HomeHome & PropertyGolden City ကွန်ဒိုတိုက်ခန်းများရဲ့ နောက်ဆုံးရသတင်း။

Golden City ကွန်ဒိုတိုက်ခန်းများရဲ့ နောက်ဆုံးရသတင်း။

- Advertisement -

Golden Land အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ အရောင်းဒါရိုက်တာ ဦးကျော်စည်သူက Golden City ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံရဲ့ကွန်ဒိုဥပဒေများအတိုင်း မှတ်ပုံတင်ထားသည်ဟုဆိုပြီး ဝယ်ယူသူများအနေဖြင့် လာမယ့်မတ်လကုန်အထိ လျှော့စျေးဖြင့် ဝယ်ယူရရှိနိုင်မည်ဟုဆိုပါတယ်။ ဦးကျော်စည်သူက “အခန်း (၃) ခန်းမှ (၄) ခန်း ပါဝင်တဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူတဲ့သူတွေအနေနဲ့ အမေရိကန်ဒေါ်လာ (၅) ထောင်တန်တဲ့ အိမ်သုံးပစ္စည်းတွေ၊ ပြီးရင် (၂) နှစ်တာ ပြင်ဆင်ခွင့်အခမဲ့နဲ့ iPhone 11 တို့ကို ခံစားခွင့်ရမှာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။

ဝယ်ယူသူများအနေဖြင့် အခန်းတန်ဖိုးရဲ့ (၃၀) ရာခိုင်နှုန်း ငွေပေးချေပြီးပါက နေထိုင်နိုင်မည်ဖြစ်ပြီး အရစ်ကျဝယ်ယူသူများအနေဖြင့်လည်း (၆) နှစ်အတိုးမဲ့ ငွေပေးချေနိုင်သည့် အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပါတယ်။ Golden City ကွန်ဒို၌ (၃၂) ထပ်ပါဝင်သည့် ကွန်ဒို (၂) လုံးရှိပြီး Office Tower (၁) ခုလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အဆိုပါစီမံကိန်းအတွက် နောက်ထပ် အဆင့်တစ်ခုကိုဆောင်ရွက်ရန်အတွက် ရန်ကုန်စည်ပင်သာယာရေးကော်မတီသို့ ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ပြီး ခွင့်ပြုချက်ရရှိသည်နှင့်တစ်ပြိုင်နက်   နောက်ထပ်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ပါတယ်။

- Advertisement -

အဆိုပါအဆင့်၌ စျေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများ၊ ဟိုတယ်နဲ့ တိုက်ခန်းများပါဝင်မည့် အဆောက်အအုံ (၂) လုံးကို တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် ဒေါ်လာသန်း (၂၀၀) ခန့် ကုန်ကျမည်ဖြစ်ကာ  ဆောက်လုပ်ရေးကာလမှာ (၁) နှစ်ခွဲမှ (၂) နှစ်အထိ ကြာမြင့်မည်ဖြစ်ပါတယ်။

- Advertisement -

Golden Land အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ စျေးကွက်ရှာဖွေရေးဒါရိုက်တာဖြစ်သူ Mr. Alex Lee က “ဒီနေရာကပြည်သူတွေအတွက် အရည်အသွေးပြည့်ဝပြီး လုံခြုံတဲ့ဘဝတွေကို  ထောက်ပံ့ပေးနိုင်မယ့် နေရာတစ်ခုပါ။ အခုလျှော့စျေးက ဝယ်ယူသူတွေအတွက် စိတ်ကျေနပ်မှု  ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

Golden City ကွန်ဒိုစီမံကိန်း၌ (၅၁၇) စတုရန်းပေမှ (၁,၉၈၀) စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ပြီး အတွင်းပိုင်းပြင်ဆင်မှုများကို အရည်အသွေးမြင့်ပစ္စည်းများကိုသာ အသုံးပြုထားကြောင်းလည်း Mr. Alex Lee က ပြောကြားခဲ့ပါသေးတယ်။

<Unicode Version>

 

 

Golden City ကြန္ဒုိတိုက္ခန္းမ်ားရဲ႕ ေနာက္ဆုံးရသတင္း။

Golden Land အိမ္ၿခံေျမဖံြ႕ၿဖိဳးတိုးတက္ေရးကုမၸဏီရဲ႕ အေရာင္းဒါရိုက္တာ ဦးေက်ာ္စည္သူက Golden City ကြန္ဒိုတိုက္ခန္းမ်ားကို ျမန္မာႏိုင္ငံရဲ႕ကြန္ဒိုဥပေဒမ်ားအတိုင္း မွတ္ပံုတင္ထားသည္ဟုဆုိၿပီး ဝယ္ယူသူမ်ားအေနျဖင့္ လာမယ့္မတ္လကုန္အထိ ေလွ်ာ့ေစ်းျဖင့္ ဝယ္ယူရရွိႏိုင္မည္ဟုဆိုပါတယ္။ ဦးေက်ာ္စည္သူက “အခန္း (၃) ခန္းမွ (၄) ခန္း ပါဝင္တဲ့ ကြန္ဒိုတိုက္ခန္းေတြကို ဝယ္ယူတဲ့သူေတြအေနနဲ႔ အေမရိကန္ေဒၚလာ (၅) ေထာင္တန္တဲ့ အိမ္သံုးပစၥည္းေတြ၊ ၿပီးရင္ (၂) ႏွစ္တာ ျပင္ဆင္ခြင့္အခမဲ့နဲ႔ iPhone 11 တို႔ကို ခံစားခြင့္ရမွာပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဝယ္ယူသူမ်ားအေနျဖင့္ အခန္းတန္ဖိုးရဲ႕ (၃၀) ရာခိုင္ႏႈန္း ေငြေပးေခ်ၿပီးပါက ေနထိုင္ႏိုင္မည္ျဖစ္ၿပီး အရစ္က်ဝယ္ယူသူမ်ားအေနျဖင့္လည္း (၆) ႏွစ္အတုိးမဲ့ ေငြေပးေခ်ႏိုင္သည့္ အက်ိဳးခံစားခြင့္မ်ားကို ရရွိမည္ျဖစ္ပါတယ္။ Golden City ကြန္ဒို၌ (၃၂) ထပ္ပါဝင္သည့္ ကြန္ဒို (၂) လံုးရွိၿပီး Office Tower (၁) ခုလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ အဆုိပါစီမံကိန္းအတြက္ ေနာက္ထပ္ အဆင့္တစ္ခုကိုေဆာင္ရြက္ရန္အတြက္ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီသို႔ ခြင့္ျပဳခ်က္ေတာင္းခံထားၿပီးျဖစ္ၿပီး ခြင့္ျပဳခ်က္ရရွိသည္ႏွင့္တစ္ၿပိဳင္နက္   ေနာက္ထပ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္မည္ျဖစ္ပါတယ္။

အဆုိပါအဆင့္၌ ေစ်းဝယ္စင္တာမ်ား၊ ရုပ္ရွင္ရံုမ်ား၊ ဟိုတယ္နဲ႔ တိုက္ခန္းမ်ားပါဝင္မည့္ အေဆာက္အအံု (၂) လံုးကို တည္ေဆာက္သြားမည္ျဖစ္ၿပီး စီမံကိန္းအတြက္ ေဒၚလာသန္း (၂၀၀) ခန္႔ ကုန္က်မည္ျဖစ္ကာ  ေဆာက္လုပ္ေရးကာလမွာ (၁) ႏွစ္ခဲြမွ (၂) ႏွစ္အထိ ၾကာျမင့္မည္ျဖစ္ပါတယ္။

Golden Land အိမ္ၿခံေျမဖံြ႕ၿဖိဳးတိုးတက္ေရးကုမၸဏီရဲ႕ ဒုတိယဥကၠဌနဲ႔ ေစ်းကြက္ရွာေဖြေရးဒါရိုက္တာျဖစ္သူ Mr. Alex Lee က “ဒီေနရာကျပည္သူေတြအတြက္ အရည္အေသြးျပည့္ဝၿပီး လံုၿခံဳတဲ့ဘဝေတြကို  ေထာက္ပံ့ေပးႏိုင္မယ့္ ေနရာတစ္ခုပါ။ အခုေလွ်ာ့ေစ်းက ဝယ္ယူသူေတြအတြက္ စိတ္ေက်နပ္မႈ  ေပးစြမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

Golden City ကြန္ဒိုစီမံကိန္း၌ (၅၁၇) စတုရန္းေပမွ (၁,၉၈၀) စတုရန္းေပ က်ယ္ဝန္းမည္ျဖစ္ၿပီး အတြင္းပိုင္းျပင္ဆင္မႈမ်ားကို အရည္အေသြးျမင့္ပစၥည္းမ်ားကိုသာ အသံုးျပဳထားေၾကာင္းလည္း Mr. Alex Lee က ေျပာၾကားခဲ့ပါေသးတယ္။

<Zawgyi Version>

 

 

 

#HM(Soshwe)

#soshwerealestate

#soshweforyourdailylife

#likeandshare

 

 

 

 

- Advertisement -

Must Read