HomeSport၂၀၂၁ ခုနှစ်ထိ ရွှေ့ဆိုင်းလိုက်ပြီတဲ့ ဘောလုံးပွဲစဉ်များ။
၂၀၂၁ ခုနှစ်ထိ ရွှေ့ဆိုင်းလိုက်ပြီတဲ့ ဘောလုံးပွဲစဉ်များ။
- Advertisement -
၂၀၂၀ ခုနှစ် နွေရာသီမှာ ကျင်းပဖို့ ပြုလုပ်ထားတဲ့ Euro ဖလားပွဲစဉ်ကြီးကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်မှာ   ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အတိအလင်းကြေငြာလိုက်ပါပြီ။ UEFA က ဥရောပချန်ပီယံလိဂ်ပွဲစဉ်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ  ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း  ဆုံးဖြတ်ထားပြီလို့ သိရပါတယ်။
ပြိုင်ပွဲရက်ကိုရွှေ့ဆိုင်းရခြင်း အကြောင်းအရင်းကတော့ တစ်ကမ္ဘာလုံး နေရာအနှံ့အပြားဖြစ်ပေါ်နေတဲ့ Coronavirus ကြောင့်ပါပဲ။ Coronavirus ကြောင့် ရောဂါဝေဒနာခံစားနေရသူ အများအပြားရှိသလို  သေဆုံးသူဦးရေဟာလည်း တစ်နေ့ထက်တစ်နေ့တိုးနေပါပြီ။
Premier League ပွဲစဉ်နဲ့ EFL ပွဲစဉ်ရာသီတွေဟာလည်း စပိန်နဲ့အီတလီမှာ ကျင်းပပြုလုပ်မယ့် ပွဲစဉ်များနဲ့အတူ  ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက် Grand National ကတော့ ဒီနှစ်အတွင်း ရှေ့ဆက်တိုးဖို့ အစီအစဉ်မရှိကြောင်း ကြေငြာခဲ့ပါတယ်။ အဆိုပါသတင်းကို The Jockey Club ကလည်း အတည်ပြုပေးခဲ့ပြီး  ဒီလိုဆုံးဖြတ်ဖို့အတွက် လုံးဝမလွယ်ကူခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
The Jockey Club ရဲ့ ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ Sandy Dudgeon က “လူထုကျန်းမာရေးက အရေးကြီးဆုံးပါ။  ပရိသတ်မပါဘဲ ပြိုင်ပွဲကိုကျင်းပဖို့ ကြိုးစားခဲ့ပေမယ့်လည်း အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုကို လိုက်နာရပါမယ်။ အားကစားသမားတွေအားလုံးအတွက် ဒါဟာဝမ်းနည်းစရာကောင်းတဲ့သတင်းဖြစ်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း လုပ်သင့်တာကိုလုပ်ရမှာပါ။”လို့ ဆိုခဲ့ပါတယ်။
- Advertisement -
ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က သတင်းစာရှင်းလင်းပွဲမှာ  ဒီရောဂါကိုတိုက်ထုတ်နိုင်ဖို့အတွက်  လူတစ်ဦးက ရောဂါလက္ခဏာ၂ ခုလောက်ကို စတင်ခံစားနေရပြီဆိုရင် ကိုယ့်ရဲ့နေအိမ်မှာ ၁၄ရက်လောက်  အနားယူဆေးကုဖို့ ညွှန်ကြားခဲ့ပါတယ်။
<Unicode Version>
- Advertisement -
- Advertisement -
<Zawgyi Version>
Source ~ ladbible
#SY(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
eight + four =
Must Read
တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။
UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...