၁။ Arnold Schwarzenegger
ပြီးခဲ့သည့်တနင်္ဂနွေနေ့က အဆိုပါမင်းသားကြီးသည် သူ့ရဲ့တွစ်တာအကောင့်မှတစ်ဆင့် “တတ်နိုင်သမျှ အိမ်မှာပဲနေကြပါ။ ကျွမ်းကျင်သူတွေရဲ့ပြောစကားကို နားထောင်ပြီး ကျွန်တော်တို့ ဒီကပ်ရောဂါဆိုးကြီးကို အတူတူကျော်ဖြတ်ကြရအောင်။” ဟု ပြောကြားသွားခဲ့ပါတယ်။ မင်းသားကြီး Arnold သည် လက်ရှိအချိန်၌ အသက် (၇၂) နှစ်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်၌ အသက် (၆၅) နှစ်နဲ့အထက် ပုဂ္ဂိုလ်များကို အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မပေးတော့ကြောင်းလည်း အသိပညာပေးပြောကြားသွားခဲ့ပါတယ်။ Arnold ရဲ့ တွစ်တာအကောင့်၌ Follower ပေါင်း (၄.၄) သန်းရှိပြီး သူ့ရဲ့ယခုကဲ့သို့ အသိပညာပေးမှုက ပရိသတ်များအတွက် သူတို့အနီးအနားက သက်ကြီးရွယ်အိုများကို ပိုမိုဂရုစိုက်နိုင်မည်လည်းဖြစ်ပါတယ်။
Stay at home as much as possible. Listen to the experts, ignore the morons (foreheads). We will get through this together. pic.twitter.com/FRg41QehuB
— Arnold (@Schwarzenegger) March 16, 2020
၂။ Taylor Swift
နာမည်ကျော်အဆိုတော် Taylor Swift ကလည်း သူ့ရဲ့အင်စတာဂရမ် Story ၌ “ဒီအချိန်က အစီအစဉ်အားလုံးကို ဖျက်သိမ်းပြီး တတ်နိုင်သလောက် သီးခြားနေထိုင်ရမယ့်အချိန်ပါ။ ရှင်တို့အနေနဲ့ ကိုယ်တိုင်ဖျားနာတာမဟုတ်ဘဲနဲ့လည်း သက်ကြီးရွယ်အိုတွေနဲ့ တခြားတစ်ယောက်ယောက်ကို ဗိုင်းရပ်စ်ကူးစက်စေနိုင်ပါတယ်။ ဒီအချိန်က တကယ်ကို ကြောက်စရာကောင်းတဲ့အချိန်ဖြစ်ပြီး လူမှုရေးကိစ္စအားလုံးကို စွန့်လွှတ်ရမယ့်အချိန်ကာလပါ။” ဟု ရေးသားခဲ့ပါတယ်။
၃။ John Legend
All of Me သီချင်းကို သီဆိုထားသည့် John Legend ကလည်း “အခုချိန်မှာ လူတွေက မလိုအပ်ဘဲ ခရီးသွားတာတွေနဲ့ အခမ်းအနားတက်ရောက်တာတွေကို ရပ်နားထားရပါပြီ။ မလိုအပ်ဘဲ အချိန်ဇယားထဲ ထည့်ထားတဲ့ကိစ္စတွေ ဘယ်လောက်များလဲဆိုတာကို အခုကစပြီး သတိထားမိနေလောက်ပါပြီ။ ကျွန်တော်တို့ရဲ့ ဖျော်ဖြေရေးလုပ်ငန်းကြီးက လူတွေကို ပျော်ရွှင်စေတဲ့၊ စိတ်ခွန်အားပေးတဲ့လုပ်ငန်းဆိုပေမယ့် မလိုအပ်တဲ့ကိစ္စရပ်တွေလည်း အများကြီးပြည့််နှက်နေပါတယ်။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။
Now that folks are cancelling non-essential travel and events, u start to realize how much we schedule that's non-essential. Of course, what we do is critical to human joy, inspiration, etc, but our entire entertainment industry is full of individually non-essential events.
— John Legend (@johnlegend) March 9, 2020
၄။ Lady Gaga
အင်စတာဂရမ်၌ Follower ပေါင်း (၃၉.၈) သန်းရှိသည့် Lady Gaga ကလည်း “တချို့ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ ကျွန်မစကားပြောဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကလူတိုင်းအတွက် လွယ်ကူတဲ့အချိန်မဟုတ်ပေမယ့် ဒီအချိန်မှာအကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် သီးခြားနေထိုင်ပြီး စောင့်ကြည့်တာပါပဲ။ နောက်ပြီး အသက် (၆၅) နှစ်နဲ့အထက် လူကြီးတွေနဲ့လည်း မထိတွေ့ဘဲနေဖို့ပါ။ ကျွန်မ အခုချိန်မှာ မိဘတွေနဲ့ အဖွားတွေကို တွေ့ချင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့နဲ့မတွေ့တာက သူတို့ကို ရောဂါမကူးစက်စေဘဲ သူတို့အတွက်လည်း ပိုပြီးအန္တရာယ်ကင်းနိုင်ပါတယ်။” ဟု ရေးသားခဲ့ကြောင်းသိရှိရပါတယ်။
<Unicode Version>
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပရိသတ်များကို အပြိုင်အဆိုင် အသိပညာပေးခဲ့ကြသည့် နာမည်ကျော်များ။
၂။ Taylor Swift
၃။ John Legend
၎။ Lady Gaga
<Zawgyi Version>
Source ~ CNN
#HM(Soshwe)
#soshwecelebrity
#soshweforyourdailylife
#likeandshare