Breaking News

မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် အပြင်းအထန်ကြိုးစားပေးမည့် ဘဏ်ကြီးတစ်ခု။

နေ့စဉ်လူနေမူဘဝတွင် မဖြစ်မနေ ဖြတ်ကျော်ရမယ့် အရေးပါတဲ့ အချက်တွေကတော့ စားဝတ်နေရေးနဲ့ အသက်ရှင်နေထိုင်ရေး တို့ပဲဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာများအတွင်းမှ နေထိုင်ရေးနဲ့ပါတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့နေတဲ့ အခက်ခဲများအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့ CHID ဘဏ်က Chief Policy Officer ဖြစ်သူ ဦးဝင်းဇော်နဲ့ အင်တာဗျူးထဲမှ  ပြောကြားခဲ့တဲ့အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ယခုလို ဆောက်လုပ်ရေးအိမ်ရာ အခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးဘဏ် CHID ဘဏ် ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “၂၀၁၄ ဇန်နဝါရီလမှာ  ဒီဘဏ်ကြီးကို စတင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်သူလူထုတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို တည်ဆောက်ပေးရတယ်။ အစိုးရအနေနဲ့လည်း အိမ်ရာတွေနဲ့ပါတ်သက်ပြီး  ဆောက်လုပ်ရေးကဏ္ဍမှာ  ငွေကြေးကဏ္ဍကို အပြည့်အဝအထောက်ပ့ံပေးနိုင်ခဲ့ဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက် တန်ဖိုးနည်းအိမ်ရာတွေကို တည်ဆောက်ပေးခဲ့ပေမယ့်လည်း ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်ပေးနိုင်ခဲ့ဘူူး။ ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်အိမ်ပိုင်လေးနဲ့ နေထိုင်နိင်မယ့် အနေထားလေး တစ်ခုရောက်လာအောင် ဆောက်လုပ်ရေးဝန်ကြီးဌာကို တာဝန်ပေးပြီးလေ့လာခိုင်းခဲ့ပြီးနောက် အနေအထားအရ အရှေ့တောင်အာရှနိုင်ငံအချို့ဖြစ်တဲ့ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေမှာ ပြည်သူတွေအတွက် နေအိမ်နဲ့ ပတ်သက်တဲ့တန်ဖိုးကို တည်ဆောက်နိုင်တဲ့ အနေထားမရှိကြဘူး။ အဲတော့ ပြည်သူတွေကို ချေးငွေပေးပြီးတော့မှ အိမ်ရာဝယ်ဖို့အတွက်  ဆောင်ရွက်မယ်ဆိုတဲ့အပိုင်းမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဘဏ်တစ်ခု ကြားခံဆောင်ရွက်မှပဲ အဆင်ပြေမယ်ဆိုတဲ့ အဖြေရတဲ့အခါမှ နိုင်ငံတော်အစိုးရက အစုရှယ်ယာ ၄၀ ရာခိုင်နူန်းပါဝင်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။”လို့ ဦးဝင်းဇော် ကဆိုပါတယ်။

လက်ရှိအချိန်အထိ CHID ဘဏ်အ နေဖြင့် ဆောက်လုပ်ရေးနှင့် ပတ်သက်သော အိမ်ရာများ  ဆောက်လုပ်ခြင်းအပြင် အိမ်ရာများတွင် လိုအပ်သည့် အခြေခံအဆောက်အုံ လုပ်ငန်းများတည်ဆောက်ခြင်း၊ ပြည်သူများ အဆင်ပြေပြေဆက်သွယ်သွားလာနိုင်အောင်  လမ်း၊ တံတားများဖောက်လုပ်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ လိုအပ်နေသည့် ကျောင်းများ၊ ဆေးခန်းများ၊ ပန်းခြံများအစရှိသည်တို့ကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုဘဏ်ကြီးကို ဖွင့်ခဲ့ခြင်းဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ CHID ဘဏ်ရဲ့ ကျန်ရှိတဲ့ ၆၀ ရာခိုင်နူန်းကို မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များ ပါဝင်ထားတာဖြစ်ပါတယ်။ အဆိုပါဘဏ်ကြီးကို စတင်ဖွဲ့စည်းသည့်အခါမှာတော့ ပါဝင်သည့်သူများက  ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်တဲ့သူတွေပဲဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

CHID ဘဏ်ကို စတင်သည့်အခါမှာတော့ Pilot Project အနေဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်တဲ့ ရွှေလင်ဗန်းအိမ်ရာကိုအတွက်  ချေးငွေထုတ်ပေးခဲ့ပါတယ်။

