Breaking News

စစ်မြေပြင်မှာတွေ့ရှိခဲ့တဲ့ခွေးလေးကို အမေရိကန်ပြည်ထောင်စုကို ခေါ်ယူလာနိုင်ဖို့အတွက် ကြိုးစားနေကြတဲ့ စစ်သားများ။

စစ်ပွဲတွေဖြစ်ပေါ်နေတဲ့ အရပ်ဒေသမှာလူဖြစ်ရတာဟာ အတော်လေးကိုကံဆိုးတယ်လို့ ဆိုရပါမယ်။ မနက်ခင်းနေရောင်ခြည်နွေးနွေးအောက်မှာ ပြေးဆော့ခွင့်မရတော့တဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေ၊ စစ်လက်နက်တွေရဲ့ ဖျက်ဆီးမှုကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ ရှင်သန်နေရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်းကို စေ့စေ့စပ်စပ်တွေးကြည့်မယ်ဆိုရင် စိတ်နှလုံးကြေကွဲဖွယ်ရာပဲ အဖတ်တင်တော့မယ်။

ဆီးရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲအတွက် တာဝန်ကျတဲ့ အမေရိကန်စစ်သားတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာ ခွေးငယ်လေးတွေရဲ့ အော်သံကို ကြားခဲ့ရပြီး အသံလာရာကို သွားရောက်ကြည့်ရှုတဲ့အခါမှာတော့ ခွေးငယ်လေး ၆ ကောင်ကို တွေ့ရှိခဲ့ရကာ ၆ ကောင်အနက် ၁ ကောင်သာ အသက်ရှင်ကျန်ရစ်နေပါတော့တယ်။

 

စစ်သားတွေကလည်း အသက်ရှင်ကျန်ရစ်နေတဲ့ ခွေးလေးကို စခန်းအထိခါ်ဆောင်လာခဲ့ပြီး Harley လို့ နာမည်ပေးခဲ့ပါတယ်။ ဒါ့အပြင် စစ်သားတွေက Harley လေးကို အခုလိုမျိုးစစ်မြေပြင်မှာ မရှင်သန်စေချင်ဘဲ စစ်မက်တွေမဖြစ်ပွားတဲ့ အေးချမ်းတဲ့အရပ်မှာ သဘောကောင်းတဲ့ သခင်အသစ်ရဲ့ရင်ခွင်ထဲမှာ ရှင်သန်စေချင်ပါတယ်။

ဒါကြောင့်လည်း စစ်သားတွေက “Paws of War” လို့အမည်ရတဲ့ စစ်မြေပြင်က အိမ်မွေးတိရစ္ဆာန်လေးတွေကို ကယ်ဆယ်ပြီး စစ်ဖြစ်ပွားခြင်းမရှိတဲ့ အေးချမ်းတဲ့အရပ်ဒေသကို ခေါ်ဆောင်လာပေးတဲ့ အဖွဲ့အစည်းကို ဆက်သွယ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ Robert Misseri က “အမေရိကန်စစ်သားတွေက Harley ကို ကယ်ဆယ်ခဲ့တယ်။ Harley ရဲ့ဖြစ်တည်ရှင်သန်နေမှုကလည်း မနှစ်မြို့ဖွယ် စစ်အနိဋ္ဌာရုံတွေကို နေ့စဉ်မြင်နေရတဲ့ စစ်သားတွေရဲ့ စိတ်အမောကို ဖြေပေးနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

 

 

ဒါ့အပြင် “Paws of War” အဖွဲ့အစည်းက Harley ကို အမေရိကန်ပြည်ထောင်စုကို ခေါ်ယူနိုင်ရန် ဒေါ်လာ ၆၀၀၀ ခန့် လိုအပ်နေတာမို့ ခွေးလေးတွေကို ချစ်မြတ်နိုးသူတွေအနေနဲ့ တတ်နိုင်တဲ့ငွေပမာဏကို လှူဒါန်းပေးဖို့ တောင်းခံလျက်ရှိပါတယ်။

<Unicode Version>

 

 

စစ္ေျမျပင္မွာေတြ႕ရွိခဲ့တဲ့ေခြးေလးကို အေမရိကန္ျပည္ေထာင္စုကို ေခၚယူလာႏိုင္ဖို႔အတြက္ ႀကိဳးစားေနၾကတဲ့ စစ္သားမ်ား။

စစ္ပြဲေတြျဖစ္ေပၚေနတဲ့ အရပ္ေဒသမွာလူျဖစ္ရတာဟာ အေတာ္ေလးကိုကံဆိုးတယ္လို႔ ဆိုရပါမယ္။ မနက္ခင္းေနေရာင္ျခည္ေႏြးေႏြးေအာက္မွာ ေျပးေဆာ့ခြင့္မရေတာ့တဲ့ အျပစ္ကင္းစင္တဲ့ ကေလးငယ္ေတြ၊ စစ္လက္နက္ေတြရဲ႕ ဖ်က္ဆီးမႈေၾကာင့္ ၿပိဳက်ပ်က္စီးေနတဲ့ အေဆာက္အအံုေတြၾကားမွာ ရွင္သန္ေနရတဲ့ အိမ္ေမြးတိရစာၦန္ေလးေတြအေၾကာင္းကို ေစ့ေစ့စပ္စပ္ေတြးၾကည့္မယ္ဆိုရင္ စိတ္ႏွလံုးေၾကကြဲဖြယ္ရာပဲ အဖတ္တင္ေတာ့မယ္။

ဆီးရီးယားႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုၾကားမွာ ျဖစ္ေပၚေနတဲ့ စစ္ပြဲအတြက္ တာဝန္က်တဲ့ အေမရိကန္စစ္သားေတြဟာ စစ္မက္ျဖစ္ပြားေနတဲ့အခ်ိန္မွာ  ေခြးငယ္ေလးေတြရဲ႕ ေအာ္သံကို ၾကားခဲ့ရၿပီး အသံလာရာကို သြားေရာက္ၾကည့္႐ႈတဲ့အခါမွာေတာ့  ေခြးငယ္ေလး ၆ ေကာင္ကို  ေတြ႕ရွိခဲ့ရကာ ၆ ေကာင္အနက္ ၁ ေကာင္သာ အသက္ရွင္က်န္ရစ္ေနပါေတာ့တယ္။

စစ္သားေတြကလည္း အသက္ရွင္က်န္ရစ္ေနတဲ့ ေခြးေလးကို စခန္းအထိခၚေဆာင္လာခဲ့ၿပီး Harley လို႔ နာမည္ေပးခဲ့ပါတယ္။ ဒါ့အျပင္ စစ္သားေတြက Harley ေလးကို အခုလိုမ်ိဳးစစ္ေျမျပင္မွာ မရွင္သန္ေစခ်င္ဘဲ စစ္မက္ေတြမျဖစ္ပြားတ့ဲ ေအးခ်မ္းတဲ့အရပ္မွာ သေဘာေကာင္းတဲ့ သခင္အသစ္ရဲ႕ရင္ခြင္ထဲမွာ ရွင္သန္ေစခ်င္ပါတယ္။

ဒါေၾကာင့္လည္း စစ္သားေတြက “Paws of War” လို႔အမည္ရတဲ့ စစ္ေျမျပင္က အိမ္ေမြးတိရစာၦန္ေလးေတြကို ကယ္ဆယ္ၿပီး စစ္ျဖစ္ပြားျခင္းမရွိတ့ဲ ေအးခ်မ္းတဲ့အရပ္ေဒသကို ေခၚေဆာင္လာေပးတဲ့ အဖြဲ႔အစည္းကို ဆက္သြယ္ခဲ့ပါတယ္။ အဆိုပါအဖြဲ႔အစည္းက ေခါင္းေဆာင္တစ္ဦးျဖစ္သူ Robert Misseri က “အေမရိကန္စစ္သားေတြက Harley ကို ကယ္ဆယ္ခဲ့တယ္။ Harley ရဲ႕ျဖစ္တည္ရွင္သန္ေနမႈကလည္း မႏွစ္ၿမိဳ႕ဖြယ္ စစ္အနိ႒ာ႐ံုေတြကို ေန႔စဥ္ျမင္ေနရတဲ့ စစ္သားေတြရဲ႕ စိတ္အေမာကို ေျဖေပးႏိုင္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

ဒါ့အျပင္ “Paws of War” အဖြဲ႕အစည္းက Harley ကို အေမရိကန္ျပည္ေထာင္စုကို ေခၚယူႏိုင္ရန္ ေဒၚလာ ၆၀၀၀ ခန္႔ လိုအပ္ေနတာမို႕ ေခြးေလးေတြကို ခ်စ္ျမတ္ႏိုးသူေတြအေနနဲ႕ တတ္ႏိုင္တဲ့ေငြပမာဏကို လွဴဒါန္းေပးဖို႔ ေတာင္းခံလ်က္ရွိပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshweanimals

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ရဲတပ်ဖွဲ့ဝင် မြင်းတစ်ကောင်ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်။

မာဆေးဆိုက််ဒ်ရဲတပ်ဖွဲ့၌ နှစ်ပေါင်း (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မြင်းတစ်ကောင်သည် နံနက်မိုးလင်းပါက လက်ဖက်ရည်တစ်ခွက််ကို ပုံမှန်သောက်သုံးလေ့ရှိကြောင်း သိရှိရပါတယ်။ Jack ဟု အမည်ရသည့် အသက် (၂၀) …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro