HomeTechလက်ဆေးဆပ်ပြာရည်ထုတ်လုပ်ပြီး အခမဲ့ဖြန့်ဝေပေးသွားမည့် ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခု။

လက်ဆေးဆပ်ပြာရည်ထုတ်လုပ်ပြီး အခမဲ့ဖြန့်ဝေပေးသွားမည့် ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခု။

- Advertisement -

ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ ပိုင်ရှင်ဖြစ်သူ Moet Hennessy က လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တိုက်ဖျက်ရန်အတွက် လက်ဆေးဆပ်ပြာရည်များကို ထုတ်လုပ်သွားရန်ပြင်ဆင်နေပါတယ်။ ဇိမ်ခံပစ္စည်းများရောင်းချသည့် အဆိုပါကုမ္ပဏီသည်ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ အခြေစိုက်ပြီး သူတို့ရဲ့ရေမွှေးထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများဖြင့် လက်ဆေးဆပ်ပြာရည် ထုတ်လုပ်ရန် ပြင်ဆင်ထားကြောင်း ပိုင်ရှင်ဖြစ်သူ LVMH က ပြီးခဲ့သည့်တနင်္ဂနွေနေ့၌ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် LVMH က “ဒီလက်ဆေးဆပ်ပြာရည်တွေကို ကျန်းမာရေးအဖွဲ့အစည်းတွေဆီ အခမဲ့ဖြန့်ဝေပေးသွားမှာပါ။” ဟု တရားဝင်အတည်ပြုပေးခဲ့ပါတယ်။ နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သည့် Christian Dior နဲ့ Givenchy တို့အပြင် နာမည်ကျော်ရှန်ပိန်ဖြစ်သည့် Moet & Chandon ၊ ကမ္ဘာကျော်နာရီအမှတ်တံဆိပ်ဖြစ်သည့် Tag Heuer နဲ့ လက်ဝတ်ရတနာ Bulgari တို့ကိုလည်း ပိုင်ဆိုင်သည့် LVMH အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်၍ လိုအပ်နေသည့် ကာလတစ်လျှောက်လုံး ယခုကဲ့သို့ လက်ဆေးဆပ်ပြာရည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိပြီး အထူးသဖြင့် ဥရောပတိုက်တွင်းမှ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့၌ အများဆုံး  ပြန့်ပွားလျက်ရှိပါတယ်။ ပြင်းထန်သည့်အဆုတ်ရောင်ရောဂါကိုဖြစ်ပွားစေသည့် အဆိုပါဗိုင်းရပ်စ်ကြောင့် ပြင်သစ်နိုင်ငံတွင်း လူသေဆုံးမှုက (၁၂၀) အထိ ရှိလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံတွင်း စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနဲ့ အခြားသောအရေးမကြီးသည့် စတိုးဆိုင်များကို ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

လက္ေဆးဆပ္ျပာရည္ထုတ္လုပ္ၿပီး အခမဲ့ျဖန္႔ေဝေပးသြားမည့္ ကမာၻေက်ာ္ကုမၸဏီႀကီးတစ္ခု။

ကမာၻေက်ာ္ဖက္ရွင္ကုမၸဏီႀကီးတစ္ခုျဖစ္တ့ဲ Louis Vuitton ရဲ႕ ပိုင္ရွင္ျဖစ္သူ Moet Hennessy က လက္ရွိကမာၻတစ္ဝွမ္းျဖစ္ပြားေနေသာ ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ကို တိုက္ဖ်က္ရန္အတြက္ လက္ေဆးဆပ္ျပာရည္မ်ားကို ထုတ္လုပ္သြားရန္ျပင္ဆင္ေနပါတယ္။ ဇိမ္ခံပစၥည္းမ်ားေရာင္းခ်သည့္ အဆိုပါကုမၸဏီသည္ျပင္သစ္ႏုိင္ငံ၊ ပဲရစ္ၿမိဳ႕၌ အေျခစိုက္ၿပီး သူတုိ႔ရဲ႕ေရေမႊးထုတ္လုပ္ရာ၌ အသံုးျပဳသည့္ ကုန္ၾကမ္းမ်ားျဖင့္ လက္ေဆးဆပ္ျပာရည္ ထုတ္လုပ္ရန္ ျပင္ဆင္ထားေၾကာင္း ပိုင္ရွင္ျဖစ္သူ LVMH က ၿပီးခဲ့သည့္တနဂၤေႏြေန႔၌ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ LVMH က “ဒီလက္ေဆးဆပ္ျပာရည္ေတြကို က်န္းမာေရးအဖဲြ႕အစည္းေတြဆီ အခမဲ့ျဖန္႔ေဝေပးသြားမွာပါ။” ဟု တရားဝင္အတည္ျပဳေပးခဲ့ပါတယ္။ နာမည္ေက်ာ္အမွတ္တံဆိပ္မ်ားျဖစ္သည့္ Christian Dior နဲ႔ Givenchy တုိ႔အျပင္ နာမည္ေက်ာ္ရွန္ပိန္ျဖစ္သည့္ Moet & Chandon ၊ ကမာၻေက်ာ္နာရီအမွတ္တံဆိပ္ျဖစ္သည့္ Tag Heuer နဲ႔ လက္ဝတ္ရတနာ Bulgari တုိ႔ကိုလည္း ပိုင္ဆိုင္သည့္ LVMH အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္၍ လိုအပ္ေနသည့္ ကာလတစ္ေလွ်ာက္လံုး ယခုကဲ့သုိ႔ လက္ေဆးဆပ္ျပာရည္မ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္းလည္း ကုမၸဏီက ေၾကညာခဲ့ပါတယ္။

တရုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွစတင္ျဖစ္ပြားခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ ကမာၻအႏံွ႔အျပားသို႔ ပ်ံ႕ႏံွ႔လ်က္ရွိၿပီး အထူးသျဖင့္ ဥေရာပတိုက္တြင္းမွ အီတလီ၊ စပိန္နဲ႔ ျပင္သစ္ႏုိင္ငံတို႔၌ အမ်ားဆံုး  ျပန္႔ပြားလ်က္ရွိပါတယ္။ ျပင္းထန္သည့္အဆုတ္ေရာင္ေရာဂါကိုျဖစ္ပြားေစသည့္ အဆိုပါဗုိင္းရပ္စ္ေၾကာင့္ ျပင္သစ္ႏုိင္ငံတြင္း လူေသဆံုးမႈက (၁၂၀) အထိ ရွိလာခဲ့ၿပီး ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏံွ႔မႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ျပင္သစ္ႏုိင္ငံတြင္း စားေသာက္ဆိုင္မ်ား၊ ေကာ္ဖီဆိုင္မ်ားနဲ႔ အျခားေသာအေရးမႀကီးသည့္ စတိုးဆိုင္မ်ားကို ပိတ္သိမ္းရန္ ညႊန္ၾကားထားေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

 

Source ~ BBC

#HM(Soshwe)

#Soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...