HomeLifeStyleလက်ဆေးဆပ်ပြာရည်ဘူးပေါင်း (၁) သောင်းကျော်ကို အခမဲ့လှူဒါန်းခဲ့ရသည့် ညီအစ်ကိုနှစ်ယောက်ရဲ့အဖြစ်။

လက်ဆေးဆပ်ပြာရည်ဘူးပေါင်း (၁) သောင်းကျော်ကို အခမဲ့လှူဒါန်းခဲ့ရသည့် ညီအစ်ကိုနှစ်ယောက်ရဲ့အဖြစ်။

- Advertisement -

အမေရိကန်နိုင်ငံတောင်ပိုင်း၊ Tennessee ဒေသမှ Matt နဲ့ Noah Colvin တို့ ညီအစ်ကိုနှစ်ဦးသည် (၁) ဘူးကို (၁) ဒေါ်လာပင်မပြည့်သည့်တန်ဖိုးဖြင့် ဝယ်ယူထားသော လက်ဆေးဆပ်ပြာရည်ဘူးပေါင်း (၁၇, ၇၀၀) ကို (၁) ဘူးလျှင် ဒေါ်လာ (၇၀) ဖြင့် Amazon မှတစ်ဆင့် ပြန်လည်ရောင်းချရန် ကြိုးစားခဲ့ပါတယ်။ သို့သော် ကမ္ဘာတစ်ဝှမ်းကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသည့် အနေအထား၌ ယခုကဲ့သို့ စီးပွားရေးအမြတ်ထုတ်ခြင်းကို Amazon က လုံးဝလက်မခံခဲ့ဘဲ ပိတ်ပင်ခဲ့ခြင်းကြောင့် ထိုညီအစ်ကိုနှစ်ယောက်သည် လက်ရှိအချိန်၌ အဆိုပါလက်ဆေးဆပ်ပြာရည်ဘူးများအားလုံးကို အခမဲ့ဝေငှနေရပြီဖြစ်ပါတယ်။

- Advertisement -

Matt Colvin က “မနက်ဖြန်ကျရင် လက်ဆေးဆပ်ပြာရည်ဘူးတွေကို ဒေသတွင်းက ဘုရားကျောင်းတွေကို စတင်လှူဒါန်းတော့မှာပါ။” ဟု ပြောကြားခဲ့ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူများက အဆိုပါညီအစ်ကိုနှစ်ယောက်ရဲ့ ကနဦးလုပ်ရပ်များနဲ့ ပတ်သက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုအထိပင် လုပ်ခဲ့ကြပေမယ့် Matt တို့ညီအစ်ကိုကမူ စျေးကွက်အတွင်း ကုန်ပစ္စည်းမလုံလောက်ခြင်းကြောင့် ယခုကဲ့သို့ ကုန်ပစ္စည်းဖြည့်ဆည်းပေးခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

- Advertisement -

- Advertisement -

New York Times သတင်းစာနဲ့ တွေ့ဆုံရာ၌ Matt က “ကျွန်တော့်အတွက် အမြတ်နည်းနည်းရနိုင်တယ်ဆိုရင်ပဲ ဒါကအဆင်ပြေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ ဆက်လက်၍လည်း Matt က “ဒါပေမယ့် ကျွန်တော်က လက်ဆေးဆပ်ပြာရည်ဘူးတွေကို အဆ (၂၀)  လောက်စျေးတင်ပြီး  ရောင်းနေတာ မဟုတ်ပါဘူး။” ဟုလည်း တုံ့ပြန်ပြောကြားခဲ့ပါသေးတယ်။ အဆိုပါညီအစ်ကိုနှစ်ယောက်သည် လက်ဆေးဆပ်ပြာရည်ဘူးများကို ဝယ်ယူရန်အတွက် ဒေါ်လာ (၁၅,၀၀၀) အထိ အသုံးပြုဖွယ်ရှိကြောင်းလည်း သတင်းများက ဖော်ပြနေကြပါတယ်။

Matt တို့ ညီအစ်ကိုနှစ်ယောက်သည် အနီးအနားရှိလက်လီအရောင်းဆိုင်မှ အဆိုပါလက်ဆေးဆပ်ပြာရည်များကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည့် ယခုလအစောပိုင်းမှသာ လက်ဆေးဆပ်ပြာရည်ဘူးများကို   ရောင်းချရန်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဆိုးရွားလာချိန်၌ Amazon က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကျန်းမာရေးထုတ်ကုန်များရောင်းချခြင်းကို ရပ်တန့်စေခဲ့ပြီး ယခုကဲ့သို့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကလည်း အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးပစ္စည်းများကို လူအများအထိတ်တလန့်ဖြင့် အများအပြားဝယ်ယူကြမည်ကို စိုးရိမ်၍ဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

လက္ေဆးဆပ္ျပာရည္ဘူးေပါင္း (၁) ေသာင္းေက်ာ္ကို အခမဲ့လွဴဒါန္းခဲ့ရသည့္ ညီအစ္ကိုႏွစ္ေယာက္ရဲ႕အျဖစ္။

အေမရိကန္ႏုိင္ငံေတာင္ပိုင္း၊ Tennessee ေဒသမွ Matt နဲ႔ Noah Colvin တုိ႔ ညီအစ္ကိုႏွစ္ဦးသည္ (၁) ဘူးကို (၁) ေဒၚလာပင္မျပည့္သည့္တန္ဖိုးျဖင့္ ဝယ္ယူထားေသာ လက္ေဆးဆပ္ျပာရည္ဘူးေပါင္း (၁၇, ၇၀၀) ကို (၁) ဘူးလွ်င္ ေဒၚလာ (၇၀) ျဖင့္ Amazon မွတစ္ဆင့္ ျပန္လည္ေရာင္းခ်ရန္ ႀကိဳးစားခဲ့ပါတယ္။ သို႔ေသာ္ ကမာၻတစ္ဝွမ္းကိုရုိနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေနသည့္ အေနအထား၌ ယခုကဲ့သုိ႔ စီးပြားေရးအျမတ္ထုတ္ျခင္းကို Amazon က လံုးဝလက္မခံခဲ့ဘဲ ပိတ္ပင္ခဲ့ျခင္းေၾကာင့္ ထိုညီအစ္ကိုႏွစ္ေယာက္သည္ လက္ရွိအခ်ိန္၌ အဆုိပါလက္ေဆးဆပ္ျပာရည္ဘူးမ်ားအားလံုးကို အခမဲ့ေဝငွေနရၿပီျဖစ္ပါတယ္။

Matt Colvin က “မနက္ျဖန္က်ရင္ လက္ေဆးဆပ္ျပာရည္ဘူးေတြကို ေဒသတြင္းက ဘုရားေက်ာင္းေတြကို စတင္လွဴဒါန္းေတာ့မွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။ လူမႈကြန္ရက္အသံုးျပဳသူမ်ားက အဆုိပါညီအစ္ကိုႏွစ္ေယာက္ရဲ႕ ကနဦးလုပ္ရပ္မ်ားနဲ႔ ပတ္သက္ၿပီး အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈအထိပင္ လုပ္ခဲ့ၾကေပမယ့္ Matt တို႔ညီအစ္ကိုကမူ ေစ်းကြက္အတြင္း ကုန္ပစၥည္းမလံုေလာက္ျခင္းေၾကာင့္ ယခုကဲ့သုိ႔ ကုန္ပစၥည္းျဖည့္ဆည္းေပးျခင္းသာျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။

New York Times သတင္းစာနဲ႔ ေတြ႕ဆံုရာ၌ Matt က “ကြ်န္ေတာ့္အတြက္ အျမတ္နည္းနည္းရႏိုင္တယ္ဆုိရင္ပဲ ဒါကအဆင္ေျပပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။ ဆက္လက္၍လည္း Matt က “ဒါေပမယ့္ ကြ်န္ေတာ္က လက္ေဆးဆပ္ျပာရည္ဘူးေတြကို အဆ (၂၀)  ေလာက္ေစ်းတင္ၿပီး  ေရာင္းေနတာ မဟုတ္ပါဘူး။” ဟုလည္း တံု႔ျပန္ေျပာၾကားခဲ့ပါေသးတယ္။ အဆိုပါညီအစ္ကိုႏွစ္ေယာက္သည္ လက္ေဆးဆပ္ျပာရည္ဘူးမ်ားကို ဝယ္ယူရန္အတြက္ ေဒၚလာ (၁၅,၀၀၀) အထိ အသံုးျပဳဖြယ္ရွိေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပေနၾကပါတယ္။

Matt တုိ႔ ညီအစ္ကိုႏွစ္ေယာက္သည္ အနီးအနားရိွလက္လီအေရာင္းဆိုင္မွ အဆုိပါလက္ေဆးဆပ္ျပာရည္မ်ားကို ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံ၌ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ လူေသဆံုးမႈရွိေၾကာင္း သတင္းထုတ္ျပန္ခဲ့သည့္ ယခုလအေစာပိုင္းမွသာ လက္ေဆးဆပ္ျပာရည္ဘူးမ်ားကို   ေရာင္းခ်ရန္ျပင္ဆင္ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏံွ႔မႈဆိုးရြားလာခ်ိန္၌ Amazon က သူတို႔ရဲ႕ ဝက္ဘ္ဆိုက္မွတစ္ဆင့္ က်န္းမာေရးထုတ္ကုန္မ်ားေရာင္းခ်ျခင္းကို ရပ္တန္႔ေစခဲ့ၿပီး ယခုကဲ့သုိ႔ျပဳလုပ္ရသည့္ ရည္ရြယ္ခ်က္ကလည္း အြန္လိုင္းမွတစ္ဆင့္ က်န္းမာေရးပစၥည္းမ်ားကို လူအမ်ားအထိတ္တလန္႔ျဖင့္ အမ်ားအျပားဝယ္ယူၾကမည္ကို စိုးရိမ္၍ျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Mirror

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read