HomeLifeStyle"Titanic" ဇာတ်ကားထဲက တယောသံစဉ်ကို စျေးဝယ်စင်တာမှာ ဖျော်ဖြေတင်ဆက်ခဲ့ တဲ့ တယောပညာရှင်နှစ်ဦးရဲ့ ရည်ရွယ်ချက်။

“Titanic” ဇာတ်ကားထဲက တယောသံစဉ်ကို စျေးဝယ်စင်တာမှာ ဖျော်ဖြေတင်ဆက်ခဲ့ တဲ့ တယောပညာရှင်နှစ်ဦးရဲ့ ရည်ရွယ်ချက်။

- Advertisement -

အခုမှ ၂၀၂၀ ခုနှစ်အစလေးပဲရှိသေးတယ်။ သြစတေးလျနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုကြောင့် သဘာဝသစ်တောတွေ၊ တောရိုင်းတိရစ္ဆာန်တွေသေကြေပျက်စီးခဲ့ရပြီး ဒေသခံအချို့မှာ အိုးမဲ့အိမ်မဲ့  အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ခုလုံးက လူသားတွေကို ဝါးမြိုပစ်နေသလားလို့  ထင်ရတဲ့ Coronavirus ကြောင့် လူစည်ကားရာနေရာတွေဟာ သုသာန်တစပြင်လိုပဲ   တိတ်ဆိတ်ခြောက်ကပ်လာခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ်မှာ နေ့စဉ်နေ့တိုင်း ကပ်ရောဂါဝေဒနာကို ခံစားနေရသူဦးရေ တိုးလာပြီး  သေဆုံးသူဦးရေဟာလည်း  မြင့်တက်လို့လာပါတယ်။ သေဆုံးသူရဲ့မိသားစုဝင်တွေဟာလည်း ဝမ်းနည်းကြေကွဲရတယ်။ ရောဂါဝေဒနာခံစားနေရသူတွေရဲ့ မိသားစုဝင်တွေဟာလည်း  သူတို့ရဲ့   မိသားစုဝင်ကို ဆုံးရှုံးရမှာကြောက်ရွံ့နေကြပါတယ်။ ရောဂါဝေဒနာ မခံစားရသေးတဲ့သူတွေကလည်း  ဘယ်အချိန်ကိုယ့်အလှည့် ရောက်လာမလဲဆိုတာကို တွေးပူနေရတယ်။ မနက်ဖြန်မှာ ဘာတွေဖြစ်မယ်မှန်း မသိသေးတာကြောင့် စိုးရိမ်လွန်နေတဲ့ တိုင်းသူပြည်သားတွေဟာ အခြေခံသုံးပစ္စည်းတွေကို အလုအယက်ဝယ်ယူကြတယ်။ ရေသန့်ဘူးကစလို့ အစားအသောက်အလည်  အိမ်သာသုံးစက္ကူအဆုံးပဲ။

ဒီလိုမျိုး ဆိုးရွားတဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ခံစားနေရတဲ့အချိန်မှာ လူသားဆန်တဲ့သူတွေဟာ  တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်ဖို့အတွက် တတ်နိုင်သမျှကြိုးစားပေးကြတယ်။ ဥပမာ  အီတလီနိုင်ငံက  အီတလီလူမျိုးတွေဟာ ရောဂါကူးစက်မခံရအောင် အိမ်ထဲမှာပဲနေရတဲ့အချိန်မှာ  အနီးအနားမှာရှိတဲ့  အိမ်နီးချင်းတွေကို ပျော်ရွှင်စေဖို့အတွက် ကိုယ်ကျွမ်းကျင်တဲ့ တူရိယာတွေကိုတီးခတ်ပြတာမျိုးပေါ့။ ကြည်နူးစရာလေးနော်။ သူတို့ကိုကြည့်ရင်း ကိုယ်ပါပျော်လာတာ။

- Advertisement -

- Advertisement -

ဒါဟာအဆိုးထဲကအကောင်းလို့ပဲ ပြောရမှာပါ။ ဒီလိုမျိုးပဲ ကျွမ်းကျင်တယောပညာရှင်တွေဖြစ်တဲ့ Bonnie von Duyke နဲ့ Emer Kinsella တို့နှစ်ဦးသားဟာ လော့စ်အိန်ဂျလိစ်က စျေးဝယ်စင်တာတစ်ခုက သန့်စင်ခန်းသုံး တစ်ရှူးစက္ကူတွေတင်တဲ့စင်ဟောင်းလောင်းတွေရဲ့ အနားမှာ အသက်ကယ်ဝတ်စုံတွေဝတ်ပြီး တယောတီးခဲ့ကြတာပဲဖြစ်ပါတယ်။

“Titanic” ဇာတ်ကားထဲမှာ သင်္ဘောကြီးတဖြည်းဖြည်း နှစ်မြှုပ်နေတဲ့အချိန်မှာ  သင်္ဘောပေါ်က  တီးဝိုင်းအဖွဲ့ရဲ့ခေါင်းဆောင် Wallace Hartley က သင်္ဘောပေါ်ကလူတွေရဲ့  ကြောက်ရွံ့မှုကို  လျော့ကျစေနိုင်ဖို့အတွက် “Nearer, My God, To Thee” ဆိုတဲ့ တယောသံစဉ်ကို တီးခဲ့ပါတယ်။ Von Duyke နဲ့ Emer တို့နှစ်ဦးသားဟာလည်း အဆိုပါသံစဉ်ကို တီးခတ်နေတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆိုပါဗီဒီယိုကို Von Duyke က “ရောဂါကူးစက်မှုကို  ကာကွယ်နိုင်ဖို့အတွက်  တေးဂီတဖျော်ဖြေပွဲတွေကို  ဖျက်သိမ်းလိုက်တာကြောင့် အခုချိန်မှာ ဂီတပညာရှင်တွေဟာ  အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။”  လို့  ရေးသားပြီး သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂီတပညာရှင်ဖြစ်တဲ့ Von Duyke နဲ့ Kmer တို့ကတော့ သူတို့တတ်နိုင်တဲ့နည်းလေးနဲ့ ပြုလုပ်ပေးတဲ့ ဂီတဖျော်ဖြေမှုကို  ခံစားနားဆင်ပြီး လူသားတွေရဲ့နှလုံးသားကို နွေးထွေးစေချင်တယ်ဆိုတာဟာ သိသာတာကြောင့်  အဆိုပါ တယောပညာရှင်နှစ်ဦးကို ကြည့်ရှုသူတွေက ကျေးဇူးတင်ချီးမွမ်းခဲ့ကြပါတယ်။

<Unicode Version>

 

 

 

“Titanic” ဇာတ္ကားထဲက တေယာသံစဥ္ကို  ေစ်းဝယ္စင္တာမွာ  ေဖ်ာ္ေျဖတင္ဆက္ခဲ့ တဲ့ တေယာပညာရွင္ႏွစ္ဦးရဲ႕ ရည္ရြယ္ခ်က္။

- Advertisement -

အခုမွ ၂၀၂၀ ခုႏွစ္အစေလးပဲရွိေသးတယ္။ ၾသစေတးလ်ႏိုင္ငံရဲ႕ ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ သဘာဝသစ္ေတာေတြ၊ ေတာ႐ိုင္းတိရစာၦန္ေတြေသေၾကပ်က္စီးခဲ့ရၿပီး ေဒသခံအခ်ိဳ႕မွာ အိုးမ့ဲအိမ္မ့ဲ  အျဖစ္ဆိုးေတြနဲ႕ ႀကံဳေတြ႕ခ့ဲရပါတယ္။ ဒါ့အျပင္ ကမာၻတစ္ခုလံုးက လူသားေတြကို ဝါးၿမိဳပစ္ေနသလားလို႔  ထင္ရတဲ့ Coronavirus ေၾကာင့္ လူစည္ကားရာေနရာေတြဟာ သုသာန္တစျပင္လိုပဲ   တိတ္ဆိတ္ေျခာက္ကပ္လာခဲ့ပါတယ္။

ကမာၻအရပ္ရပ္မွာ ေန႔စဥ္ေန႔တိုင္း ကပ္ေရာဂါေဝဒနာကို ခံစားေနရသူဦးေရ တိုးလာၿပီး  ေသဆံုးသူဦးေရဟာလည္း  ျမင့္တက္လို႔လာပါတယ္။ ေသဆံုးသူရဲ႕မိသားစုဝင္ေတြဟာလည္း ဝမ္းနည္းေၾကကြဲရတယ္။ ေရာဂါေဝဒနာခံစားေနရသူေတြရဲ႕ မိသားစုဝင္ေတြဟာလည္း  သူတို႕ရဲ႕   မိသားစုဝင္ကို ဆံုး႐ႈံးရမွာေၾကာက္ရြံ႕ေနၾကပါတယ္။ ေရာဂါေဝဒနာ မခံစားရေသးတဲ့သူေတြကလည္း  ဘယ္အခ်ိန္ကိုယ့္အလွည့္ ေရာက္လာမလဲဆိုတာကို ေတြးပူေနရတယ္။ မနက္ျဖန္မွာ ဘာေတြျဖစ္မယ္မွန္း မသိေသးတာေၾကာင့္ စိုးရိမ္လြန္ေနတဲ့ တိုင္းသူျပည္သားေတြဟာ အေျခခံသံုးပစၥည္းေတြကို အလုအယက္ဝယ္ယူၾကတယ္။ ေရသန္႔ဘူးကစလို႔ အစားအေသာက္အလည္  အိမ္သာသံုးစကၠဴအဆံုးပဲ။

ဒီလိုမ်ိဳး ဆိုးရြားတဲ့ျဖစ္ရပ္ေတြကို ၾကံဳေတြ႕ခံစားေနရတဲ့အခ်ိန္မွာ လူသားဆန္တဲ့သူေတြဟာ  တစ္ေယာက္ကိုတစ္ေယာက္ ကူညီႏိုင္ဖို႔အတြက္ တတ္ႏိုင္သမွ်ႀကိဳးစားေပးၾကတယ္။ ဥပမာ  အီတလီႏိုင္ငံက  အီတလီလူမ်ိဳးေတြဟာ ေရာဂါကူးစက္မခံရေအာင္ အိမ္ထဲမွာပဲေနရတဲ့အခ်ိန္မွာ  အနီးအနားမွာရွိတ့ဲ  အိမ္နီးခ်င္းေတြကို ေပ်ာ္ရႊင္ေစဖို႔အတြက္ ကိုယ္ကၽြမ္းက်င္တဲ့ တူရိယာေတြကိုတီးခတ္ျပတာမ်ိဳးေပါ့။ ၾကည္ႏူးစရာေလးေနာ္။ သူတို႔ကိုၾကည့္ရင္း ကိုယ္ပါေပ်ာ္လာတာ။

ဒါဟာအဆိုးထဲကအေကာင္းလို႔ပဲ ေျပာရမွာပါ။ ဒီလိုမ်ိဳးပဲ ကၽြမ္းက်င္တေယာပညာရွင္ေတြျဖစ္တဲ့ Bonnie von Duyke နဲ႔ Emer Kinsella တို႔ႏွစ္ဦးသားဟာ ေလာ့စ္အိန္ဂ်လိစ္က ေစ်းဝယ္စင္တာတစ္ခုက သန္႔စင္ခန္းသံုး တစ္ရွဴးစကၠဴေတြတင္တဲ့စင္ေဟာင္းေလာင္းေတြရဲ႕ အနားမွာ အသက္ကယ္ဝတ္စံုေတြဝတ္ၿပီး တေယာတီးခဲ့ၾကတာပဲျဖစ္ပါတယ္။

“Titanic” ဇာတ္ကားထဲမွာ သေဘၤာႀကီးတျဖည္းျဖည္း ႏွစ္ျမႇဳပ္ေနတဲ့အခ်ိန္မွာ  သေဘၤာေပၚက  တီးဝိုင္းအဖြဲ႔ရဲ႕ေခါင္းေဆာင္ Wallace Hartley က သေဘၤာေပၚကလူေတြရဲ႕  ေၾကာက္ရြံ႕မႈကို  ေလ်ာ့က်ေစႏိုင္ဖို႔အတြက္ “Nearer, My God, To Thee” ဆိုတဲ့ တေယာသံစဥ္ကို တီးခဲ့ပါတယ္။ Von Duyke နဲ႔ Emer တို႔ႏွစ္ဦးသားဟာလည္း အဆိုပါသံစဥ္ကို တီးခတ္ေနတာကို ဗီဒီယိုထဲမွာ ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

အဆိုပါဗီဒီယိုကို Von Duyke က “ေရာဂါကူးစက္မႈကို  ကာကြယ္ႏိုင္ဖို႔အတြက္  ေတးဂီတေဖ်ာ္ေျဖပြဲေတြကို  ဖ်က္သိမ္းလိုက္တာေၾကာင့္ အခုခ်ိန္မွာ ဂီတပညာရွင္ေတြဟာ  အလုပ္လက္မဲ့ျဖစ္ေနၾကပါတယ္။”  လို႔  ေရးသားၿပီး သူ႔ရဲ႕လူမႈကြန္ရက္အေကာင့္ကေန တင္ခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂီတပညာရွင္ျဖစ္တဲ့ Von Duyke နဲ႔ Kmer တို႔ကေတာ့ သူတို႔တတ္ႏိုင္တဲ့နည္းေလးနဲ႔ ျပဳလုပ္ေပးတဲ့ ဂီတေဖ်ာ္ေျဖမႈကို  ခံစားနားဆင္ၿပီး လူသားေတြရဲ႕ႏွလံုးသားကို ေႏြးေထြးေစခ်င္တယ္ဆိုတာဟာ သိသာတာေၾကာင့္  အဆိုပါ တေယာပညာရွင္ႏွစ္ဦးကို ၾကည့္ရႈသူေတြက ေက်းဇူးတင္ခ်ီးမြမ္းခဲ့ၾကပါတယ္။

<Zawgyi Version>

 

 

Source ~ cnet

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × three =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...