Breaking News

ပီဇာတစ်ချပ်ကို ၃၇ စက္ကန့်အတွင်းမှာ အပြီးဖုတ်နိုင်မယ့် အပူပေးမုန့်ဖုတ်ဖို။

အပူပေးမုန့်ဖုတ်မီးဖိုကို အသုံးပြုပြီး အစားအသောက်တွေကို ပြုလုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတစ်ခုလုံးကို ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် အထွေထွေကုန်ကျစရိတ်တွေကို သေချာစွာ တွက်ချက်ထားရပါတယ်။ ဒါ့အပြင် မိမိစားသောက်ဆိုင်က ပြုလုပ်ထားတဲ့ မုန့်တွေကို စားသုံးသူတွေက တစ်ခါစားပြီးတာနဲ့ နောက်တစ်ခါထပ်ဝယ်စားစေဖို့အတွက် အစားအသောက်ပြုလုပ်ရာမှာ သန့်ရှင်းလတ်ဆတ်တဲ့ မုန့်လုပ်ပစ္စည်းတွေကို အသုံးပြုရမှာဖြစ်ပြီး မုန့်တွေကို ဖုတ်ရာမှာလည်း သန့်ရှင်းတဲ့မုန့်ဖုတ်ဖိုကို် အသုံးပြုဖိ်ု့လည်း အလွန်အရေးကြီးပါတယ်။ တချို့အစားအသောက်တွေကိုတော့ ဂတ်စ်မီးဖိုပေါ်မှာ ချက်ပြုတ်ရတာမို့ ဂတ်စ်အိုးတွေ မကြာခဏ ဝယ်ရတာမျိုးတွေလည်းရှိနိုင်ပြီး မုန့်ဖုတ်ဖိုတွေကို အသုံးပြုမယ်ဆိုရင် လျှပ်စစ်ဓါတ်အားကို အားကိုးရတာမို့ လျှပ်စစ်မီတာခတွေ အမြောက်အမြား ကျသင့်နိုင်ပါတယ်။

ဒါကြောင့် အပူပေးနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ လျှပ်စစ်ဓါတ်အားကို မဖြစ်မနေအသုံးပြုပြီး မုန့်ပြုလုပ်ရတဲ့ လုပ်ငန်းရှင်တွေအတွက် ပီဇာတစ်ချပ်ကို ၃၇ စက္ကန့်အတွင်း အပြီးပြုလုပ်နိုင်မယ့် အပူပေးမုန့်ဖုတ်ဖိုကို တီထွင်ပေးလိုက်ပါတယ်။ လျှပ်စစ်ဓါတ်အားကို အချိန်ကြာမြင့်စွာ အသုံးပြုရတဲ့ စက်ပစ္စည်းကို အသုံးပြုလေ မီတာယူနစ် ပိုတတ်လေပါပဲ။ ဒါကြောင့်လည်း ကျွမ်းကျင်ပညာရှင်တွေက ပီဇာပြုလုပ်သူတွေအတွက် အချိန်ကုန်သက်သာပြီး လျှပ်စစ်မီတာခကုန်ကျမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး တီထွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အပူပေးနည်းပညာလုပ်ငန်း Kanthal အဖွဲ့အစည်းက သုတေသနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Björn Holmstedt က အဆိုပါမုန့်ဖုတ်ဖိုကို ဆွီဒင်နိုင်ငံ Hallstahammar မြို့မှာရှိတဲ့ Kanthal စက်ရုံမှာ တီထွင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မုန့်ဖုတ်ဖိုကိုပြုလုပ်ရာမှာ အရည်အသွေးမြင့်မားတဲ့ သံ၊ ခရိုမီယမ်နဲ့ အလူမီနီယံ ဒြပ်သုံးမျိုးကို ရောပြွန်းပြီးပြုလုပ်ထားတဲ့ AF သတ္တုအရောကို အသုံးပြုကာ မုန့်ဖုတ်ဖိုထဲမှာ အပူပေးစနစ် ၈ ခုကို ထည့်သွင်းပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါမုန့်ဖုတ်ဖိုထဲမှာပါဝင်တဲ့ ပူပေးစနစ် ၈ ခုမှာ တစ်ခုချင်းစီက အပူချိန် 900° C ကို ပေးစွမ်းနိုင်တာမို့ ၃၇ စက္ကန့်အတွင်းမှာ အနံ့အရသာနဲ့ပြည့်စုံပြီး နူးအိတဲ့ ပီဇာတစ်ချပ်ကို ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ပုံမှန်ပီဇာတစ်ချပ်ကို အပူချိန် 200°C မှာ ၁၀ မိနစ်ခန့်အချိန်ယူပြီး ဖုတ်ရပါတယ်။ နောက်တစ်မျိုးကတော့ Neapolitan ပီဇာလို့ လူသိများတဲ့ ပီဇာကိုတော့ သစ်သားလောင်ကျွမ်းမီးအပူချိန် 430°C ကို အသုံးပြုပြီး စက္ကန့် ၉၀ အတွင်း ဖုတ်ရပါတယ်။ Neapolitan ပီဇာပြုလုပ်ရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး Stockholm ပီဇာစားသောက်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Oskar Montano ကလည်း Kantha အဖွဲ့အစည်းရဲ့ အချိန် ၃၇ စက္ကန့်အတွင်း ပီဇာတစ်ချပ်လုံးကို ဖုတ်ပေးနိုင်စွမ်းရှိတဲ့ အပူပေးမုန့်ဖုတ်ဖို တီထွင်နိုင်မှုကို ဂုဏ်ယူချီးမွမ်းခဲ့ပါတယ်။

<Unicode Version>

 

 

 

ပီဇာတစ္ခ်ပ္ကို ၃၇ စကၠန္႔အတြင္းမွာ အၿပီးဖုတ္ႏိုင္မယ့္ အပူေပးမုန္႔ဖုတ္ဖို။

အပူေပးမုန္႔ဖုတ္မီးဖိုကို အသံုးျပဳၿပီး အစားအေသာက္ေတြကို ျပဳလုပ္ေရာင္းခ်တဲ့ လုပ္ငန္းရွင္ေတြဟာ လုပ္ငန္းတစ္ခုလံုးကို ေကာင္းမြန္စြာလည္ပတ္ႏိုင္ဖို႔အတြက္ အေထြေထြကုန္က်စရိတ္ေတြကို ေသခ်ာစြာ တြက္ခ်က္ထားရပါတယ္။ ဒါ့အျပင္ မိမိစားေသာက္ဆိုင္က ျပဳလုပ္ထားတဲ့ မုန္႔ေတြကို စားသံုးသူေတြက တစ္ခါစားၿပီးတာနဲ႔ ေနာက္တစ္ခါထပ္ဝယ္စားေစဖို႔အတြက္ အစားအေသာက္ျပဳလုပ္ရာမွာ သန္႔ရွင္းလတ္ဆတ္တဲ့ မုန္႔လုပ္ပစၥည္းေတြကို အသံုးျပဳရမွာျဖစ္ၿပီး မုန္႔ေတြကို ဖုတ္ရာမွာလည္း သန္႔ရွင္းတဲ့မုန္႔ဖုတ္ဖိုကို္ အသုံးျပဳဖိ္ု႕လည္း အလြန္အေရးႀကီးပါတယ္။ တခ်ိဳ႕အစားအေသာက္ေတြကိုေတာ့ ဂတ္စ္မီးဖိုေပၚမွာ ခ်က္ျပဳတ္ရတာမို႔ ဂတ္စ္အိုးေတြ မၾကာခဏ ဝယ္ရတာမ်ိဳးေတြလည္းရွိႏိုင္ၿပီး မုန္႔ဖုတ္ဖိုေတြကို အသံုးျပဳမယ္ဆိုရင္ လွ်ပ္စစ္ဓါတ္အားကို အားကိုးရတာမို႔ လွ်ပ္စစ္မီတာခေတြ အေျမာက္အျမား က်သင့္ႏိုင္ပါတယ္။

ဒါေၾကာင့္ အပူေပးနည္းပညာပိုင္းဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြဟာ လွ်ပ္စစ္ဓါတ္အားကို မျဖစ္မေနအသုံးျပဳၿပီး မုန္႔ျပဳလုပ္ရတဲ့ လုပ္ငန္းရွင္ေတြအတြက္ ပီဇာတစ္ခ်ပ္ကို ၃၇ စကၠန္႔အတြင္း အၿပီးျပဳလုပ္ႏိုင္မယ့္ အပူေပးမုန္႔ဖုတ္ဖိုကို တီထြင္ေပးလိုက္ပါတယ္။ လွ်ပ္စစ္ဓါတ္အားကို အခ်ိန္ၾကာျမင့္စြာ အသုံးျပဳရတ့ဲ စက္ပစၥည္းကို အသံုးျပဳေလ မီတာယူနစ္ ပိုတတ္ေလပါပဲ။ ဒါေၾကာင့္လည္း ကၽြမ္းက်င္ပညာရွင္ေတြက ပီဇာျပဳလုပ္သူေတြအတြက္ အခ်ိန္ကုန္သက္သာၿပီး လွ်ပ္စစ္မီတာခကုန္က်မႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ရည္ရြယ္ၿပီး တီထြင္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အပူေပးနည္းပညာလုပ္ငန္း Kanthal အဖြဲ႔အစည္းက သုေတသနဲ႔ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ Björn Holmstedt က အဆိုပါမုန္႔ဖုတ္ဖိုကို ဆြီဒင္ႏိုင္ငံ Hallstahammar ၿမိဳ႕မွာရွိတဲ့ Kanthal စက္႐ံုမွာ တီထြင္ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ မုန္႔ဖုတ္ဖိုကိုျပဳလုပ္ရာမွာ အရည္အေသြးျမင့္မားတဲ့ သံ၊ ခ႐ိုမီယမ္နဲ႔ အလူမီနီယံ ျဒပ္သံုးမ်ိဳးကို ေရာႁပြန္းၿပီးျပဳလုပ္ထားတဲ့ AF သတၱဳအေရာကို အသံုးျပဳကာ မုန္႔ဖုတ္ဖိုထဲမွာ အပူေပးစနစ္ ၈ ခုကို ထည့္သြင္းျပဳလုပ္ထားတာပဲ ျဖစ္ပါတယ္။ အဆိုပါမုန္႔ဖုတ္ဖိုထဲမွာပါဝင္တဲ့ ပူေပးစနစ္ ၈ ခုမွာ တစ္ခုခ်င္းစီက အပူခ်ိန္ 900° C ကို ေပးစြမ္းႏိုင္တာမို႔ ၃၇ စကၠန္႔အတြင္းမွာ အနံ႔အရသာနဲ႔ျပည့္စံုၿပီး ႏူးအိတဲ့ ပီဇာတစ္ခ်ပ္ကို ျပဳလုပ္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

ပံုမွန္ပီဇာတစ္ခ်ပ္ကို အပူခ်ိန္ 200°C မွာ ၁၀ မိနစ္ခန္႔အခ်ိန္ယူၿပီး ဖုတ္ရပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ Neapolitan ပီဇာလို႔ လူသိမ်ားတဲ့ ပီဇာကိုေတာ့ သစ္သားေလာင္ကၽြမ္းမီးအပူခ်ိန္ 430°C ကို အသံုးျပဳၿပီး စကၠန္႔ ၉၀ အတြင္း ဖုတ္ရပါတယ္။ Neapolitan ပီဇာျပဳလုပ္ရာမွာ တစ္ဖက္ကမ္းခတ္ကၽြမ္းက်င္ၿပီး Stockholm ပီဇာစားေသာက္ဆိုင္ ပိုင္ရွင္တစ္ဦးျဖစ္တဲ့ Oskar Montano ကလည္း Kantha အဖြဲ႔အစည္းရဲ႕ အခ်ိန္ ၃၇ စကၠန္႔အတြင္း ပီဇာတစ္ခ်ပ္လံုးကို ဖုတ္ေပးႏိုင္စြမ္းရွိတဲ့ အပူေပးမုန္႔ဖုတ္ဖို တီထြင္ႏိုင္မႈကို ဂုဏ္ယူခ်ီးမြမ္းခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro