Breaking News

အစိုးရဝန်ထမ်းတွေကို TikTok အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်များ။

အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်အမတ် ၂ ဦးဖြစ်တဲ့ Josh Hawley နဲ့ Rick Scott တို့ဟာ အမျိုးသားလုံခြုံရေးကိုရှေးရှုပြီး အမေရိကန်ပြည်ထောင်စုရဲ့ အစိုးရဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို တရုတ်နည်းပညာရှင်တွေပြုလုပ်ထားတဲ့ TikTok Application အသုံးပြုခွင့်  ပိတ်ပင်တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။

TikTok App ကိုပြုလုပ်တဲ့ ကုမ္ပဏီရဲ့ရှယ်ယာဝင်တွေထဲမှာ တရုတ်ကွန်မြူးနစ်ဝါဒီအဖွဲ့ဝင်တစ်ဦးပါဝင်ပြီး TikTok App ကို အသုံးပြုသူတွေအနေနဲ့ App ကို အသုံးပြုဖို့ သူတို့ရဲ့ကိုယ်ပိုင်အချက်အလက်တွေကို မျှဝေရပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်နှစ်ဦးက အစိုးရဌာနမှာ  အလုပ်လုပ်နေတဲ့ အစိုးရဝန်ထမ်းတွေကို TikTok App ကို အသုံးပြုခွင့်ပိတ်ပင်လိုက်တာပဲ  ဖြစ်ပါတယ်။  အကြောင်းအရင်းကတော့ အစိုးရဝန်ထမ်းတွေရဲ့ဖုန်းမှာ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ဆိုင်တဲ့  လျှို့ဝှက်ထားရမယ့် အချက်အလက်တွေ ပေါက်ကြားသွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ TikTok App ကို အသုံးပြုသူပေါင်း ၂၆.၅ သန်းရှိပြီး အသုံးပြုသူဦးရေရဲ့ ၆၀% က အမေရိကန်ပြည်ထောင်စုမှ အသက် ၁၆ နှစ် နဲ့ ၂၄ နှစ်ကြားရှိသူတွေပဲ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ဘေကျင်းမြို့အခြေစိုက် ByteDance အမည်ရှိ နည်းပညာကုမ္ပဏီဟာ   အမေရိကန်ပြည်ထောင်စုမှ နည်းပညာရှင်တွေ ဖန်တီးပြုလုပ်ခဲ့တဲ့ လူမှုကွန်ယက် Application ဖြစ်တဲ့ Musical.ly ကို မှီငြမ်းပြီး TikTok App ကို တီထွင်ဖို့အတွက် ဒေါ်လာ၁ဘီလျံကျော် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်ပြည်ထောင်စုသမ္မတအဖွဲ့အစည်းက ByteDance ကုမ္ပဏီရဲ့ အအောင်မြင်ဆုံး လူမှုကွန်ယက် App ဖြစ်တဲ့ TikTok App မှာပါဝင်ပြဌာန်းထားတဲ့  သတ်မှတ်ချက်တွေကို  အသေးစိတ်စစ်ဆေးခဲ့ကြပါတယ်။ ByteDance ကုမ္ပဏီရဲ့  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက  အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်တွေ စိုးရိမ်နေသလိုမျိုး ByteDance ကုမ္ပဏီမှ TikTok App ကို အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်အတွေကို ဝင်မစွက်ဖက်သလို ကုမ္ပဏီရဲ့ အကျိုးအတွက်လည်း အသုံးမပြုကြောင်း၊ TikTok App အသုံးပြုတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ByteDance ကုမ္ပဏီအနေနဲ့ လုံခြုံအောင်ပြုလုပ်ထားပေးကြောင်း ပြောဆိုခဲ့ပါတယ်။

လွှတ်တော်အမတ်နှစ်ဦးရဲ့ သတိပေးစာမှာတော့ ByteDance ကုမ္ပဏီအနေနဲ့ ကုမ္ပဏီရဲ့လုပ်ငန်းစဉ်အတွက် မလိုအပ်တဲ့ TikTok App အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်တွေ  နေရပ်လိပ်စာတွေကို မတောင်းသင့်ကြောင်း  ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့လမှာတော့ ByteDance ကုမ္ပဏီက တာဝန်ရှိသူတွေဟာ TikTok App မှာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစွာသိမ်းထားနိုင်တဲ့ Safety Feature အသစ် တစ်ခုကို ထပ်မံထည့်သွင်းထားပါတယ်။

<Unicode Version>

 

 

 

အစိုးရဝန္ထမ္းေတြကို TikTok အသံုးျပဳခြင့္ ပိတ္ပင္တားျမစ္လိုက္တဲ့ အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္မ်ား။

