Breaking News
ဒေါ်လာ ၃.၈၅ ဘီလျံတန်တဲ့ ကမ္ဘာကျော်အချိုရည်ကုမ္ပဏီကြီးတစ်ခု။
အားဖြည့်အချိုရည်ထုတ်လုပ်တဲ့ Rockstar Energy Drink ကုမ္ပဏီပိုင်ရှင် Russ Weiner ဟာ Rockstar ကုမ္ပဏီတစ်ခုလုံးကို ဒေါ်လာ ၃.၈၅ ဘီလျံဖြင့် တန်ဖိုးဖြတ်ပြီး PepsiCo ကို ရောင်းချခဲ့ပါတယ်။ Russ Weiner ဟာ Rockstar Energy Drink ကုမ္ပဏီရဲ့ ရှယ်ယာ ၈၅%ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး အားဖြည့်အချိုရည်စျေးကွက်အနေနဲ့ တဖြည်းဖြည်းကျယ်ပြန့်လာကာ ရောင်းအားဟာလည်း တစ်ရှိန်ထိုး တိုးတက်လာတာကိုရှေးရှုပြီး Russ Weiner က Rockstar Energy Drink ကုမ္ပဏီကို PepsiCo ကို ရောင်းချခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Russ Weiner အနေနဲ့ PepsiCo ဟာ Rockstar အားဖြည့်အချိုရည်ရဲ့ မူလအရည်အသွေးကို မပျောက်ပျက်စေဘဲ ရောင်းအားကိုလည်း တည်မြဲနေအောင် လုပ်နိုင်မယ်လို့ ယုံကြည်တာကြောင့် ရောင်းချခဲ့ကြောင်းဆိုပါတယ်။ သဘောတူညီမှုတွေထဲက တစ်ခုအနေနဲ့ PepsiCo ဟာ အနာဂါတ်မှာရရှိလာမယ့် အမြတ်ခွန်အနေနဲ့ Russ Weiner ကို ဒေါ်လာသန်း ၇၀၀ နီးပါး ပေးအပ်သွားမယ်လို့လည်း သိရှိရပါတယ်။
Forbes မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Russ Weiner က “လုပ်ငန်းတစ်ခုလုံးကို PepsiCo ကို ရောင်းချလိုက်ခြင်းက အမေရိကန်ပြည်ထောင်စုရဲ့ မတည်ငြိမ်သေးတဲ့ အားဖြည့်အချိုရည်စျေးကွက်ကို အရင်ကထက်ပိုပြီး ကောင်းမွန်လာစေမယ်လို့ မျှော်လင့်ပါတယ် . . . ” လို့ ဆိုခဲ့ပါတယ်။
Russ Weiner က “လွန်ခဲ့တဲ့နှစ်၂ဝလုံး ကျွန်တော်ရဲ့အင်အားတွေ ၊ အချိန်တွေကို ဒီလုပ်ငန်းထဲမှာပဲ မြှုပ်နှံထားခဲ့တာ။ ကျွန်တော်မသေခင်လေးမှာ ကျွန်တော်လုပ်ချင်တဲ့အရာတွေကို လုပ်ရဦးမယ်။ ကျွန်တော် ဝါသနာပါရာကို လုပ်နိုင်ဖို့အတွက် အခုချိန်က အကောင်းဆုံးအချိန်ပါပဲ . . . ” လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။
Rockstar Energy Drink ကုမ္ပဏီရဲ့ ရှယ်ယာ ၁၅ % ကိုပိုင်ဆိုင်ထားတဲ့ Russ Weiner ရဲ့မိခင်ဖြစ်သူ Janet Weiner ကလည်း သူမရဲ့ ကျန်ရှိသေးတဲ့ဘဝတစ်လျှောက်ကို သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ကူညီစောင့်ရှောက်ပေးတဲ့အလုပ်ကို လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ Weiner မိသားစုက Yachak Organic လို့ အမည်ရတဲ့ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ခဲ့ပြီး အဆိုပါလုပ်ငန်းကနေရရှိလာတဲ့ အမြတ်ငွေတွေကို သဘာဝတောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်စောင့်ရှောက်ရာမှာ အသုံးပြုခဲ့ပါတယ်။
PepsiCo ရဲ့ CEO Ramon Laguarta က “အားကစားသမားတွေ ၊ အနုပညာရှင်တွေက အားဖြည့်အချိုရည်တွေကို သောက်သုံးတာကြောင့် အားဖြည့်အချိုရည်စျေးကွက်မှာ အရည်အသွေးကောင်းတဲ့ အားဖြည့်အချိုရည်တွေကို ထုတ်လုပ်နိုင်တဲ့ကုမ္ပဏီတွေဟာ အကျိုးအမြတ်အများအပြား ရလေ့ရှိပါတယ်။ ဒါကြောင့်လည်း အားဖြည့်အချိုရည်စျေးကွက်ကို ဒီထက်မက ပိုပြီးတိုးတက်အောင်လို့ PepsiCo အဖွဲ့အစည်းက တတ်နိုင်သမျှကြိုးစားသွားမှာ ဖြစ်ပါတယ် . . . ” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
Forbes မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Russ Weiner က “လုပ်ငန်းတစ်ခုလုံးကို PepsiCo ကို  ရောင်းချလိုက်ခြင်းက အမေရိကန်ပြည်ထောင်စုရဲ့ မတည်ငြိမ်သေးတဲ့ အားဖြည့်အချိုရည်ဈေးကွက်ကို  အရင်ကထက်ပိုပြီး ကောင်းမွန်လာစေမယ်လို့ မျှော်လင့်ပါတယ် . . . ” လို့ ဆိုခဲ့ပါတယ်။
PepsiCo ရဲ့ CEO Ramon Laguarta က  “အားကစားသမားတွေ ၊ အနုပညာရှင်တွေက အားဖြည့်အချိုရည်တွေကို သောက်သုံးတာကြောင့်  အားဖြည့်အချိုရည်ဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ အားဖြည့်အချိုရည်တွေကို ထုတ်လုပ်နိုင်တဲ့ကုမ္ပဏီတွေဟာ အကျိုးအမြတ်အများအပြား ရလေ့ရှိပါတယ်။ ဒါကြောင့်လည်း အားဖြည့်အချိုရည်ဈေးကွက်ကို ဒီထက်မက  ပိုပြီးတိုးတက်အောင်လို့ PepsiCo အဖွဲ့အစည်းက တတ်နိုင်သမျှကြိုးစားသွားမှာ ဖြစ်ပါတယ် . . . ” လို့ ဆိုခဲ့ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshwenews
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။
တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro