APPLE ကုမ္ပဏီထွက် ပစ္စည်းအမျိုးအစား အစုံအလင်ကို ပြင်သစ်နိုင်ငံမှာ ပြန်လည်ရောင်းချပေးတဲ့ ပြင်သစ်နိုင်ငံအခြေစိုက် eBizcuss ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်တုန်းက ဒေဝါလီခံသွားခဲ့ပါတယ်။ eBizcuss ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ၂၀၁၂ ခုနှစ်ရောက်တော့မှ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို တာဝန်ယူဆောင်ရွက်ဖြေရှင်းပေးတဲ့ ပြင်သစ်နိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းကို APPLE ကုမ္ပဏီနဲ့ပတ်သက်ပြီး တိုင်ကြားချက်တစ်ခု ပြုခဲ့ပါတယ်။
eBizcuss ကုမ္ပဏီရဲ့ CEO က APPLE ကုမ္ပဏီဟာ လက်ကားစျေးနဲ့ဝယ်ယူပြီး ပြန်လည်ရောင်းချပေးတဲ့ eBizcuss ကုမ္ပဏီကို ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေကို တရားမျှတခြင်းမရှိဘဲ ကန့်သတ်ပစ်လိုက်တာကြောင့် eBizcuss ကုမ္ပဏီဟာ ရသင့်ရထိုက်တဲ့အမြတ်ကိုမရတော့ဘဲ ကုမ္ပဏီတစ်ခုလုံး မလည်ပတ်နိုင်ဖြစ်သွားခဲ့ရပြီး နောက်ဆုံးမှာတော့ ဒေဝါလီခံသွားခဲ့တာကြောင့် APPLE ကုမ္ပဏီကို တရားစွဲဆိုခဲ့ရခြင်းဖြစ်ပါတယ်။
ပြင်သစ်စုံစမ်းစစ်ဆေးမှုအဖွဲ့က APPLE ကုမ္ပဏီကို ၂၀၁၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အဆိုပါအမှုကို စုံစမ်းစစ်ဆေးခြင်းဟာ ဆုံးခန်းတိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်နိုင်ငံ စုံစမ်းစစ်ဆေးမှုအဖွဲ့က APPLE ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေကို ယခုအချိန်ထိ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။
ပြင်သစ်စုံစမ်းစစ်ဆေးရေးအဖွဲ့က APPLE ကုမ္ပဏီရဲ့လုပ်ကွက်တွေကို ဇွဲကောင်းကောင်းနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခဲ့တာကြောင့် အခုချိန်မှာ APPLE ကုမ္ပဏီကို ဒဏ်ငွေ ယူရို ၁ဘီလျံဆောင်စေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်သစ်စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Isabelle de Silva က APPLEကုမ္ပဏီရဲ့ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရေးဌာနက ကုမ္ပဏီရဲ့ကုန်ပစ္စည်းတွေကို လက်ကားဝယ်ယူပြီး ပြန်လည်ရောင်းချတဲ့ လုပ်ငန်းတွေကို ခေါင်းပုံဖြတ်အနိုင်ကျင့်တဲ့ သဘောတွေတွေ့ရှိရကြောင်း ဆိုခဲ့ပါတယ်။
အဆိုပါအမှုနဲ့ပတ်သက်ပြီး APPLE ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “APPLE ကုမ္ပဏီဟာ ပြင်သစ်နိုင်ငံက APPLE ထုတ်ကုန်ပစ္စည်းတွေကို တစ်ဆင့်ပြန်လည်ရောင်းချပေးတဲ့ လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ဆောင်လာတာ နှစ်ပေါင်း၄ဝကျော်ပါပြီ။ ပြင်သစ်နိုင်ငံစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို ကြားသိရတာဟာ ကြေကွဲဖို့ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အမှုကြောင့် အခုလက်ရှိလုပ်ငန်းတွေကို ထိခိုက်မှုဖြစ်ပေါ်လာပြီး ကျွန်ုပ်တို့ဘက်က ပြန်လည်ရှင်းပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။” လို့ ဆိုထားပါတယ်။
<Unicode Version>
ယူ႐ိုေငြ ၁ ဘီလ်ံ ဒဏ္ေငြေဆာင္ရမယ့္ Apple ကုမၸဏီႀကီး။
APPLE ကုမၸဏီထြက္ ပစၥည္းအမ်ိဳးအစား အစံုအလင္ကို ျပင္သစ္ႏိုင္ငံမွာ ျပန္လည္ေရာင္းခ်ေပးတဲ့ ျပင္သစ္ႏိုင္ငံအေျခစိုက္ eBizcuss ကုမၸဏီဟာ ၂၀၁၁ ခုႏွစ္တုန္းက ေဒဝါလီခံသြားခဲ့ပါတယ္။ eBizcuss ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က ၂၀၁၂ ခုႏွစ္ေရာက္ေတာ့မွ နည္းပညာပိုင္းဆိုင္ရာ ျပႆနာမ်ားကို တာဝန္ယူေဆာင္ရြက္ေျဖရွင္းေပးတဲ့ ျပင္သစ္ႏိုင္ငံ စံုစမ္းစစ္ေဆးေရးအဖြဲ႔အစည္းကို APPLE ကုမၸဏီနဲ႔ပတ္သက္ၿပီး တိုင္ၾကားခ်က္တစ္ခု ျပဳခဲ့ပါတယ္။
eBizcuss ကုမၸဏီရဲ႕ CEO က APPLE ကုမၸဏီဟာ လက္ကားေစ်းနဲ႔ဝယ္ယူၿပီး ျပန္လည္ေရာင္းခ်ေပးတဲ့ eBizcuss ကုမၸဏီကို ေပးသင့္ေပးထိုက္တဲ့ အခြင့္အေရးေတြကို တရားမွ်တျခင္းမရွိဘဲ ကန္႔သတ္ပစ္လိုက္တာေၾကာင့္ eBizcuss ကုမၸဏီဟာ ရသင့္ရထိုက္တဲ့အျမတ္ကိုမရေတာ့ဘဲ ကုမၸဏီတစ္ခုလံုး မလည္ပတ္ႏိုင္ျဖစ္သြားခဲ့ရၿပီး ေနာက္ဆံုးမွာေတာ့ ေဒဝါလီခံသြားခဲ့တာေၾကာင့္ APPLE ကုမၸဏီကို တရားစြဲဆိုခဲ့ရျခင္းျဖစ္ပါတယ္။
ျပင္သစ္စံုစမ္းစစ္ေဆးမႈအဖြဲ႔က APPLE ကုမၸဏီကို ၂၀၁၂ ခုႏွစ္မွာ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ အဆိုပါအမႈကို စံုစမ္းစစ္ေဆးျခင္းဟာ ဆံုးခန္းတိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္ႏိုင္ငံ စံုစမ္းစစ္ေဆးမႈအဖြဲ႔က APPLE ကုမၸဏီရဲ႕ လုပ္ထံုးလုပ္နည္းေတြကို ယခုအခ်ိန္ထိ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနခဲ့ပါတယ္။
ျပင္သစ္စံုစမ္းစစ္ေဆးေရးအဖြဲ႔က APPLE ကုမၸဏီရဲ႕လုပ္ကြက္ေတြကို ဇြဲေကာင္းေကာင္းနဲ႔ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ခဲ့တာေၾကာင့္ အခုခ်ိန္မွာ APPLE ကုမၸဏီကို ဒဏ္ေငြ ယူ႐ို ၁ဘီလ်ံေဆာင္ေစႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ျပင္သစ္စံုစမ္းစစ္ေဆးေရးအဖြဲ႕ေခါင္းေဆာင္ Isabelle de Silva က APPLEကုမၸဏီရဲ႕ ကုန္ပစၥည္းျဖန္႔ျဖဴးေရာင္းခ်ေရးဌာနက ကုမၸဏီရဲ႕ကုန္ပစၥည္းေတြကို လက္ကားဝယ္ယူၿပီး ျပန္လည္ေရာင္းခ်တဲ့ လုပ္ငန္းေတြကို ေခါင္းပံုျဖတ္အႏိုင္က်င့္တဲ့ သေဘာေတြေတြ႕ရွိရေၾကာင္း ဆိုခဲ့ပါတယ္။
အဆိုပါအမႈနဲ႔ပတ္သက္ၿပီး APPLE ကုမၸဏီရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က “APPLE ကုမၸဏီဟာ ျပင္သစ္ႏိုင္ငံက APPLE ထုတ္ကုန္ပစၥည္းေတြကို တစ္ဆင့္ျပန္လည္ေရာင္းခ်ေပးတဲ့ လုပ္ငန္းေတြနဲ႔ လက္တြဲလုပ္ေဆာင္လာတာ ႏွစ္ေပါင္း၄၀ေက်ာ္ပါၿပီ။ ျပင္သစ္ႏိုင္ငံစံုစမ္းစစ္ေဆးေရးအဖြဲ႔အစည္းရဲ႕ ဆံုးျဖတ္ခ်က္ကို ၾကားသိရတာဟာ ေၾကကြဲဖို႔ေကာင္းပါတယ္။ လြန္ခဲ့တဲ့ ၁၀ စုႏွစ္က ျဖစ္ပ်က္ခဲ့တဲ့ အမႈေၾကာင့္ အခုလက္ရွိလုပ္ငန္းေတြကို ထိခိုက္မႈျဖစ္ေပၚလာၿပီး ကၽြႏ္ုပ္တို႔ဘက္က ျပန္လည္ရွင္းျပႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားပါမယ္။” လို႔ ဆိုထားပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare