Breaking News

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် စမ်းသပ်ကိရိယာ (၅) သိန်းနဲ့ နှာခေါင်းစည်း (၁) သန်း လှူဒါန်းလိုက်သည့် ကမ္ဘာကျော်သူဌေးကြီး။

Alibaba ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်သူ Jack Ma သည် ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်သည့်ကိရိယာ (၅) သိန်းနဲ့ နှာခေါင်းစည်း (၁) သန်းတို့ကို လှူဒါန်းလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါသတင်းကို Jack Ma က သူ့ရဲ့ကိုယ်ပိုင် Twitter အကောင့်မှတစ်ဆင့် အတည်ပြုပေးထားပြီး ပစ္စည်းများကို ရှန်ဟိုင်းမှတစ်ဆင့် အမေရိကန်သို့ ပျံသန်းမည့် China Eastern Airlines ပေါ်၌ အပြည့်တင်ဆောင်သွားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီး အဆိုပါကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ရန်အတွက် Jack Ma က ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဥရောပသို့လှူဒါန်းလိုကြောင်းလည်း ခွင့်ပြုချက်တောင်းခံထားပါတယ်။

Jack Ma သည် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်နိုင်သည့် ကိရိယာ (၅) သိန်းနဲ့ နှာခေါင်းစည်း (၁) သန်း လှူဒါန်းပေးနိုင်ကြောင်း ယခုလအစောပိုင်းက ပြောကြားခဲ့သလို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌လည်း Jack Ma ဖောင်ဒေးရှင်းနဲ့ Alibaba ဖောင်ဒေးရှင်းတို့က အဆိုပါပစ္စည်းများကို လှူဒါန်းနိုင်ရန် ပြင်ဆင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နှာခေါင်းစည်း (၂) သန်းကိုလည်း ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ စပိန်နိုင်ငံများသို့ လှူဒါန်းထားပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နှာခေါင်းစည်း (၅) သိန်း နဲ့ အခြားသောဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများမှာမူ လာမယ့်သောကြာနေ့၌ ဘယ်လ်ဂျီယံနိုင်ငံသို့  ရောက်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အီတလီနိုင်ငံသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ကိုရိုနာဗုိင္းရပ္စ္တုိက္ဖ်က္ေရးအတြက္ စမ္းသပ္ကိရိယာ (၅) သိန္းနဲ႔ ႏွာေခါင္းစည္း (၁) သန္း လွဴဒါန္းလိုက္သည့္ ကမာၻေက်ာ္သူေဌးႀကီး။

Alibaba ရဲ႕ ပိုင္ရွင္တစ္ဦးျဖစ္သူ Jack Ma သည္ ကမာၻအႏံွ႔ျဖစ္ပြားလ်က္ရွိသည့္ ကိုရိုနာဗိုင္းရပ္စ္ကို တုိက္ဖ်က္ရန္အတြက္ ဗိုင္းရပ္စ္ရွိမရွိ စမ္းသပ္သည့္ကိရိယာ (၅) သိန္းနဲ႔ ႏွာေခါင္းစည္း (၁) သန္းတုိ႔ကို လွဴဒါန္းလိုက္ေၾကာင္း သိရွိရပါတယ္။ အဆုိပါသတင္းကို Jack Ma က သူ႔ရဲ႕ကိုယ္ပိုင္ Twitter အေကာင့္မွတစ္ဆင့္ အတည္ျပဳေပးထားၿပီး ပစၥည္းမ်ားကို ရွန္ဟိုင္းမွတစ္ဆင့္ အေမရိကန္သို႔ ပ်ံသန္းမည့္ China Eastern Airlines ေပၚ၌ အျပည့္တင္ေဆာင္သြားခဲ့ပါတယ္။

ကမာၻ႕က်န္းမာေရးအဖဲြ႕ခ်ဳပ္ (WHO) က ကိုရိုနာဗိုင္းရပ္စ္ကို ကမာၻ႕ကူးစက္ျမန္ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားၿပီး အဆိုပါကပ္ေရာဂါဆုိးႀကီးကို တုိက္ဖ်က္ရန္အတြက္ Jack Ma က ေဆးဘက္ဆုိင္ရာ အေထာက္အပံ့ပစၥည္းမ်ားကို ဥေရာပသို႔လွဴဒါန္းလိုေၾကာင္းလည္း ခြင့္ျပဳခ်က္ေတာင္းခံထားပါတယ္။

Jack Ma သည္ ကိုရိုနာဗုိင္းရပ္စ္ရွိမရွိ စမ္းသပ္ႏုိင္သည့္ ကိရိယာ (၅) သိန္းနဲ႔ ႏွာေခါင္းစည္း (၁) သန္း လွဴဒါန္းေပးႏုိင္ေၾကာင္း ယခုလအေစာပိုင္းက ေျပာၾကားခဲ့သလို ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း၌လည္း Jack Ma ေဖာင္ေဒးရွင္းနဲ႔ Alibaba ေဖာင္ေဒးရွင္းတုိ႔က အဆုိပါပစၥည္းမ်ားကို လွဴဒါန္းႏုိင္ရန္ ျပင္ဆင္ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ႏွာေခါင္းစည္း (၂) သန္းကိုလည္း ဂ်ပန္၊ ေတာင္ကိုရီးယား၊ အီတလီ၊ အီရန္နဲ႔ စပိန္ႏိုင္ငံမ်ားသုိ႔ လွဴဒါန္းထားၿပီးျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ႏွာေခါင္းစည္း (၅) သိန္း နဲ႔ အျခားေသာေဆးဘက္ဆိုင္ရာ အေထာက္အပံ့ပစၥည္းမ်ားမွာမူ လာမယ့္ေသာၾကာေန႔၌ ဘယ္လ္ဂ်ီယံႏိုင္ငံသို႔  ေရာက္ရွိမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ အီတလီႏိုင္ငံသို႔ ဆက္လက္လွဴဒါန္းေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ BBC

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

မိုက်ခရိုဆော့ဖ်ပိုင်ရှင်ကပါ အံ့သြတကြီးဖြစ်ခဲ့ရဖူးတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့လက်ထက်တုန်းက “American First” ဆိုတဲ့ အမေရိကန်လူမျိုးကြီးဝါဒကို အဓိကလက်ကိုင်ထားခဲ့ပြီး အမေရိကန်ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားလာတဲ့ တရုတ်နဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်ဖို့အထိကို ရည်ရွယ်ခဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro