Breaking News

အသက် ၉၄ နှစ်ရွယ်အဘွားအိုရဲ့ ထူးဆန်းတဲ့မွေးနေ့ဆုတောင်းစကား။

Virginia ပြည်နယ်မှာနေထိုင်တဲ့ အသက်၂၃ နှစ်အရွယ် Pauline ဟာ သူမရဲ့အဖွားဖြစ်သူ Paige Kidder ရဲ့ အသက် ၉၄ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပပေးခဲ့ပြီး အဘွားရဲ့မွေးနေ့ပွဲကို စည်ကားစေချင်တာကြောင့် မိသားစုဝင်တွေအပြင် အရင်းနှီးဆုံးသူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အဘွားဖြစ်သူကို ကိတ်မုန့်အရှေ့မှာပေးထိုင်ပြီး မွေးနေ့ပွဲကို တက်ရောက်လာသူအားလုံးက မွေးနေ့ဆုတောင်းသီချင်းလေးနဲ့ ဂုဏ်ပြုပေးကြကာ ချစ်စရာကောင်းတဲ့ အဘွား Paige ရဲ့ မြေးချောလေး Pauline ကတော့ ဒီလိုကြည်နူးစရာအချိန်လေးကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးထားပါတယ်။ မွေးနေ့ဆုတောင်းသီချင်း ဆိုပြီးသွားတဲ့အခါမှာတော့ အဘွား Paige က “ကဲ၊ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီနှစ်က ငါ့ဘဝရဲ့နောက်ဆုံးနှစ်ဖြစ်ပါစေ။” လို့ ပေါ့ပေါ့ပါးပါးလေးပဲ ဆုတောင်းလိုက်တာကို ဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။

 

Pauline က သူမရိုက်ကူးထားတဲ့ အဘွား Paige ရဲ့ အသေးစားမွေးနေ့ပွဲအခမ်းအနားလေးကို သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေတင်ခဲ့ပြီး အဘွားဖြစ်သူရဲ့ မွေးနေ့ဆုတောင်းကို ဗီဒီယိုထဲကနေ ကြားလိုက်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေက အံ့အားသင့်သွားခဲ့ပါတယ်။ ပုံမှန်ဆိုရင် လူတွေက အသက်ပဲကြီးကြီး၊ အသက်ပဲငယ်ငယ် မွေးနေ့ရောက်လို့ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်လေးကိုမမှုတ်ခင် ကျန်းမာစွာအသက်ရှည်ရှည်နေရဖို့ တောင်းဆုပြုကြတာမို့ အဘွား Paige ရဲ့ မွေးနေ့ဆုတောင်းစကားလေးက ထူးဆန်းပြီး ဝမ်းနည်းစရာကောင်းသလိုလို ဝမ်းသာစရာကောင်းသလိုလို ဖြစ်နေခဲ့ပါတယ်။

LADbible သတင်းဌာနကို Pauline က “ကျွန်မရဲ့အဘွားက ဒီဆုတောင်းကို ဒီနှစ်တွေထဲမှာ စနောက်ပြီး ပြောနေကြပဲ။ အဘွားရဲ့ထူးဆန်းတဲ့ဆုတောင်းကို မိသားစုဝင်တွေက နှစ်တိုင်းကြားနေရတော့ မထူးဆန်းတော့ပေမယ့် ကျွန်မရဲ့သူငယ်ချင်းတွေကတော့ အံ့သြသွားတာပေါ့။ အဘွားက အခုချိန်ထိလည်း မှတ်ဉာဏ်ကောင်းသေးတယ်။ ကျန်းလည်းကျန်းမာသေးတယ်။ ဘဝကိုလည်း ပျော်ပျော်နေတယ်။ ပြီးတော့ အခုအရွယ်ထိလည်း ဘယ်သူ့ကိုမှသိပ်မမှီခိုဘူး။ တစ်နေရာရာသွားစရာရှိရင်တောင် အဘွားက ကိုယ်တိုင်ပဲ ကားမောင်းတာ။” လို့ ပြောပြခဲ့ပါတယ်။

Pauline ကတော့ အဘွားရဲ့ ၉၄ နှစ်ပြည့်မွေးနေ့ပွဲကို အမှတ်တရအဖြစ်နဲ့ လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တာပဲ။ ဒါပေမယ့် အဘွားရဲ့ ထူးဆန်းတဲ့ မွေးနေ့ဆုတောင်းကြောင့် လူသိများသွားတာကတော့ လက်ဆောင်တစ်ခုပေါ့နော်။ Pauline က ဒီဗီဒီယိုလေးကို ကြည့်လိုက်မိတဲ့ လူတိုင်းကလည်း အဘွားကို အကောင်းမြင်ပေးပြီး ချစ်ပေးကြပါတယ်လို့ ဆိုပါတယ်။

<Unicode Version>

 

 

 

အသက္ ၉၄ ႏွစ္ရြယ္အဘြားအိုရဲ႕ ထူးဆန္းတဲ့ေမြးေန႔ဆုေတာင္းစကား။

Virginia ျပည္နယ္မွာေနထိုင္တဲ့ အသက္၂၃ ႏွစ္အရြယ္ Pauline ဟာ သူမရဲ႕အဖြားျဖစ္သူ Paige Kidder ရဲ႕ အသက္ ၉၄ ႏွစ္ျပည့္ေမြးေန႔ပြဲကို က်င္းပေပးခဲ့ၿပီး အဘြားရဲ႕ေမြးေန႔ပြဲကို စည္ကားေစခ်င္တာေၾကာင့္ မိသားစုဝင္ေတြအျပင္ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြကိုလည္း ဖိတ္ေခၚခဲ့ပါတယ္။

အဘြားျဖစ္သူကို ကိတ္မုန္႔အေရွ႕မွာေပးထိုင္ၿပီး ေမြးေန႔ပြဲကို တက္ေရာက္လာသူအားလံုးက ေမြးေန႔ဆုေတာင္းသီခ်င္းေလးနဲ႕ ဂုဏ္ျပဳေပးၾကကာ ခ်စ္စရာေကာင္းတဲ့ အဘြား Paige ရဲ႕ ေျမးေခ်ာေလး Pauline ကေတာ့ ဒီလိုၾကည္ႏူးစရာအခ်ိန္ေလးကို  မွတ္တမ္းတင္ဗီဒီယို  ႐ိုက္ကူးထားပါတယ္။  ေမြးေန႔ဆုေတာင္းသီခ်င္း ဆိုၿပီးသြားတဲ့အခါမွာေတာ့ အဘြား Paige က “ကဲ၊ အားလံုးကိုေက်းဇူးတင္ပါတယ္။  ဒီႏွစ္က ငါ့ဘဝရဲ႕ေနာက္ဆံုးႏွစ္ျဖစ္ပါေစ။” လို႔  ေပါ့ေပါ့ပါးပါးေလးပဲ  ဆုေတာင္းလိုက္တာကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။

Pauline က သူမ႐ိုက္ကူးထားတဲ့ အဘြား Paige ရဲ႕ အေသးစားေမြးေန႔ပြဲအခမ္းအနားေလးကို  သူမရဲ႕ လူမႈကြန္ရက္အေကာင့္ကေနတင္ခ့ဲၿပီး အဘြားျဖစ္သူရဲ႕ ေမြးေန႔ဆုေတာင္းကို ဗီဒီယိုထဲကေန ၾကားလိုက္တဲ့ လူမႈကြန္ရက္အသံုးျပဳသူေတြက အံ့အားသင့္သြားခဲ့ပါတယ္။ ပံုမွန္ဆိုရင္ လူေတြက အသက္ပဲႀကီးႀကီး၊ အသက္ပဲငယ္ငယ္  ေမြးေန႔ေရာက္လို႔  ေမြးေန႔ကိတ္ေပၚက   ဖေယာင္းတိုင္ေလးကိုမမႈတ္ခင္ က်န္းမာစြာအသက္ရွည္ရွည္ေနရဖို႔  ေတာင္းဆုျပဳၾကတာမို႔  အဘြား Paige ရဲ႕  ေမြးေန႔ဆုေတာင္းစကားေလးက ထူးဆန္းၿပီး ဝမ္းနည္းစရာေကာင္းသလိုလို ဝမ္းသာစရာေကာင္းသလိုလို  ျဖစ္ေနခ့ဲပါတယ္။

LADbible သတင္းဌာနကို Pauline က “ကၽြန္မရဲ႕အဘြားက ဒီဆုေတာင္းကို ဒီႏွစ္ေတြထဲမွာ စေနာက္ၿပီး  ေျပာေနၾကပဲ။ အဘြားရဲ႕ထူးဆန္းတဲ့ဆုေတာင္းကို မိသားစုဝင္ေတြက ႏွစ္တိုင္းၾကားေနရေတာ့ မထူးဆန္းေတာ့ေပမယ့္ ကၽြန္မရဲ႕သူငယ္ခ်င္းေတြကေတာ့ အံ့ၾသသြားတာေပါ့။ အဘြားက အခုခ်ိန္ထိလည္း  မွတ္ဉာဏ္ေကာင္းေသးတယ္။ က်န္းလည္းက်န္းမာေသးတယ္။ ဘဝကိုလည္း ေပ်ာ္ေပ်ာ္ေနတယ္။ ၿပီးေတာ့ အခုအရြယ္ထိလည္း ဘယ္သူ႔ကိုမွသိပ္မမွီခိုဘူး။ တစ္ေနရာရာသြားစရာရွိရင္ေတာင္ အဘြားက ကိုယ္တိုင္ပဲ ကားေမာင္းတာ။” လို႔ ေျပာျပခဲ့ပါတယ္။

Pauline ကေတာ့ အဘြားရဲ႕ ၉၄ ႏွစ္ျပည့္ေမြးေန႔ပြဲကို အမွတ္တရအျဖစ္နဲ႔ လူမႈကြန္ရက္ေပၚမွာ  တင္လိုက္တာပဲ။ ဒါေပမယ့္  အဘြားရဲ႕ ထူးဆန္းတဲ့ ေမြးေန႔ဆုေတာင္းေၾကာင့္ လူသိမ်ားသြားတာကေတာ့ လက္ေဆာင္တစ္ခုေပါ့ေနာ္။ Pauline က ဒီဗီဒီယိုေလးကို ၾကည့္လိုက္မိတဲ့ လူတိုင္းကလည္း  အဘြားကို အေကာင္းျမင္ေပးၿပီး ခ်စ္ေပးၾကပါတယ္လို႔ ဆိုပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro