေနတ်ပစ်ဂိမ်းကို တီထွင်ရေးဆွဲသူများက ဂိမ်းထဲမှအတိုင်း ပြင်ပလောက၌ လိုက်ပါဆောင်ရွက်ခြင်းမရှိရန် သတိပေးမှုများကို ဂိမ်းအတွင်းထည့်သွင်းရေးဆွဲထားလေ့ရှိပါတယ်။

အချို့သောလေ့လာမှုများအရ မဟာဗျူဟာမြောက်ဂိမ်းများကို ကစားတတ်သည့်  ကျောင်းသား၊  ကျောင်းသူများရဲ့ စွမ်းဆောင်ရည်က ကျောင်းသင်ခန်းစာများ၌လည်း အကျိုးသက်ရောက်နိုင်ကြောင်း  ဖော်ပြနေကြပါတယ်။ သက်ကြီးပိုင်းများနဲ့ဆယ်ကျော်သက်များ၌မူ ဂိမ်းကစားခြင်းနဲ့ ပတ်သက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူ၍မရခဲ့ဘဲ အချို့မှာမူ ဘာသာစကားသင်ကြားခြင်းကဲ့သို့သောဂိမ်းများကို ကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိခဲ့ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျဇာတ်ဆောင်တစ်ဦးအနေဖြင့် ကစားရသည့်ဂိမ်းများမှာမူ ဦးနှောက်အစိတ်အပိုင်းများတစ်ခုနဲ့တစ်ခုချိတ်ဆက်ခြင်းကို အလေးပေးထားကြောင်း သိရှိရပါတယ်။

ဒါ့အပြင် အမျိုးသမီးများနဲ့နှိုင်းယှဉ်လိုက်ပါက နည်းပညာပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသည့် အမျိုးသားများအပေါ် ဂိမ်းရဲ့လွှမ်းမိုးမှုက ပိုမိုကြီးမားပြီး ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် CodinGame ရဲ့ ထုတ်ပြန်ချက်အရ Web Developer များမှ ထက်ဝက်ခန့်သည် ဗီဒီယိုဂိမ်းရေးဆွဲခြင်းဆိုင်ရာပညာရပ်ကို သင်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

လူသားမ်ားအေပၚ လႊမ္းမုိးမႈႀကီးမားလာသည့္ နည္းပညာပိုင္းဆုိင္ရာအေျချပဳဂိမ္းမ်ား။

ယေန႔ေခတ္ရဲ႕ေနာက္ဆံုးေပၚဂိမ္းမ်ားသည္ လူသားမ်ားကို ေျမာက္ျမားစြာေသာ နည္းလမ္းမ်ားျဖင့္ လႊမ္းမိုးေနၿပီး E&T မဂၢဇင္းကလည္း နည္းပညာပိုင္းဆိုင္ရာနယ္ပယ္နဲ႔ ပတ္သက္၍ မေကာင္းေသာသရုပ္ေဆာင္မ်ားနဲ႔ ဂိမ္းကစားျခင္းတို႔ ဆက္စပ္ေနျခင္းအေပၚ ေလ့လာလ်က္ရွိေနပါတယ္။ ဂိမ္းကစားျခင္းက ထိုကဲ့သို႔ အႏႈတ္လကၡဏာဆန္ဆန္ အက်ိဳးသက္ေရာက္မႈမ်ားျဖစ္ေပၚေနမည္ဆုိလွ်င္ ကိုယ္က်င့္တရားနဲ႔ပတ္သက္သည့္ ကိစၥမ်ားကိုပါ အက်ိဳးသက္ေရာက္မႈျဖစ္ေစႏုိင္ပါတယ္။

နာမည္ေက်ာ္ထိပ္တန္းဂိမ္းမ်ားသည္ လူမႈပတ္ဝန္းက်င္ကို ဟန္ခ်က္ညီမွ်ေစမႈေၾကာင့္ နာမည္ႀကီးျခင္းမဟုတ္ဘဲ သၾကားလံုးမ်ားကို ဖ်က္ဆီးသည့္ Candy Crash ကဲ့သုိ႔ဂိမ္းမ်ားကို လူမႈေရးအရလက္ခံႏိုင္စရာမရွိေၾကာင္း အဆုိပါမဂၢဇင္း၌ ေရးသားေဖာ္ျပခဲ့ပါတယ္။ တကယ့္လက္ေတြ႕၌ အၾကမ္းဖက္မႈမ်ား၊ လူထုအတြင္း ေသနတ္သမားမ်ားရဲ႕ အေၾကာင္းမဲ့ပစ္ခတ္မႈမ်ားက GTA ကဲ့သို႔ ေမာ္ေတာ္ကားျပန္ေပးဆဲြသည့္ဂိမ္းမ်ားနဲ႔ ပတ္သက္ဆက္ႏြယ္ေနပါတယ္။

ဒါေပမယ့္ Brock တကၠသိုလ္မွ Gillian Dale နဲ႔ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႕ သုေတသနစစ္တမ္းမ်ားအရ ထိုကဲ့သို႔ေသာဂိမ္းမ်ားက လူသားမ်ားအေပၚ တူညီသည့္အက်ိဳးသက္ေရာက္မႈမျဖစ္ေစေၾကာင္း ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ေသနတ္ပစ္ဂိမ္းကို တီထြင္ေရးဆဲြသူမ်ားက ဂိမ္းထဲမွအတိုင္း ျပင္ပေလာက၌ လိုက္ပါေဆာင္ရြက္ျခင္းမရွိရန္ သတိေပးမႈမ်ားကို ဂိမ္းအတြင္းထည့္သြင္းေရးဆဲြထားေလ့ရွိပါတယ္။

အခ်ိဳ႕ေသာေလ့လာမႈမ်ားအရ မဟာဗ်ဴဟာေျမာက္ဂိမ္းမ်ားကို ကစားတတ္သည့္  ေက်ာင္းသား၊  ေက်ာင္းသူမ်ားရဲ႕ စြမ္းေဆာင္ရည္က ေက်ာင္းသင္ခန္းစာမ်ား၌လည္း အက်ိဳးသက္ေရာက္ႏိုင္ေၾကာင္း  ေဖာ္ျပေနၾကပါတယ္။ သက္ႀကီးပိုင္းမ်ားနဲ႔ဆယ္ေက်ာ္သက္မ်ား၌မူ ဂိမ္းကစားျခင္းနဲ႔ ပတ္သက္ၿပီး လိုအပ္ေသာ အခ်က္အလက္မ်ား ေကာက္ယူ၍မရခဲ့ဘဲ အခ်ိဳ႕မွာမူ ဘာသာစကားသင္ၾကားျခင္းကဲ့သို႔ေသာဂိမ္းမ်ားကို ႀကိဳက္ႏွစ္သက္ၾကသည္ကို ေတြ႕ရွိခဲ့ရပါတယ္။ ကိုယ္တိုင္ကိုယ္က်ဇာတ္ေဆာင္တစ္ဦးအေနျဖင့္ ကစားရသည့္ဂိမ္းမ်ားမွာမူ ဦးေႏွာက္အစိတ္အပိုင္းမ်ားတစ္ခုနဲ႔တစ္ခုခ်ိတ္ဆက္ျခင္းကို အေလးေပးထားေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ အမ်ိဳးသမီးမ်ားနဲ႔ႏိႈင္းယွဥ္လုိက္ပါက နည္းပညာပိုင္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳေနသည့္ အမ်ိဳးသားမ်ားအေပၚ ဂိမ္းရဲ႕လႊမ္းမုိးမႈက ပိုမုိႀကီးမားၿပီး ယခုႏွစ္အေစာပိုင္းက ထုတ္ျပန္ခဲ့သည့္ CodinGame ရဲ႕ ထုတ္ျပန္ခ်က္အရ Web Developer မ်ားမွ ထက္ဝက္ခန္႔သည္ ဗီဒီယုိဂိမ္းေရးဆဲြျခင္းဆုိင္ရာပညာရပ္ကို သင္ယူရန္ ဆႏၵရွိေနေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro