Breaking News

ယာဉ်ကြောပိတ်ဆို့မှုများပြားလွန်း၍ ထူးထူးခြားခြားအစီအစဉ်ပြုလုပ်တော့မည့် အိန္ဒိယ။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Bangalore မြို့၌ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ယာဉ်ကြောပိတ်ဆို့မှုကြာချိန်က နာရီပေါင်း (၂၄၃) နာရီအထိရှိခဲ့ပြီး တစ်နှစ်အတွင်း စုစုပေါင်းရက်အားဖြင့် (၁၀) ရက်ကျော်ကြာမြင့်ခဲ့ကြောင်း  သိရှိရပါတယ်။ (၂၀၁၉) ခုနှစ်အတွက် TomTom Traffic Index ရဲ့ တိုင်းတာချက်အရ Bangalore မြို့သည် Mumbai မြို့ကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်၌ ယာဉ်ကြောကျပ်တည်းမှုအဆိုးရွားဆုံးမြို့တစ်မြို့အဖြစ် ရပ်တည်နေခဲ့ပါတယ်။

အဆိုပါမြို့အတွင်းရှိလမ်းမများပေါ်၌ (၂၀၀၀) ပြည့်နှစ်က ကားအစီးရေ (၁.၄) သန်းသာရှိပေမယ့် (၂၀၁၉) ခုနှစ်၌မူ ကားအစီးရေ (၈) သန်းအထိ တိုးပွားလာခဲ့ကြောင်းလည်း အချက်အလက်များက ဖော်ပြနေကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်၌ အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းထွက်ပေါ်လာခဲ့ပြီး Bangalore အခြေစိုက် Scooter ငှားရမ်းသည့်ကုမ္ပဏီဖြစ်သည့် Bounce က လျှပ်စစ်နဲ့ဓာတ်ဆီအသုံးပြုသည့် ဆိုင်ကယ်ပေါင်း (၁၇,၀၀၀) ကျော်ကို Application အသုံးပြုပြီး ငှားရမ်းနိုင်မည့် အအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လျက်ရှိပါတယ်။

ဒါ့အပြင် ငှားရမ်းခကလည်း တစ်နာရီလျှင် (၁၄) ရူပီသာ ကုန်ကျနိုင်သဖြင့် အလွန်သက်သာသည့်  စျေးနှုန်းတစ်ခုဖြစ်ပြီး (၂၀၁၄) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် အဆိုပါကုမ္ပဏီသည် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအတွင်း မြို့ပေါင်း (၃၀) ကျော်၌ ဆိုင်ကယ်ငှားရမ်းနိုင်သည့် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီလည်းဖြစ်ပါတယ်။ Bounce ရဲ့တွဲဖက်ပိုင်ရှင်တစ်ဦးဖြစ်သူ Varun Agni က ယခုအစီအစဉ်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလက ရံပုံငွေ ဒေါ်လာ (၁၀၅) သန်းရရှိခဲ့ပြီး စုစုပေါင်းအရင်းအနှီးမှာ ဒေါ်လာသန်း (၂၀၀)  ကျော်ရှိသည်ဟု ဆိုပါတယ်။ ထို့ပြင်နောက်ဆုံးထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်း (၅၀၀) အထိ ရှိလာခဲ့ပြီး ယခုနှစ်ကုန်ပိုင်း၌ သဘာဝပတ်ဝန်းကျင်အထောက်အပံ့ဖြစ်စေရန်အတွက် ကုမ္ပဏီရှိ ဆိုင်ကယ်အများစုကို လျှပ်စစ်နည်းပညာသုံးဆိုင်ကယ်များအဖြစ် အသွင်ပြောင်းနိုင်ရန် ကြိုးစားနေကြောင်းလည်း Agni က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Bounce Application သည် ဒရိုင်ဘာများနဲ့ လမ်းကြောင်းတူခရီးသည်များကို ချိတ်ဆက်ပေးသည့် Application တစ်ခုဖြစ်ပြီး ကီလိုမီတာအပေါ်မူတည်ကာ  ငွေပေးချေးရခြင်းဖြစ်ပါတယ်။  ငွေပေးချေရာ၌လည်း  ငွေသားပေးရသည့်စနစ်မဟုတ်ဘဲ ခရီးသည်ရဲ့ဖုန်းအတွင်းရှိ Bounce Application အတွင်းမှ  ငွေသားဖြတ်တောက်သွားသည့် စနစ်ကို အသုံးပြုထားကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျပားလြန္း၍ ထူးထူးျခားျခားအစီအစဥ္ျပဳလုပ္ေတာ့မည့္ အိႏၵိယ။

အိႏၵိယႏိုင္ငံေတာင္ပိုင္းရွိ Bangalore ၿမိဳ႕၌ ၿပီးခဲ့သည့္တစ္ႏွစ္တာအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈၾကာခ်ိန္က နာရီေပါင္း (၂၄၃) နာရီအထိရွိခဲ့ၿပီး တစ္ႏွစ္အတြင္း စုစုေပါင္းရက္အားျဖင့္ (၁၀) ရက္ေက်ာ္ၾကာျမင့္ခဲ့ေၾကာင္း  သိရွိရပါတယ္။ (၂၀၁၉) ခုႏွစ္အတြက္ TomTom Traffic Index ရဲ႕ တုိင္းတာခ်က္အရ Bangalore ၿမိဳ႕သည္ Mumbai ၿမိဳ႕ကို ေက်ာ္ျဖတ္ကာ ကမာၻေပၚ၌ ယာဥ္ေၾကာက်ပ္တည္းမႈအဆုိးရြားဆံုးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ရပ္တည္ေနခဲ့ပါတယ္။

အဆုိပါၿမိဳ႕အတြင္းရွိလမ္းမမ်ားေပၚ၌ (၂၀၀၀) ျပည့္ႏွစ္က ကားအစီးေရ (၁.၄) သန္းသာရွိေပမယ့္ (၂၀၁၉) ခုႏွစ္၌မူ ကားအစီးေရ (၈) သန္းအထိ တိုးပြားလာခဲ့ေၾကာင္းလည္း အခ်က္အလက္မ်ားက ေဖာ္ျပေနၾကပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္၌ အဆိုပါအခက္အခဲမ်ားကို ေျဖရွင္းႏုိင္မည့္ နည္းလမ္းထြက္ေပၚလာခဲ့ၿပီး Bangalore အေျခစိုက္ Scooter ငွားရမ္းသည့္ကုမၸဏီျဖစ္သည့္ Bounce က လွ်ပ္စစ္နဲ႔ဓာတ္ဆီအသံုးျပဳသည့္ ဆိုင္ကယ္ေပါင္း (၁၇,၀၀၀) ေက်ာ္ကို Application အသံုးျပဳၿပီး ငွားရမ္းႏိုင္မည့္ အအစီအစဥ္တစ္ခုကို အေကာင္အထည္ေဖာ္လ်က္ရွိပါတယ္။

ဒါ့အျပင္ ငွားရမ္းခကလည္း တစ္နာရီလွ်င္ (၁၄) ရူပီသာ ကုန္က်ႏိုင္သျဖင့္ အလြန္သက္သာသည့္  ေစ်းႏႈန္းတစ္ခုျဖစ္ၿပီး (၂၀၁၄) ခုႏွစ္၌ စတင္တည္ေထာင္ခဲ့သည့္ အဆုိပါကု​မၸဏီသည္ လက္ရွိအခ်ိန္တြင္ အိႏိၵယႏုိင္ငံအတြင္း ၿမိဳ႕ေပါင္း (၃၀) ေက်ာ္၌ ဆိုင္ကယ္ငွားရမ္းႏုိင္သည့္ ဝန္ေဆာင္မႈေပးေနသည့္ ကုမၸဏီလည္းျဖစ္ပါတယ္။ Bounce ရဲ႕တဲြဖက္ပိုင္ရွင္တစ္ဦးျဖစ္သူ Varun Agni က ယခုအစီအစဥ္အတြက္ ၿပီးခဲ့သည့္ ဇန္နဝါရီလက ရံပံုေငြ ေဒၚလာ (၁၀၅) သန္းရရွိခဲ့ၿပီး စုစုေပါင္းအရင္းအႏီွးမွာ ေဒၚလာသန္း (၂၀၀)  ေက်ာ္ရွိသည္ဟု ဆိုပါတယ္။ ထို႔ျပင္ေနာက္ဆံုးထုတ္ျပန္ခ်က္အရ ရင္းႏွီးျမွဳပ္ႏံွမႈမွာ ေဒၚလာသန္း (၅၀၀) အထိ ရွိလာခဲ့ၿပီး ယခုႏွစ္ကုန္ပိုင္း၌ သဘာဝပတ္ဝန္းက်င္အေထာက္အပံ့ျဖစ္ေစရန္အတြက္ ကုမၸဏီရိွ ဆိုင္ကယ္အမ်ားစုကို လွ်ပ္စစ္နည္းပညာသံုးဆိုင္ကယ္မ်ားအျဖစ္ အသြင္ေျပာင္းႏုိင္ရန္ ႀကိဳးစားေနေၾကာင္းလည္း Agni က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Bounce Application သည္ ဒရိုင္ဘာမ်ားနဲ႔ လမ္းေၾကာင္းတူခရီးသည္မ်ားကို ခ်ိတ္ဆက္ေပးသည့္ Application တစ္ခုျဖစ္ၿပီး ကီလိုမီတာအေပၚမူတည္ကာ  ေငြေပးေခ်းရျခင္းျဖစ္ပါတယ္။  ေငြေပးေခ်ရာ၌လည္း  ေငြသားေပးရသည့္စနစ္မဟုတ္ဘဲ ခရီးသည္ရဲ႕ဖုန္းအတြင္းရွိ Bounce Application အတြင္းမွ  ေငြသားျဖတ္ေတာက္သြားသည့္ စနစ္ကို အသံုးျပဳထားေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro