HomeEducationတက္ကသိုလ်စာမေးပွဲဖြေဆိုခွင့်မရတဲ့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်သင့်လဲ ? ? ?

တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့်မရတဲ့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်သင့်လဲ ? ? ?

- Advertisement -

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ ကျောင်းသူကျောင်းသားအများစုဟာ အထက်တန်းအောင်ပြီးတာနဲ့ ကိုယ်ရဲ့ပညာအရည်အချင်းနဲ့ကိုက်ညီပြီး ကိုယ်စိတ်ပါဝင်စားတဲ့ပညာရပ်ကို တက္ကသိုလ်ကျောင်းများမှာ ဆက်လက်သင်ယူနိုင်ဖို့အတွက် အဓိကလိုအပ်တာကတော့ တက္ကသိုလ်ဝင်ခွင့်အမှတ်ပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်တက္ကသိုလ်/ကောလိပ်တွေ အများအပြား တည်ရှိနေပြီဖြစ်တာကြောင့် ကိုယ်စိတ်ပါဝင်စားတဲ့ပညာရပ်ကို နိုင်ငံပိုင်တက္ကသိုလ်တွေမှာ တက်ရောက်သင်ယူနိုင်ဖို့အတွက် တက္ကသိုလ်ဝင်ခွင့်အမှတ်မမှီခဲ့ရင်တောင် ပုဂ္ဂလိကပိုင်တက္ကသိုလ်/  ကောလိပ်တွေမှာ တက္ကသိုလ်ဝင်ကြေး သိန်းချီသွင်းပြီး တက်ရောက်နိုင်ပြီပဲဖြစ်ပါတယ်။

ဒီလိုဆိုတော့ မြန်မာနိုင်ငံက နိုင်ငံပိုင်တက္ကသိုလ်ကျောင်းတွေမှာ လစဉ်သွင်းရတဲ့ ပညာသင်ကြေးဟာ ပုဂ္ဂလိကပိုင်တက္ကသိုလ်ကျောင်းကို တက်ရောက်တဲ့အခါမှာသွင်းရတဲ့ ပညာသင်ကြေးထက် နည်းနေတာကို  တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာရှိတဲ့ နိုင်ငံပိုင် (သို့) ပုဂ္ဂလိကပိုင် အဆင့်မြင့်တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့အတွက် နိုင်ငံတကာက တက္ကသိုလ်ကျောင်းသားတွေဟာ ပညာသင်ကြေးအများအပြားသွင်းရပါတယ်။ အဆိုပါတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ ဘွဲ့ရပြီးတာတောင်မှ တက္ကသိုလ်မှာပညာသင်ယူခဲ့တဲ့ ပညာသင်ကြေး အကြွေးကိုဆပ်လို့ မပြီးနိုင်သေးတာမျိုးတွေလည်း ရှိပါတယ်။

- Advertisement -

အဆင့်မြင့်ပညာရေးဆိုင်ရာ စာရင်းစစ်အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ ကျောင်းသူကျောင်းသား အများစုဟာ သူတို့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့မရတဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းတွေကြောင့် စာသင်နှစ်တစ်ခုရဲ့  နောက်ဆုံးစာမေးပွဲကို ဝင်ဖြေခွင့်မရတာမျိုးတွေ ကျန်ရှိသေးတဲ့ ပညာသင်နှစ်တွေကို ဆက်လက်မတက်ရောက်နိုင်တာမျိုးတွေ ကြုံတွေ့တတ်ရပါတယ်။

- Advertisement -

ဥပမာ – တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ ကျန်းမာရေးကြောင့် ပညာသင်နှစ်တစ်နှစ်စာရဲ့  နောက်ဆုံးစာမေးပွဲကို ဝင်မဖြေနိုင်တဲ့အခါမျိုးမှာ တက္ကသိုလ်ကအရာရှိတွေအနေနဲ့ အဆိုပါကျောင်းသားကို စာမေးပွဲကျသူအဖြစ် စာရင်းသွင်းလိုက်တာမျိုးပါ။ နိုင်ငံတကာမှာက တစ်နှစ်တာပညာသင်စရိတ်ဟာလည်း အလွန်ကြီးတာကြောင့် စာမေးပွဲကျသူကျောင်းသားတွေဟာ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကို ကြုံတွေ့လာရပါတယ်။

- Advertisement -

တက္ကသိုလ်ကျောင်းပညာရေးဝန်ကြီး Michelle Donelan က “တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စာသင်နှစ်တစ်ခုရဲ့ နောက်ဆုံးစာမေးပွဲမဖြေနိုင်ဆိုနိုင်တဲ့ ကျောင်းသူကျောင်းသားတွေကို ငှဲ့ညှာတဲ့အနေနဲ့ သူတို့အတွက် အဆင်ပြေမယ့် အခွင့်အရေးတွေစီမံပေးသင့်တယ်။”လို့ ပြောကြားခဲ့ဖူးပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့်မရလိုက်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ  ပြုလုပ်သင့်တဲ့နည်းလမ်းတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ တက္ကသိုလ်ကျောင်းတိုင်းမှာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပေမယ့်လည်း ကျောင်းသားတွေအနေနဲ့ ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ ကျန်းမာရေးပြဿနာ နဲ့ ယာဉ်မတော်တဆမှုတွေကြောင့်သာဆိုရင်တော့ တက္ကသိုလ်ရဲ့အကြီးအကဲတွေ နားလည်ပြီးလက်ခံပေးနိုင်အောင် ကြိုးစားပြောဆိုသင့်ပါတယ်။

၂။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအနေနဲ့ ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ကိုယ့်ကိုကူညီပေးနိုင်မယ့် တက္ကသိုလ်ကျောင်းက ဆရာ/ဆရာမတွေကို ပွင့်လင်းစွာပြောပြပြီး အကူအညီတောင်းခံဖို့ ကြောက်ရွံ့မနေသင့်ပါဘူး။

၃။ တက္ကသိုလ်ကျောင်းသားတစ်ဦးက စာသင်နှစ်တစ်ခုရဲ့စာမေးပွဲကို ဖြေဆိုဖို့အတွက် အခက်အခဲရှိတယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက်တွေကို စုဆောင်းထားပြီး တက္ကသိုလ်ကျောင်းဆရာ/ဆရာမတွေကို ကြိုတင်အသိပေးကာ အကူအညီတောင်းသင့်ပါတယ်။

၄။ အခက်အခဲကြုံတွေ့နေရတဲ့အကြောင်း အကူအညီတောင်းခံစာကို တက္ကသိုလ်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အကြီးအကဲတွေက လက်မခံတဲ့အခါမျိုးမှာ ဘာကြောင့်ခွင့်မပြုလဲဆိုတာကို သိရှိလိုကြောင်း တောင်းဆိုသင့်ပြီး အခွင့်အရေးထပ်ပေးစေလိုကြောင်း အသနားခံစာတင်သင့်ပါတယ်။

<Unicode Version>

 

 

တကၠသိုလ္စာေမးပြဲေျဖဆိုခြင့္မရတဲ့ တကၠသိုလ္ေက်ာင္းသားေတြအေနနဲ႔ ဘာဆက္လုပ္သင့္လဲ ? ? ?

ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္အရ ေက်ာင္းသူေက်ာင္းသားအမ်ားစုဟာ အထက္တန္းေအာင္ၿပီးတာနဲ႔ ကိုယ္ရဲ႕ပညာအရည္အခ်င္းနဲ႔ကိုက္ညီၿပီး ကိုယ္စိတ္ပါဝင္စားတဲ့ပညာရပ္ကို တကၠသိုလ္ေက်ာင္းမ်ားမွာ ဆက္လက္သင္ယူႏိုင္ဖို႔အတြက္ အဓိကလိုအပ္တာကေတာ့ တကၠသိုလ္ဝင္ခြင့္အမွတ္ပဲျဖစ္ပါတယ္။ ယခုလက္ရွိမွာေတာ့ ျမန္မာႏိုင္ငံမွာ ပုဂၢလိကပိုင္တကၠသိုလ္/ေကာလိပ္ေတြ အမ်ားအျပား တည္ရွိေနၿပီျဖစ္တာေၾကာင့္ ကိုယ္စိတ္ပါဝင္စားတဲ့ပညာရပ္ကို ႏိုင္ငံပိုင္တကၠသိုလ္ေတြမွာ တက္ေရာက္သင္ယူႏိုင္ဖို႔အတြက္ တကၠသိုလ္ဝင္ခြင့္အမွတ္မမွီခဲ့ရင္ေတာင္ ပုဂၢလိကပိုင္တကၠသိုလ္/  ေကာလိပ္ေတြမွာ တကၠသိုလ္ဝင္ေၾကး သိန္းခ်ီသြင္းၿပီး တက္ေရာက္ႏိုင္ၿပီပဲျဖစ္ပါတယ္။

ဒီလိုဆိုေတာ့ ျမန္မာႏိုင္ငံက ႏိုင္ငံပိုင္တကၠသိုလ္ေက်ာင္းေတြမွာ လစဥ္သြင္းရတဲ့ ပညာသင္ေၾကးဟာ ပုဂၢလိကပိုင္တကၠသိုလ္ေက်ာင္းကို တက္ေရာက္တဲ့အခါမွာသြင္းရတဲ့ ပညာသင္ေၾကးထက္ နည္းေနတာကို  ေတြ႕ရမွာပဲျဖစ္ပါတယ္။ ဒါဆိုရင္ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံမ်ားနဲ႔ ဖြံ႔ၿဖိဳးဆဲႏိုင္ငံအခ်ိဳ႕မွာရွိတဲ့ ႏိုင္ငံပိုင္ (သို႔) ပုဂၢလိကပိုင္ အဆင့္ျမင့္တကၠသိုလ္ေတြမွာ ပညာသင္ၾကားႏိုင္ဖို႔အတြက္ ႏိုင္ငံတကာက တကၠသိုလ္ေက်ာင္းသားေတြဟာ ပညာသင္ေၾကးအမ်ားအျပားသြင္းရပါတယ္။ အဆိုပါတကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြဟာ ဘြဲ႔ရၿပီးတာေတာင္မွ တကၠသိုလ္မွာပညာသင္ယူခဲ့တဲ့ ပညာသင္ေၾကး အေႂကြးကိုဆပ္လို႔ မၿပီးႏိုင္ေသးတာမ်ိဳးေတြလည္း ရွိပါတယ္။

အဆင့္ျမင့္ပညာေရးဆိုင္ရာ စာရင္းစစ္အဖြဲ႔အစည္းရဲ႕ ေျပာၾကားခ်က္အရ ေက်ာင္းသူေက်ာင္းသား အမ်ားစုဟာ သူတို႔ကိုယ္တိုင္ကိုင္တြယ္ေျဖရွင္းလို႔မရတဲ့ ကံၾကမၼာရဲ႕အလွည့္အေျပာင္းေတြေၾကာင့္ စာသင္ႏွစ္တစ္ခုရဲ႕  ေနာက္ဆံုးစာေမးပြဲကို ဝင္ေျဖခြင့္မရတာမ်ိဳးေတြ က်န္ရွိေသးတဲ့ ပညာသင္ႏွစ္ေတြကို ဆက္လက္မတက္ေရာက္ႏိုင္တာမ်ိဳးေတြ ၾကံဳေတြ႕တတ္ရပါတယ္။

ဥပမာ – တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ဟာ က်န္းမာေရးေၾကာင့္ ပညာသင္ႏွစ္တစ္ႏွစ္စာရဲ႕  ေနာက္ဆံုးစာေမးပြဲကို ဝင္မေျဖႏိုင္တဲ့အခါမ်ိဳးမွာ တကၠသိုလ္ကအရာရွိေတြအေနနဲ႔ အဆိုပါေက်ာင္းသားကို စာေမးပြဲက်သူအျဖစ္ စာရင္းသြင္းလိုက္တာမ်ိဳးပါ။ ႏိုင္ငံတကာမွာက တစ္ႏွစ္တာပညာသင္စရိတ္ဟာလည္း အလြန္ႀကီးတာေၾကာင့္ စာေမးပြဲက်သူေက်ာင္းသားေတြဟာ ေငြေၾကးပိုင္းဆိုင္ရာ အခက္အခဲမ်ားကို ၾကံဳေတြ႕လာရပါတယ္။

တကၠသိုလ္ေက်ာင္းပညာေရးဝန္ႀကီး Michelle Donelan က “တကၠသိုလ္ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴးေတြအေနနဲ႔ စာသင္ႏွစ္တစ္ခုရဲ႕ ေနာက္ဆံုးစာေမးပြဲမေျဖႏိုင္ဆိုႏိုင္တဲ့ ေက်ာင္းသူေက်ာင္းသားေတြကို ငွဲ႔ညႇာတဲ့အေနနဲ႔ သူတို႔အတြက္ အဆင္ေျပမယ့္ အခြင့္အေရးေတြစီမံေပးသင့္တယ္။”လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တကၠသိုလ္စာေမးပြဲေျဖဆိုခြင့္မရလိုက္တဲ့ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြ  ျပဳလုပ္သင့္တဲ့နည္းလမ္းေတြကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။

၁။ တကၠသိုလ္ေက်ာင္းတိုင္းမွာ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိေပမယ့္လည္း ေက်ာင္းသားေတြအေနနဲ႔ ကိုယ္တိုင္မထိန္းခ်ဳပ္ႏိုင္တဲ့ က်န္းမာေရးျပႆနာ နဲ႔ ယာဥ္မေတာ္တဆမႈေတြေၾကာင့္သာဆိုရင္ေတာ့ တကၠသိုလ္ရဲ႕အႀကီးအကဲေတြ နားလည္ၿပီးလက္ခံေပးႏိုင္ေအာင္ ႀကိဳးစားေျပာဆိုသင့္ပါတယ္။

၂။ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ ကိုယ္ၾကံဳေတြ႕ေနရတဲ့ျပႆနာေတြကို ကိုယ့္ကိုကူညီေပးႏိုင္မယ့္ တကၠသိုလ္ေက်ာင္းက ဆရာ/ဆရာမေတြကို ပြင့္လင္းစြာေျပာျပၿပီး အကူအညီေတာင္းခံဖို႔ ေၾကာက္ရြံ႕မေနသင့္ပါဘူး။

၃။ တကၠသိုလ္ေက်ာင္းသားတစ္ဦးက စာသင္ႏွစ္တစ္ခုရဲ႕စာေမးပြဲကို ေျဖဆိုဖို႔အတြက္ အခက္အခဲရွိတယ္ဆိုရင္ ခိုင္လံုတဲ့အေၾကာင္းျပခ်က္ေတြကို စုေဆာင္းထားၿပီး တကၠသိုလ္ေက်ာင္းဆရာ/ဆရာမေတြကို ႀကိဳတင္အသိေပးကာ အကူအညီေတာင္းသင့္ပါတယ္။

၄။ အခက္အခဲၾကံဳေတြ႕ေနရတဲ့အေၾကာင္း အကူအညီေတာင္းခံစာကို တကၠသိုလ္က ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့ အႀကီးအကဲေတြက လက္မခံတဲ့အခါမ်ိဳးမွာ ဘာေၾကာင့္ခြင့္မျပဳလဲဆိုတာကို သိရွိလိုေၾကာင္း ေတာင္းဆိုသင့္ၿပီး အခြင့္အေရးထပ္ေပးေစလိုေၾကာင္း အသနားခံစာတင္သင့္ပါတယ္။

<Zawgyi Version>

 

 

Source ~ Theguardian

#SY(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read