ယခုလိုစတင်ရာမှာတော့ ပြည်သူလူထုအတွင်းက မည်သူမဆို  လျောက်ထားနိုင်တယ်ဆိုပြီး  လျောက်ခိုင်းခဲ့ရာမှာ လျောက်လွာပေါင်း ထောင်ကျော်ရှိခဲ့ပြီး အမှန်တစ်ကယ် ပြန်လည်လက်ခံရရှိခဲ့တာကတော့ ၇၀၀ / ၈၀၀ ခန့်ပဲ ရှိတော့တာဖြစ်ပါတယ်။ ထိုနောက်ပိုင်း ပြန်လည်စီစစ်ပြီး အိမ်ရာတေါကိုဝယ်ယူသူတွေအနေနဲ့ ကနဦး ၃၀ ရာခိုင်နူန်းကို လက်ငင်းပေးရမှာဖြစ်ပြီး ၇၀ ရာခိုင်နူန်းကို ၁၀ နှစ်ကြာအရစ်ကျပုံစံနဲ့ ချေးပေးမယ်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အစကနဦး ၃၀ ရာခိုင်နူန်းကိုပင် ပေးချေနိုင်ခြင်းမရှိတဲ့အတွက် နောက်ဆုံးမှာတော့ လူ ၃၀၀  ကျော်လောက်ပဲ ကျန်တော့ပြီး  နောက်ဆုံးတစ်ကယ်ပေးနိုင်တဲ့သူအရေအတွက် ၂၀၀ သာ ပြန်ဖြစ်သွားပါတယ်လို့ ရှင်းပြပါတယ်။ ပြည်သူလူထုများအနေနဲ့ အိမ်ရာဝယ်လိုခြင်များရှိပေမယ့် ၃၀ ရာခိုင်နူန်းသွင်းရန်မှာတော့ အခက်ခဲများ ရှိနေခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ၂၀၁၅ မှာ အောင်မြင်မူသိပ်မရရှိလိုက်ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ CHID ဘဏ်မှ ရောင်းချပေးထားသူဦးရေပေါင်း ၅၄၀၀ အထိရှိလာကာ အဆိုပါချေးပေးထာသည့် ငွေပမာဏကတော့ ၅၀ ဘီလီယံခန့်ရှိနေပြီဖြစ်ပါတယ်။ Housing Saving ရှိသည့်  ခြောက်သောင်းကျော်တွင် အမှန်တစ်ကယ်ဝယ်ယူခွင့်ရှိသည်က ၃၀၀၀၀ ကျော်ရှိပြီး ထိုအထဲမှ ၅၀၀၀  ကျော်သာ ရောင်းချနိုင်သေးတာဖြစ်ပါတယ်။

<Unicode Version>

 

 

ျမန္မာႏိုင္ငံရဲ႕ တန္ဖိုးနည္းအိမ္ရာစီမံကိန္းအတြက္ အျပင္းအထန္ႀကိဳးစားေပးမည့္ ဘဏ္ႀကီးတစ္ခု။

ေန႔စဥ္လူေနမူဘဝတြင္ မျဖစ္မေန ျဖတ္ေက်ာ္ရမယ့္ အေရးပါတဲ့ အခ်က္ေတြကေတာ့ စားဝတ္ေနေရးနဲ႕ အသက္ရွင္ေနထိုင္ေရး တို႔ပဲျဖစ္ပါတယ္။ အဆိုပါ အေၾကာင္းအရာမ်ားအတြင္းမွ ေနထိုင္ေရးနဲ႔ပါတ္သက္ၿပီး ရင္ဆိုင္ၾကဳံေတြ႕ေနတဲ့ အခက္ခဲမ်ားအတြက္ တတ္စြမ္းသမၽွ ျဖည့္ဆည္းေဆာင္ရြက္ေပးေနတဲ့ CHID ဘဏ္က Chief Policy Officer ျဖစ္သူ ဦးဝင္းေဇာ္နဲ႔ အင္တာဗ်ဴးထဲမွ  ေျပာၾကားခ့ဲတ့ဲအခ်က္အလက္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ယခုလို ေဆာက္လုပ္ေရးအိမ္ရာ အေျခခံအေဆာက္အုံ ဖြံ႕ၿဖိဳးေရးဘဏ္ CHID ဘဏ္ ျဖစ္ေပၚလာပုံနဲ႔ ပတ္သက္ၿပီး ေမးျမန္းခ့ဲရာမွာေတာ့ “၂၀၁၄ ဇန္နဝါရီလမွာ  ဒီဘဏ္ႀကီးကို စတင္ခဲ့ပါတယ္။ နိုင္ငံေတာ္အစိုးရအေနနဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ျပည္သူလူထုေတြအတြက္ တန္ဖိုးနည္းအိမ္ရာေတြကို တည္ေဆာက္ေပးရတယ္။ အစိုးရအေနနဲ႕လည္း အိမ္ရာေတြနဲ႔ပါတ္သက္ၿပီး  ေဆာက္လုပ္ေရးက႑မွာ  ေငြေၾကးက႑ကို အျပည့္အဝအေထာက္ပ့ံေပးႏိုင္ခ့ဲဘူး။ ႏွစ္ေပါင္း ၂၀ ေက်ာ္ေလာက္ တန္ဖိုးနည္းအိမ္ရာေတြကို တည္ေဆာက္ေပးခဲ့ေပမယ့္လည္း ျပည့္ျပည့္ဝဝ အေကာင္အထည္ မေဖာ္ေပးႏိုင္ခ့ဲဘူူး။ ျပည္သူေတြအေနနဲ႕ ကိုယ္ပိုင္အိမ္ပိုင္ေလးနဲ႔ ေနထိုင္နိင္မယ့္ အေနထားေလး တစ္ခုေရာက္လာေအာင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာကို တာဝန္ေပးၿပီးေလ့လာခိုင္းခဲ့ၿပီးေနာက္ အေနအထားအရ အေရွ႕ေတာင္အာရွနိုင္ငံအခ်ိဳ႕ျဖစ္တ့ဲ စကၤာပူ၊ ဂ်ပန္၊ ကိုရီးယား နိုင္ငံေတြမွာ ျပည္သူေတြအတြက္ ေနအိမ္နဲ႔ ပတ္သက္တဲ့တန္ဖိုးကို တည္ေဆာက္နိုင္တဲ့ အေနထားမရွိၾကဘူး။ အဲေတာ့ ျပည္သူေတြကို ေခ်းေငြေပးၿပီးေတာ့မွ အိမ္ရာဝယ္ဖို႔အတြက္  ေဆာင္ရြက္မယ္ဆိုတဲ့အပိုင္းမွာ ေငြေရးေၾကးေရးနဲ႔ ပတ္သက္ၿပီး ဘဏ္တစ္ခု ၾကားခံေဆာင္ရြက္မွပဲ အဆင္ေျပမယ္ဆိုတဲ့ အေျဖရတဲ့အခါမွ နိုင္ငံေတာ္အစိုးရက အစုရွယ္ယာ ၄၀ ရာခိုင္ႏူန္းပါဝင္ၿပီး စတင္ခဲ့တာျဖစ္ပါတယ္။”လို႔ ဦးဝင္းေဇာ္ ကဆိုပါတယ္။

လက္ရွိအခ်ိန္အထိ CHID ဘဏ္အ ေနျဖင့္ ေဆာက္လုပ္ေရးႏွင့္ ပတ္သက္ေသာ အိမ္ရာမ်ား  ေဆာက္လုပ္ျခင္းအျပင္ အိမ္ရာမ်ားတြင္ လိုအပ္သည့္ အေျခခံအေဆာက္အုံ လုပ္ငန္းမ်ားတည္ေဆာက္ျခင္း၊ ျပည္သူမ်ား အဆင္ေျပေျပဆက္သြယ္သြားလာႏိုင္ေအာင္  လမ္း၊ တံတားမ်ားေဖာက္လုပ္ျခင္း၊ စီးပြားေရးဖြံ႕ၿဖိဳးမႈနဲ႕ပတ္သက္တ့ဲ လိုအပ္ေနသည့္ ေက်ာင္းမ်ား၊ ေဆးခန္းမ်ား၊ ပန္းၿခံမ်ားအစရွိသည္တို႕ကို ကူညီေဆာင္ရြက္ေပးနိုင္ရန္အတြက္ ယခုဘဏ္ႀကီးကို ဖြင့္ခဲ့ျခင္းျဖစ္တယ္ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။ CHID ဘဏ္ရဲ႕ က်န္ရွိတ့ဲ ၆၀ ရာခိုင္ႏူန္းကို ျမန္မာနိုင္ငံအတြင္းရွိ လုပ္ငန္းရွင္မ်ား ပါဝင္ထားတာျဖစ္ပါတယ္။ အဆိုပါဘဏ္ႀကီးကို စတင္ဖြဲ႕စည္းသည့္အခါမွာေတာ့ ပါဝင္သည့္သူမ်ားက  ေဆာက္လုပ္ေရးက႑နဲ႔ ပတ္သက္ၿပီး ကၽြမ္းက်င္ႏွံ႕စပ္တ့ဲသူေတြပဲျဖစ္တယ္လို႕လည္း ျဖည့္စြက္ေျပာၾကားခ့ဲပါတယ္။

CHID ဘဏ္ကို စတင္သည့္အခါမွာေတာ့ Pilot Project အေနျဖင့္  ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပနဲ႔ အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနက တာဝန္ယူတည္ေဆာက္တ့ဲ ေရႊလင္ဗန္းအိမ္ရာကိုအတြက္  ေခ်းေငြထုတ္ေပးခ့ဲပါတယ္။

ယခုလိုစတင္ရာမွာေတာ့ ျပည္သူလူထုအတြင္းက မည္သူမဆို  ေလ်ာက္ထားနိုင္တယ္ဆိုၿပီး  ေလ်ာက္ခိုင္းခဲ့ရာမွာ ေလ်ာက္လြာေပါင္း ေထာင္ေက်ာ္ရွိခ့ဲၿပီး အမွန္တစ္ကယ္ ျပန္လည္လက္ခံရရွိခ့ဲတာကေတာ့ ၇၀၀ / ၈၀၀ ခန႔္ပဲ ရွိေတာ့တာျဖစ္ပါတယ္။ ထိုေနာက္ပိုင္း ျပန္လည္စီစစ္ၿပီး အိမ္ရာေတါကိုဝယ္ယူသူေတြအေနနဲ႕ ကနဦး ၃၀ ရာခိုင္ႏူန္းကို လက္ငင္းေပးရမွာျဖစ္ၿပီး ၇၀ ရာခိုင္ႏူန္းကို ၁၀ ႏွစ္ၾကာအရစ္က်ပုံစံနဲ႕ ေခ်းေပးမယ္ဆိုၿပီး သတ္မွတ္ခ့ဲပါတယ္။ သို႔ေပမယ့္လည္း အစကနဦး ၃၀ ရာခိုင္ႏူန္းကိုပင္ ေပးေခ်ႏိုင္ျခင္းမရွိတ့ဲအတြက္ ေနာက္ဆုံးမွာေတာ့ လူ ၃၀၀  ေက်ာ္ေလာက္ပဲ က်န္ေတာ့ၿပီး  ေနာက္ဆုံးတစ္ကယ္ေပးနိုင္တဲ့သူအေရအတြက္ ၂၀၀ သာ ျပန္ျဖစ္သြားပါတယ္လို႔ ရွင္းျပပါတယ္။ ျပည္သူလူထုမ်ားအေနနဲ႔ အိမ္ရာဝယ္လိုျခင္မ်ားရွိေပမယ့္ ၃၀ ရာခိုင္ႏူန္းသြင္းရန္မွာေတာ့ အခက္ခဲမ်ား ရွိေနခဲ့တာျဖစ္ပါတယ္။ ထို႔ေၾကာင့္ ၂၀၁၅ မွာ ေအာင္ျမင္မူသိပ္မရရွိလိုက္ဘူးလို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ CHID ဘဏ္မွ ေရာင္းခ်ေပးထားသူဦးေရေပါင္း ၅၄၀၀ အထိရွိလာကာ အဆိုပါေခ်းေပးထာသည့္ ေငြပမာဏကေတာ့ ၅၀ ဘီလီယံခန႔္ရွိေနၿပီျဖစ္ပါတယ္။ Housing Saving ရွိသည့္  ေျခာက္ေသာင္းေက်ာ္တြင္ အမွန္တစ္ကယ္ဝယ္ယူခြင့္ရွိသည္က ၃၀၀၀၀ ေက်ာ္ရွိၿပီး ထိုအထဲမွ ၅၀၀၀  ေက်ာ္သာ ေရာင္းခ်နိုင္ေသးတာျဖစ္ပါတယ္။

<Zawgyi Version>

 

 

#ST(Soshwe)

#soshwerealestate

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုမြင့်တက်လာသည့် အိန္ဒိိယနိုင်ငံ။

အိန္ဒိယနိုင်ငံ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ မြင့်တက်လာကြောင်း သိရှိရပြီး လတ်တလော၌ နို်င်ငံတွင်းစားသောက်ဆိုင်များ၌ ငွေပေးချေခြင်း၊ မီတာနဲ့အခွန်အခပေးဆောင်ခြင်းများအပြင် တက္ကစီငှားစီသည့်နေရာ၌ပင် ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ငွေပေးချေလျက်ရှိကာ (၂၀၁၆) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro