HomeEntertainment၂၀၁၉ ခုနှစ်ရဲ့ အကျော်ကြားဆုံးအဆိုတော်။

၂၀၁၉ ခုနှစ်ရဲ့ အကျော်ကြားဆုံးအဆိုတော်။

- Advertisement -

ဟောလီဝုဒ်အနုပညာလောကထဲကိုရောက်တာမှ သိပ်မကြာသေးပေမယ့် အောင်မြင်မှုတွေ တစ်သီတစ်တန်းကြီး ရရှိနေပြီဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် Billie Eilish ဟာ  ဟောလီဝုဒ်ဝါရင့်အဆိုတော်တွေရဲ့  အောင်မြင်မှုကို  အမှီလိုက်နိုင်လာသူပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် Global Digital Singles Chart ရဲ့ ပထမနေရာမှာ “Bad Guy” သီချင်းနဲ့ Billie Eilish ကဦးဆောင်နေခဲ့ပြီး ဒုတိယနေရာကိုတော့ “Old Town Road” သီချင်းနဲ့ Lil Nas X က ရရှိခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ Billie Eilish ကို ဆယ်ကျော်သက်အရွယ်လေးတွေအပြင် အသက် ၂၀  ကျော်၊ ၃၀ ကျော်တွေကလည်း သဘောကျအားပေးကြပါတယ်။ ဒါ့အပြင်  ဟောလီဝုဒ်အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တစ်ချို့ဟာလည်း Billie Eilish ရဲ့ အမာခံပရိသတ်တွေ ဖြစ်ကြပါတယ်။ Billie Eilish လေးကို လူတွေက သဲသဲလှုပ်ချစ်ကြတာက သူ့ရဲ့သီချင်းကြောင့်လား ? ဒါမှမဟုတ် သူ့ရဲ့စတိုင်ကြောင့်လား ?  အမှန်တကယ်တော့ ၂ခုလုံးကြောင့်ပါပဲ။

- Advertisement -

- Advertisement -

Billie Eilishလေးဟာ စကားကို ပွင့်လင်းစွာပြောတတ်ပြီး  ပျော်ပျော်နေတတ်တဲ့  သာမန်ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Billie လေးရဲ့ ဖက်ရှင်ကိုကြည့်မယ်ဆိုရင်တော့ သူမဟာ သူ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို  ဖုံးကွယ်ထားလိုတာကြောင့် အမြဲတမ်း အကျႌပွပွ ဘောင်းဘီပွပွတွေဝတ်ထားတတ်ပါတယ်။ အဲ့ဒီအချက်ကပဲ အခြားအနုပညာရှင်အမျိုးသမီးတွေနဲ့  ကွာခြားတဲ့အချက်ဖြစ်နေပြီး  အကျႌပွပွ၊  ဘောင်းဘီပွပွဝတ်ထားတာတောင်မှ ချစ်စရာကောင်းနေပြန်ပါတယ်။

- Advertisement -

Billie ရဲ့ သီချင်းအများစုကို  နားထောင်ကြည့်မယ်ဆိုရင် အနည်းငယ်  ခြောက်ခြားစရာကောင်းသလို  မြူးမြူးကြွကြွ ပုံစံမျိုးလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ Billie Eilish  လေးဟာ  အခြားသောဆယ်ကျော်သက်အရွယ်တွေ ခံစားရလေ့ရှိတဲ့ မသေချာမရေရာတဲ့ခံစားချက်တွေကို ခံစားရလေ့ရှိကြောင်းကို သူ့ရဲ့သီချင်းတွေကို နားထောင်ကြည့်ရုံနဲ့ တန်းသိနိုင်ပါတယ်။

Billie Eilish ရဲ့ “Bad Guy” သီချင်းဟာ နိုင်ငံတစ်ဝှမ်းက နိုင်ငံ ၁၅ နိုင်ငံရဲ့ ဂီတစာရင်းမှာ  လူကြိုက်အများဆုံးသီချင်းအဖြစ် ထိပ်ဆုံးကနေရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ၆၂ ကြိမ်မြောက် Grammy ဆုပေးပွဲမှာလည်း Billie Eilish ရဲ့ “Bad Guy” သီချင်းဟာ တစ်နှစ်တာအကောင်းဆုံးတေးသံဆုနဲ့ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Billie Eilish နဲ့ ပတ်သက်ပြီး   နောက်ထပ်သဘောကျစရာအကောင်းဆုံးအချက်က  သူ့ရဲ့အေးဆေးတည်ငြိမ်ပြီး နာကျင်ကြေကွဲနေတယ်လို့ ထင်ရတဲ့ စွဲမက်ဖွယ်အသံလေးပဲဖြစ်ပါတယ်။ Billie Eilish ဟာ စိတ်ကျန်းမာရေးနဲ့  သက်ဆိုင်တဲ့အကြောင်းအရာတွေကို သူ့ရဲ့သီချင်းစာသားတွေမှာ အမြဲတမ်းနီးပါး ရေးသားဖော်ပြလေ့ရှိပါတယ်။ Billie Eilish ရဲ့အသွင်အပြင် နဲ့ အနုပညာအရည်အချင်းက အခြားသောအနုပညာရှင်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကွဲပြားခြားနားပြီး ဆန်းသစ်နေတာဟာ Billie ရဲ့ အားသာချက်ပဲလို့ဆိုရပါမယ်။

<Unicode Version>

 

 

 

၂၀၁၉ ခုႏွစ္ရဲ႕ အေက်ာ္ၾကားဆံုးအဆိုေတာ္။

ေဟာလီဝုဒ္အႏုပညာေလာကထဲကိုေရာက္တာမွ သိပ္မၾကာေသးေပမယ့္ ေအာင္ျမင္မႈေတြ တစ္သီတစ္တန္းႀကီး ရရွိေနၿပီျဖစ္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ Billie Eilish ဟာ  ေဟာလီဝုဒ္ဝါရင့္အဆိုေတာ္ေတြရဲ႕  ေအာင္ျမင္မႈကို  အမွီလိုက္ႏိုင္လာသူပဲျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ Global Digital Singles Chart ရဲ႕ ပထမေနရာမွာ “Bad Guy” သီခ်င္းနဲ႔ Billie Eilish ကဦးေဆာင္ေနခဲ့ၿပီး ဒုတိယေနရာကိုေတာ့ “Old Town Road” သီခ်င္းနဲ႔ Lil Nas X က ရရွိခဲ့ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္သာရွိေသးတဲ့ Billie Eilish ကို ဆယ္ေက်ာ္သက္အရြယ္ေလးေတြအျပင္ အသက္ ၂၀  ေက်ာ္၊ ၃၀ ေက်ာ္ေတြကလည္း သေဘာက်အားေပးၾကပါတယ္။ ဒါ့အျပင္  ေဟာလီဝုဒ္အႏုပညာအသိုင္းအဝိုင္းက အႏုပညာရွင္တစ္ခ်ိဳ႕ဟာလည္း Billie Eilish ရဲ႕ အမာခံပရိသတ္ေတြ ျဖစ္ၾကပါတယ္။ Billie Eilish ေလးကို လူေတြက သဲသဲလႈပ္ခ်စ္ၾကတာက သူ႔ရဲ႕သီခ်င္းေၾကာင့္လား ? ဒါမွမဟုတ္ သူ႔ရဲ႕စတိုင္ေၾကာင့္လား ?  အမွန္တကယ္ေတာ့ ၂ခုလံုးေၾကာင့္ပါပဲ။

Billie Eilishေလးဟာ စကားကို ပြင့္လင္းစြာေျပာတတ္ၿပီး  ေပ်ာ္ေပ်ာ္ေနတတ္တဲ့  သာမန္ဆယ္ေက်ာ္သက္အရြယ္ ေကာင္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Billie ေလးရဲ႕ ဖက္ရွင္ကိုၾကည့္မယ္ဆိုရင္ေတာ့ သူမဟာ သူ႔ရဲ႕ခႏၶာကိုယ္ေကာက္ေၾကာင္းအလွကို  ဖုံးကြယ္ထားလိုတာေၾကာင့္ အၿမဲတမ္း အက်ႌပြပြ ေဘာင္းဘီပြပြေတြဝတ္ထားတတ္ပါတယ္။ အဲ့ဒီအခ်က္ကပဲ အျခားအႏုပညာရွင္အမ်ိဳးသမီးေတြနဲ႔  ကြာျခားတဲ့အခ်က္ျဖစ္ေနျပီး  အက်ႌပြပြ၊  ေဘာင္းဘီပြပြဝတ္ထားတာေတာင္မွ ခ်စ္စရာေကာင္းေနျပန္ပါတယ္။

Billie ရဲ႕ သီခ်င္းအမ်ားစုကို  နားေထာင္ၾကည့္မယ္ဆိုရင္ အနည္းငယ္  ေျခာက္ျခားစရာေကာင္းသလို  ျမဴးျမဴးၾကြၾကြ ပုံစံမ်ိဳးလည္းျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္သာရွိေသးတဲ့ Billie Eilish  ေလးဟာ  အျခားေသာဆယ္ေက်ာ္သက္အရြယ္ေတြ ခံစားရေလ့ရွိတဲ့ မေသခ်ာမေရရာတဲ့ခံစားခ်က္ေတြကို ခံစားရေလ့ရွိေၾကာင္းကို သူ႔ရဲ႕သီခ်င္းေတြကို နားေထာင္ၾကည့္႐ံုနဲ႔ တန္းသိႏိုင္ပါတယ္။

Billie Eilish ရဲ႕ “Bad Guy” သီခ်င္းဟာ ႏိုင္ငံတစ္ဝွမ္းက ႏိုင္ငံ ၁၅ ႏိုင္ငံရဲ႕ ဂီတစာရင္းမွာ  လူႀကိဳက္အမ်ားဆံုးသီခ်င္းအျဖစ္ ထိပ္ဆံုးကေနရပ္တည္ေနခဲ့တာပဲျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ က်င္းပခဲ့တဲ့ ၆၂ ႀကိမ္ေျမာက္ Grammy ဆုေပးပြဲမွာလည္း Billie Eilish ရဲ႕ “Bad Guy” သီခ်င္းဟာ တစ္ႏွစ္တာအေကာင္းဆံုးေတးသံဆုနဲ႔ တစ္ႏွစ္တာအေကာင္းဆံုးသီခ်င္းဆုတို႔ကို ဆြတ္ခူးရရွိခဲ့ပါတယ္။

Billie Eilish နဲ႔ ပတ္သက္ၿပီး   ေနာက္ထပ္သေဘာက်စရာအေကာင္းဆံုးအခ်က္က  သူ႔ရဲ႕ေအးေဆးတည္ၿငိမ္ၿပီး နာက်င္ေၾကကြဲေနတယ္လို႔ ထင္ရတဲ့ စြဲမက္ဖြယ္အသံေလးပဲျဖစ္ပါတယ္။ Billie Eilish ဟာ စိတ္က်န္းမာေရးနဲ႔  သက္ဆိုင္တဲ့အေၾကာင္းအရာေတြကို သူ႔ရဲ႕သီခ်င္းစာသားေတြမွာ အၿမဲတမ္းနီးပါး ေရးသားေဖာ္ျပေလ့ရွိပါတယ္။ Billie Eilish ရဲ႕အသြင္အျပင္ နဲ႔ အႏုပညာအရည္အခ်င္းက အျခားေသာအႏုပညာရွင္ေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ ကြဲျပားျခားနားၿပီး ဆန္းသစ္ေနတာဟာ Billie ရဲ႕ အားသာခ်က္ပဲလို႔ဆိုရပါမယ္။

<Zawgyi Version>

 

 

Source ~ Unilad

#SY(Soshwe)

#soshwecelebrity

#soshweforyourdailylife

#likeandshare

 

 

 

 

 

- Advertisement -

Must Read