HomeEntertainmentတရားစွဲဆိုခံရတော့မည့် Lady Gaga ရဲ့ဖခင်။

တရားစွဲဆိုခံရတော့မည့် Lady Gaga ရဲ့ဖခင်။

- Advertisement -

Lady Gaga ရဲ့ဖခင်ဖြစ်သူ Joe Germanotta သည် စားသောက်ဆိုင်တစ်ဆိုင်အတွက် နေရာငှားရမ်းခဲ့ပေမယ့် အဆိုပါငှားရမ်းမှုအတွက် အခကြေးငွေပေးချေရန် ငြင်းဆန်ထားခြင်းကြောင့် တရားစွဲခံရမည့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ Germanotta သည် New York မြို့ရှိ Grand Central Terminal ၌ ဖွင့်လှစ်ထားသော Art Bird & Whisky Bar ရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါနေရာငှားရမ်းခအတွက် Germanotta က ဒေါ်လာ (၂၆၀,၀၀၀) ကျော်ကို မြို့တော်သယ်ယူပို့ဆောင်ရေးဌာန (MTA) ကိုပေးချေရန် ကျန်ရှိနေပေမယ့် နေရာသန့်ရှင်းမှုမရှိခြင်း၊ အနီးပတ်ဝန်းကျင်၌ အိမ်ခြေမဲ့လူတန်းစားများပြားလာခြင်းတို့က သူ့ရဲ့စီးပွားရေးကို နစ်နာဆုံးရှုံးမှုများ ရှိစေသည်ဟုဆိုကာ ငှားရမ်းခပေးချေရန် ငြင်းဆန်ထားခြင်းဖြစ်ပါတယ်။

- Advertisement -

လက်ရှိအချိန်၌ Germanotta အနေဖြင့် အဆိုပါငှားရမ်းခကို ဖေဖော်ဝါရီလမကုန်ခင် ပေးချေရန် အမိန့်စာကို လက်ခံရရှိထားပြီး အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်၍ Germanotta က “ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရားရုံးတွေကို အကန့်အသတ်မရှိ ပိတ်သိမ်းထားပြီး မကြာခင်မှာပဲ ဘားတွေ၊ စားသောက်ဆိုင်တွေအားလုံးကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်တို့က ArtBird ဆိုင်ခန်းငှားခမပေးလို့  ပြဿနာတက်နေပါတယ်။” ဟု CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

- Advertisement -

လက်ရှိအချိန်၌ အခြားသောဆိုင်ခန်းငှားသူများက ငွေပေးချေရန်မလိုအပ်ပေမယ့် Germanotta က သူတစ်ယောက်တည်း လက်ရှိအခြေအနေနဲ့ ရင်ဆိုင်နေရသည်ဟု ငြီးတွားခဲ့ပြီး တရားစွဲဆိုမှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။ MTA ကမူ Germanotta အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသည့် အခြေအနေတစ်ရပ်ကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ငှားရမ်းခပေးချေရန် ငြင်းဆန်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

- Advertisement -

ဒါ့အပြင် MTA က “ကျွန်တော်တို့ သူ့ကို (၁၄) ရက်အတွင်း ငှားရမ်းခပေးချေဖို့ သတိပေးအကြောင်းကြားစာ ပို့ပြီးပါပြီ။ အဲ့ဒီကာလအတွင်း သူဒီငှားရမ်းခတွေကို ပေးချေနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု  ပြောကြားခဲ့ပေမယ့် Germanotta ကမူ “သူတို့က တကယ့်အိမ်ခြံမြေစီးပွားရေးလုပ်ငန်းအစစ်မဟုတ်ပါဘူး။ တကယ်တမ်း သူတို့လုပ်ရမှာက ရထားပို့ဆောင်ရေးပါ။” ဟု တုံ့ပြန်ခဲ့ပြီး ငှားရမ်းခပေးချေရန် စိတ်ကူးမရှိကြောင်း ပြတ်ပြတ်သားသားပြောဆိုခဲ့သည်ဟု သိရှိရပါတယ်။

<Unicode Version>

 

 

တရားစဲြဆုိခံရေတာ့မည့္ Lady Gaga ရဲ႕ဖခင္။

Lady Gaga ရဲ႕ဖခင္ျဖစ္သူ Joe Germanotta သည္ စားေသာက္ဆိုင္တစ္ဆိုင္အတြက္ ေနရာငွားရမ္းခဲ့ေပမယ့္ အဆုိပါငွားရမ္းမႈအတြက္ အခေၾကးေငြေပးေခ်ရန္ ျငင္းဆန္ထားျခင္းေၾကာင့္ တရားစဲြခံရမည့္အေရးနဲ႔ ရင္ဆုိင္ေနရပါတယ္။ Germanotta သည္ New York ၿမိဳ႕ရွိ Grand Central Terminal ၌ ဖြင့္လွစ္ထားေသာ Art Bird & Whisky Bar ရဲ႕ ပိုင္ရွင္တစ္ဦးလည္းျဖစ္ပါတယ္။

အဆိုပါေနရာငွားရမ္းခအတြက္ Germanotta က ေဒၚလာ (၂၆၀,၀၀၀) ေက်ာ္ကို ၿမိဳ႕ေတာ္သယ္ယူပို႔ေဆာင္ေရးဌာန (MTA) ကုိေပးေခ်ရန္ က်န္ရွိေနေပမယ့္ ေနရာသန္႔ရွင္းမႈမရွိျခင္း၊ အနီးပတ္ဝန္းက်င္၌ အိမ္ေျခမဲ့လူတန္းစားမ်ားျပားလာျခင္းတို႔က သူ႔ရဲ႕စီးပြားေရးကို နစ္နာဆံုးရံႈးမႈမ်ား ရွိေစသည္ဟုဆိုကာ ငွားရမ္းခေပးေခ်ရန္ ျငင္းဆန္ထားျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ Germanotta အေနျဖင့္ အဆုိပါငွားရမ္းခကို ေဖေဖာ္ဝါရီလမကုန္ခင္ ေပးေခ်ရန္ အမိန္႔စာကို လက္ခံရရွိထားၿပီး အဆုိပါျဖစ္ရပ္နဲ႔ ပတ္သက္၍ Germanotta က “ဒီေန႔မွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ တရားရံုးေတြကို အကန္႔အသတ္မရွိ ပိတ္သိမ္းထားၿပီး မၾကာခင္မွာပဲ ဘားေတြ၊ စားေသာက္ဆိုင္ေတြအားလံုးကို ပိတ္သိမ္းဖို႔ ညႊန္ၾကားထားပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာမွ ကြ်န္ေတာ္တို႔က ArtBird ဆိုင္ခန္းငွားခမေပးလို႔  ျပႆနာတက္ေနပါတယ္။” ဟု CNN သတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္၌ အျခားေသာဆိုင္ခန္းငွားသူမ်ားက ေငြေပးေခ်ရန္မလိုအပ္ေပမယ့္ Germanotta က သူတစ္ေယာက္တည္း လက္ရွိအေျခအေနနဲ႔ ရင္ဆုိင္ေနရသည္ဟု ၿငီးတြားခဲ့ၿပီး တရားစဲြဆိုမႈမ်ားကို ျပန္လည္တံု႔ျပန္သြားမည္ဟု ေျပာၾကားခဲ့ပါတယ္။ MTA ကမူ Germanotta အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏံွ႔ေနသည့္ အေျခအေနတစ္ရပ္ကို အခြင့္ေကာင္းယူကာ ယခုကဲ့သုိ႔ ငွားရမ္းခေပးေခ်ရန္ ျငင္းဆန္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

ဒါ့အျပင္ MTA က “ကြ်န္ေတာ္တို႔ သူ႔ကို (၁၄) ရက္အတြင္း ငွားရမ္းခေပးေခ်ဖို႔ သတိေပးအေၾကာင္းၾကားစာ ပို႔ၿပီးပါၿပီ။ အဲ့ဒီကာလအတြင္း သူဒီငွားရမ္းခေတြကို ေပးေခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု  ေျပာၾကားခဲ့ေပမယ့္ Germanotta ကမူ “သူတုိ႔က တကယ့္အိမ္ၿခံေျမစီးပြားေရးလုပ္ငန္းအစစ္မဟုတ္ပါဘူး။ တကယ္တမ္း သူတုိ႔လုပ္ရမွာက ရထားပို႔ေဆာင္ေရးပါ။” ဟု တံု႔ျပန္ခဲ့ၿပီး ငွားရမ္းခေပးေခ်ရန္ စိတ္ကူးမရွိေၾကာင္း ျပတ္ျပတ္သားသားေျပာဆိုခဲ့သည္ဟု သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ CNN

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read