အေမရိကန္ျပည္ေထာင္စု ဥပေဒျပဳလႊတ္ေတာ္အမတ္ ၂ ဦးျဖစ္တဲ့ Josh Hawley နဲ႔ Rick Scott တို႔ဟာ အမ်ိဳးသားလံုျခံဳေရးကိုေရွးရႈၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ အစိုးရဌာနမွာ တာဝန္ထမ္းေဆာင္ေနတ့ဲ ဝန္ထမ္းေတြကို တ႐ုတ္နည္းပညာရွင္ေတြျပဳလုပ္ထားတဲ့ TikTok Application အသံုးျပဳခြင့္  ပိတ္ပင္တားျမစ္လိုက္တာပဲ ျဖစ္ပါတယ္။

TikTok App ကိုျပဳလုပ္တဲ့ ကုမၸဏီရဲ႕ရွယ္ယာဝင္ေတြထဲမွာ တ႐ုတ္ကြန္ျမဴးနစ္ဝါဒီအဖြဲ႔ဝင္တစ္ဦးပါဝင္ၿပီး TikTok App ကို အသံုးျပဳသူေတြအေနနဲ႕ App ကို အသံုးျပဳဖို႔ သူတို႔ရဲ႕ကိုယ္ပိုင္အခ်က္အလက္ေတြကို မွ်ေဝရပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္ႏွစ္ဦးက အစိုးရဌာနမွာ  အလုပ္လုပ္ေနတဲ့ အစိုးရဝန္ထမ္းေတြကို TikTok App ကို အသံုးျပဳခြင့္ပိတ္ပင္လိုက္တာပဲ  ျဖစ္ပါတယ္။  အေၾကာင္းအရင္းကေတာ့ အစိုးရဝန္ထမ္းေတြရဲ႕ဖုန္းမွာ အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႔နဲ႔ဆိုင္တဲ့  လွ်ိဳ႕ဝွက္ထားရမယ့္ အခ်က္အလက္ေတြ ေပါက္ၾကားသြားႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

ယခုလက္ရွိမွာေတာ့ TikTok App ကို အသံုးျပဳသူေပါင္း ၂၆.၅ သန္းရွိၿပီး အသံုးျပဳသူဦးေရရဲ႕ ၆၀% က အေမရိကန္ျပည္ေထာင္စုမွ အသက္ ၁၆ ႏွစ္ နဲ႔ ၂၄ ႏွစ္ၾကားရွိသူေတြပဲ ျဖစ္ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ ေဘက်င္းၿမိဳ႕အေျခစိုက္ ByteDance အမည္ရွိ နည္းပညာကုမၸဏီဟာ   အေမရိကန္ျပည္ေထာင္စုမွ နည္းပညာရွင္ေတြ ဖန္တီးျပဳလုပ္ခဲ့တဲ့ လူမႈကြန္ယက္ Application ျဖစ္တဲ့ Musical.ly ကို မွီျငမ္းၿပီး TikTok App ကုိ တီထြင္ဖို႔အတြက္ ေဒၚလာ၁ဘီလ်ံေက်ာ္ အသံုးျပဳခဲ့တာပဲ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ အေမရိကန္ျပည္ေထာင္စုသမၼတအဖြဲ႔အစည္းက ByteDance ကုမၸဏီရဲ႕ အေအာင္ျမင္ဆံုး လူမႈကြန္ယက္ App ျဖစ္တဲ့ TikTok App မွာပါဝင္ျပဌာန္းထားတဲ့  သတ္မွတ္ခ်က္ေတြကို  အေသးစိတ္စစ္ေဆးခဲ့ၾကပါတယ္။ ByteDance ကုမၸဏီရဲ႕  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက  အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္ေတြ စိုးရိမ္ေနသလိုမ်ိဳး ByteDance ကုမၸဏီမွ TikTok App ကို အသံုးျပဳသူေတြရဲ႕ ကိုယ္ပိုင္အခ်က္အလက္အေတြကို ဝင္မစြက္ဖက္သလို ကုမၸဏီရဲ႕ အက်ိဳးအတြက္လည္း အသံုးမျပဳေၾကာင္း၊ TikTok App အသံုးျပဳေတြရဲ႕ ကိုယ္ပိုင္အခ်က္အလက္ေတြကို ByteDance ကုမၸဏီအေနနဲ႔ လံုျခံဳေအာင္ျပဳလုပ္ထားေပးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လႊတ္ေတာ္အမတ္ႏွစ္ဦးရဲ႕ သတိေပးစာမွာေတာ့ ByteDance ကုမၸဏီအေနနဲ႔ ကုမၸဏီရဲ႕လုပ္ငန္းစဥ္အတြက္ မလိုအပ္တဲ့ TikTok App အသံုးျပဳသူေတြရဲ႕ ဖုန္းနံပါတ္ေတြ  ေနရပ္လိပ္စာေတြကို မေတာင္းသင့္ေၾကာင္း  ေဖာ္ျပထားပါတယ္။ လြန္ခဲ့တဲ့လမွာေတာ့ ByteDance ကုမၸဏီက တာဝန္ရွိသူေတြဟာ TikTok App မွာ အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လံုျခံဳစြာသိမ္းထားႏိုင္တဲ့ Safety Feature အသစ္ တစ္ခုကို ထပ္မံထည့္သြင္းထားပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro