HomeBanking & Financeမြန်မာနိုင်ငံ၌ဘဏ်ခွဲဖွင့်လှစ်ရန် ခွင့်ပြုချက်စောင့်ဆိုင်းနေသည့် နိုင်ငံခြားဘဏ်ကြီးတစ်ခု။

မြန်မာနိုင်ငံ၌ဘဏ်ခွဲဖွင့်လှစ်ရန် ခွင့်ပြုချက်စောင့်ဆိုင်းနေသည့် နိုင်ငံခြားဘဏ်ကြီးတစ်ခု။

- Advertisement -

ထိုင်းနိုင်ငံအခြေစိုက် Siam Commercial Bank သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) ရဲ့ ခွင့်ပြုချက်သာရရှိပါက ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံး ဘဏ်ခွဲဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း SCB ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်သာရရှိခဲ့ပါက SCB အနေဖြင့် သူတို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဌာနခွဲတစ်ခုအဖြစ် အဆင့်မြှင့်တင်သွားမည်ဟုလည်း ဒုတိယဥက္ကဌ Kamalkant Agarwal က ဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ရေရှည်တိုးတက်ရန် အလားအလာကောင်းများရှိသော်လည်း ဘဏ်ခွဲသစ်မဖွင့်လှစ်မီ၌ နိုင်ငံတွင်း အခြေခံအဆောက်အအုံများ တိုးတက်ရန်အချိန်လိုအပ်ကြောင်းလည်း Agarwal က  ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံခြားဘဏ်ခွဲများအနေဖြင့် မြန်မာနိုင်ငံတွင်း လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရရှိပါက ဘဏ်ခွဲ (၁၀) ခု သို့မဟုတ် ဘဏ်ပြင်ပ၌ ATM စက်များထားရှိနိုင်ပြီး အနည်းဆုံးဒေါ်လာသန်း (၁၀၀) ရင်းနှီးမြှုပ်နှံထားရန် လိုအပ်ပါတယ်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် အဆိုပါနိုင်ငံခြားဘဏ်ခွဲများသည် မြန်မာနိုင်ငံတွင်း၌ အနည်းဆုံး (၃) နှစ် လုပ်ကိုင်ရမည့် စည်းကမ်းတစ်ရပ်လည်း ပါဝင်ပါတယ်။

- Advertisement -

ယခု SCB အပြင် Kasikornbank (KBank) နဲ့ Krungthai Bank တို့သည်လည်း မြန်မာနိုင်ငံတွင်း ဘဏ်လုပ်ငန်းလိုင်စင်အသစ်များ လျှောက်ထားနေကြပြီး Bangkok Bank သည် (၂၀၁၅) ခုနှစ်၌ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင်းနိုင်ငံခြားဘဏ်ခွဲလိုင်စင်ရရှိထားသည့် တစ်ခုတည်းသော ထိုင်းနိုင်ငံအခြေစိုက်ဘဏ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ SCB ရဲ့ ဒုတိယဥက္ကဌ Mr. Agarwal က မြန်မာနိုင်ငံ၌ ဘဏ်ခွဲလိုင်စင်များရရှိမည်ဆိုပါက နယ်စပ်ဖြတ်ကျော်ပြီးငွေပေးချေမှုများ၊ ရံပုံငွေလွှဲပြောင်းမှုများအတွက် ပြည်တွင်းဘဏ်တစ်ခုလည်းဖြစ်၊ သူတို့ရဲ့မိတ်ဖက်ဘဏ်တစ်ခုလည်းဖြစ်သည့် ဧရာဝတီဘဏ်နဲ့ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

- Advertisement -

အဆိုပါဝန်ဆောင်မှုများသည် နယ်စပ်ဖြတ်ကျော်ပြီး အရောင်းအဝယ်ပြုလုပ်နေသည့် အလုပ်သမားများ၊ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် KBank သည်လည်း မြန်မာနိုင်ငံတွင်း ကုမ္ပဏီခွဲတစ်ခုနဲ့ ပြည်တွင်းကုမ္ပဏီတစ်ခု၌ ှရှယ်ယာထည့်ဝင်ခွင့်ရရှိရန် ခွင့်ပြုချက်တောင်းခံထားကြောင်း သိရှိရပါတယ်။

- Advertisement -

KBank ရဲ့ အမှုဆောင်ဒုတိယဥက္ကဌဖြစ်သူ Mr. Pattarapong က KBank အနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကိုသာ အဓိကအာရုံစိုက်ထားသဖြင့် အခြားသောဘဏ်ခွဲများကို ထပ်မံဖွင့်လှစ်သွားမည်မဟုတ်ကြောင်း  ပြောကြားထားပါတယ်။ SCB က ဧရာဝတီဘဏ်နဲ့ မိတ်ဖက်ဘဏ်တစ်ခုအဖြစ် သဘောတူညီမှုစာချုပ်ချုပ်ဆိုထားသကဲ့သို့ KBank ကလည်း ဧရာဝတီလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးဘဏ် (A Bank) နဲ့ မိတ်ဖက်ဘဏ်အဖြစ် သဘောတူညီမှု စာချုပ်ချုပ်ဆိုထားပါတယ်။

ထိုင်းနိုင်ငံရဲ့ဘဏ္ဍာရေးတည်ငြိမ်မှုဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ Ronadol Numnonda က နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းဘဏ်များအတွက် အာဆီယံဒေသတွင်း စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေနိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဘဏ်များအနေဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုပြီး လက်လီဘဏ်များဖြစ်လာစေရန် ကြိုးပမ်းနေပေမယ့် သူတို့ရဲ့အုပ်ချုပ်မှုနည်းစနစ်များကြောင့် မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် စိုးရိမ်စရာမရှိကြောင်းလည်း Ronadol က ပြောကြားခဲ့ပါတယ်။

SCB ရဲ့အစုရှယ်ယာများသည် ထိုင်းစတော့အိတ်ချိန်း၌ ဘတ် (၁.၄၆) ဘီလီယံအထိ တန်ဖိုးရှိပြီး KBank ရဲ့ အစုရှယ်ယာများမှာမူ ဘတ် (၂.၉၈) ဘီလီယံအထိရှိနေကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ျမန္မာႏိုင္ငံ၌ဘဏ္ခဲြဖြင့္လွစ္ရန္ ခြင့္ျပဳခ်က္ေစာင့္ဆုိင္းေနသည့္ ႏိုင္ငံျခားဘဏ္ႀကီးတစ္ခု။

ထိုင္းႏိုင္ငံအေျခစိုက္ Siam Commercial Bank သည္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ (CBM) ရဲ႕ ခြင့္ျပဳခ်က္သာရရွိပါက ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံ၌ ပထမဆံုး ဘဏ္ခြဲဖြင့္လွစ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း SCB ရဲ႕ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဗဟိုဘဏ္ရဲ႕ခြင့္ျပဳခ်က္သာရရွိခဲ့ပါက SCB အေနျဖင့္ သူတုိ႔ရဲ႕ ကိုယ္စားလွယ္ရံုးကုိ ဌာနခဲြတစ္ခုအျဖစ္ အဆင့္ျမွင့္တင္သြားမည္ဟုလည္း ဒုတိယဥကၠဌ Kamalkant Agarwal က ဆုိပါတယ္။

ျမန္မာႏိုင္ငံအေနျဖင့္ ေရရွည္တုိးတက္ရန္ အလားအလာေကာင္းမ်ားရွိေသာ္လည္း ဘဏ္ခဲြသစ္မဖြင့္လွစ္မီ၌ ႏိုင္ငံတြင္း အေျခခံအေဆာက္အအံုမ်ား တုိးတက္ရန္အခ်ိန္လိုအပ္ေၾကာင္းလည္း Agarwal က  ေျပာၾကားခဲ့ပါတယ္။ ဗဟိုဘဏ္ရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားအရ ႏိုင္ငံျခားဘဏ္ခဲြမ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္း လုပ္ငန္းလိုင္စင္ခြင့္ျပဳခ်က္ရရွိပါက ဘဏ္ခဲြ (၁၀) ခု သို႔မဟုတ္ ဘဏ္ျပင္ပ၌ ATM စက္မ်ားထားရွိႏိုင္ၿပီး အနည္းဆံုးေဒၚလာသန္း (၁၀၀) ရင္းႏွီးျမွဳပ္ႏွံထားရန္ လိုအပ္ပါတယ္။ ထို႔အျပင္ စီးပြားေရးလုပ္ငန္းမ်ားကို အဆင့္ျမွင့္တင္ႏိုင္ရန္အတြက္ အဆုိပါႏိုင္ငံျခားဘဏ္ခဲြမ်ားသည္ ျမန္မာႏိုင္ငံတြင္း၌ အနည္းဆံုး (၃) ႏွစ္ လုပ္ကိုင္ရမည့္ စည္းကမ္းတစ္ရပ္လည္း ပါဝင္ပါတယ္။

ယခု SCB အျပင္ Kasikornbank (KBank) နဲ႔ Krungthai Bank တုိ႔သည္လည္း ျမန္မာႏိုင္ငံတြင္း ဘဏ္လုပ္ငန္းလိုင္စင္အသစ္မ်ား ေလွ်ာက္ထားေနၾကၿပီး Bangkok Bank သည္ (၂၀၁၅) ခုႏွစ္၌ ဗဟိုဘဏ္ရဲ႕ခြင့္ျပဳခ်က္ျဖင့္ ျမန္မာႏုိင္ငံတြင္းႏိုင္ငံျခားဘဏ္ခဲြလိုင္စင္ရရွိထားသည့္ တစ္ခုတည္းေသာ ထိုင္းႏုိင္ငံအေျခစိုက္ဘဏ္တစ္ခုအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။ SCB ရဲ႕ ဒုတိယဥကၠဌ Mr. Agarwal က ျမန္မာႏိုင္ငံ၌ ဘဏ္ခဲြလိုင္စင္မ်ားရရွိမည္ဆိုပါက နယ္စပ္ျဖတ္ေက်ာ္ၿပီးေငြေပးေခ်မႈမ်ား၊ ရံပံုေငြလဲႊေျပာင္းမႈမ်ားအတြက္ ျပည္တြင္းဘဏ္တစ္ခုလည္းျဖစ္၊ သူတုိ႔ရဲ႕မိတ္ဖက္ဘဏ္တစ္ခုလည္းျဖစ္သည့္ ဧရာဝတီဘဏ္နဲ႔ လက္တဲြလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားထားပါတယ္။

အဆုိပါဝန္ေဆာင္မႈမ်ားသည္ နယ္စပ္ျဖတ္ေက်ာ္ၿပီး အေရာင္းအဝယ္ျပဳလုပ္ေနသည့္ အလုပ္သမားမ်ား၊ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ ရည္ရြယ္ထားေၾကာင္းလည္း သိရွိရပါတယ္။ ဒါ့အျပင္ KBank သည္လည္း ျမန္မာႏိုင္ငံတြင္း ကုမၸဏီခဲြတစ္ခုနဲ႔ ျပည္တြင္းကုမၸဏီတစ္ခု၌ ွရွယ္ယာထည့္ဝင္ခြင့္ရရွိရန္ ခြင့္ျပဳခ်က္ေတာင္းခံထားေၾကာင္း သိရွိရပါတယ္။

KBank ရဲ႕ အမႈေဆာင္ဒုတိယဥကၠဌျဖစ္သူ Mr. Pattarapong က KBank အေနျဖင့္ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္ေရးနဲ႔ ဒစ္ဂ်စ္တယ္ဘဏ္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုသာ အဓိကအာရံုစုိက္ထားသျဖင့္ အျခားေသာဘဏ္ခဲြမ်ားကို ထပ္မံဖြင့္လွစ္သြားမည္မဟုတ္ေၾကာင္း  ေျပာၾကားထားပါတယ္။ SCB က ဧရာဝတီဘဏ္နဲ႔ မိတ္ဖက္ဘဏ္တစ္ခုအျဖစ္ သေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုထားသကဲ့သုိ႔ KBank ကလည္း ဧရာဝတီလယ္သမားမ်ားဖံြ႕ၿဖိဳးတိုးတက္ေရးဘဏ္ (A Bank) နဲ႔ မိတ္ဖက္ဘဏ္အျဖစ္ သေဘာတူညီမႈ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ထိုင္းႏုိင္ငံရဲ႕ဘ႑ာေရးတည္ၿငိမ္မႈဆိုင္ရာ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ Ronadol Numnonda က နည္းပညာဖံြ႕ၿဖိဳးတိုးတက္မႈသည္ ေဒသတြင္းဘဏ္မ်ားအတြက္ အာဆီယံေဒသတြင္း စီးပြားေရးအခြင့္အလမ္းမ်ားကို ရွာေဖြႏိုင္ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ထိုင္းႏုိင္ငံအေျခစိုက္ ဘဏ္မ်ားအေနျဖင့္ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ားကို အသံုးျပဳၿပီး လက္လီဘဏ္မ်ားျဖစ္လာေစရန္ ႀကိဳးပမ္းေနေပမယ့္ သူတုိ႔ရဲ႕အုပ္ခ်ဳပ္မႈနည္းစနစ္မ်ားေၾကာင့္ ျမန္မာႏိုင္ငံဗဟိုဘဏ္အေနျဖင့္ စိုးရိမ္စရာမရွိေၾကာင္းလည္း Ronadol က ေျပာၾကားခဲ့ပါတယ္။

SCB ရဲ႕အစုရွယ္ယာမ်ားသည္ ထိုင္းစေတာ့အိတ္ခ်ိန္း၌ ဘတ္ (၁.၄၆) ဘီလီယံအထိ တန္ဖိုးရွိၿပီး KBank ရဲ႕ အစုရွယ္ယာမ်ားမွာမူ ဘတ္ (၂.၉၈) ဘီလီယံအထိရွိေနေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Bangkokpost

#HM(Soshwe)

#soshwebanking

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read