အိန္ဒိယနိုင်ငံမှ ဟိန္ဒူဘာသာဝင်တစ်စုသည် နွားရဲ့ကျင်ငယ်ရည်ကိုသောက်သုံးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည်ဟု ယူဆနေကြပါတယ်။ လက်ရှိအချိန်၌ ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သည့်ဆေးမရှိသေးပေမယ့် အိန္ဒိယနိုင်ငံမှ အဆိုပါလူမျိုးစုများမှာမူ သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် ပွဲတော်ပြုလုပ်ပြီး နွားရဲ့ကျင်ငယ်ရည်ကို သောက်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။
သတင်းများရဲ့ဖော်ပြချက်အရ ဟိန္ဒူဘာသာဝင်များသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ စုဝေးကာ နွားရဲ့ကျင်ငယ်ရည်ကို အတူတကွ သောက်သုံးခဲ့ပြီး အချို့သောသတင်းများရဲ့ဖော်ပြချက်အရ တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်အားလုံးက ယခုကဲ့သို့ ယုံကြည်နေကြကြောင်း သိရှိရပါတယ်။ အဆိုပါပွဲတော်ကို “gaumatra party” သို့မဟုတ် “cow urine party” ဟုနာမည်ပေးထားပြီး ထူးဆန်းသည့်အရည်က ဘက်တီးရီးယားများကို ကာကွယ်ပေးနိုင်သည်ဟု ယူဆကာ ယခုကဲ့သို့ နွားကျင်ငယ်ရည်များကို သောက်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။
အဆိုပါပွဲသို့ တက်ရောက်လာသူတစ်ဦးဖြစ်သူ Hari Shankar Kumar က “နွားရဲ့ ကျင်ငယ်ရည်ကို သောက်သုံးထားသူ မည်သူမဆို ဒီရောဂါကြီးရဲ့ ဘေးအန္တရာယ်က ကင်းဝေးပါလိမ့်မယ်။” ဟု ပြောကြားခဲ့ပါတယ်။ လူမှုကွန်ရက်များ၌ ယခုပွဲတော်နဲ့ ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေပြီး လူမှုကွန်ရက်အသုံးပြုသူများက အဆိုပါပွဲသို့တက်ရောက်ခဲ့ကြသူများကို ရူးနှမ်းနေသူများအဖြစ် သမုတ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။
လက်ရှိအချိန်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျစေရန်အတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနဲ့တစ်ဦး (၃) ပေအကွာမှ နေထိုင်ရန် ညွှန်ကြားထားပေမယ့် ယခုကဲ့သို့ လူအများအပြား စုဝေးခဲ့ခြင်းအပေါ်လည်း ဝေဖန်မှုများထွက်ပေါ်နေပါတယ်။
<Unicode Version>
ထူးထူးဆန္းဆန္းအျပဳအမူမ်ားနဲ႕ ကိုရိုနာဗုိင္းရပ္စ္ကို ကာကြယ္ေနၾကသည့္ အိႏၵိယမွလူတစ္စု။
အိႏၵိယႏုိင္ငံမွ ဟိႏၵဴဘာသာဝင္တစ္စုသည္ ႏြားရဲ႕က်င္ငယ္ရည္ကိုေသာက္သံုးျခင္းျဖင့္ ကိုရိုနာဗုိင္းရပ္စ္ကို ကာကြယ္ႏုိင္မည္ဟု ယူဆေနၾကပါတယ္။ လက္ရွိအခ်ိန္၌ ကမာၻအႏံွ႔ ကူးစက္ပ်ံ႕ႏံွ႔လ်က္ရိွသည့္ ကိုရိုနာဗုိင္းရပ္စ္ကို ကုသႏိုင္သည့္ေဆးမရွိေသးေပမယ့္ အိႏၵိယႏိုင္ငံမွ အဆုိပါလူမ်ိဳးစုမ်ားမွာမူ သူတုိ႔ရဲ႕ ကိုယ္ပိုင္ယံုၾကည္ခ်က္ျဖင့္ ပဲြေတာ္ျပဳလုပ္ၿပီး ႏြားရဲ႕က်င္ငယ္ရည္ကို ေသာက္သံုးခဲ့ၾကျခင္းျဖစ္ပါတယ္။
သတင္းမ်ားရဲ႕ေဖာ္ျပခ်က္အရ ဟိႏၵဴဘာသာဝင္မ်ားသည္ အိႏၵိယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕၌ စုေဝးကာ ႏြားရဲ႕က်င္ငယ္ရည္ကို အတူတကြ ေသာက္သံုးခဲ့ၿပီး အခ်ိဳ႕ေသာသတင္းမ်ားရဲ႕ေဖာ္ျပခ်က္အရ တစ္ႏုိင္ငံလံုးရွိ ဟိႏၵဴဘာသာဝင္အားလံုးက ယခုကဲ့သို႔ ယံုၾကည္ေနၾကေၾကာင္း သိရွိရပါတယ္။ အဆုိပါပဲြေတာ္ကို “gaumatra party” သို႔မဟုတ္ “cow urine party” ဟုနာမည္ေပးထားၿပီး ထူးဆန္းသည့္အရည္က ဘက္တီးရီးယားမ်ားကို ကာကြယ္ေပးႏုိင္သည္ဟု ယူဆကာ ယခုကဲ့သို႔ ႏြားက်င္ငယ္ရည္မ်ားကို ေသာက္သံုးခဲ့ၾကျခင္းျဖစ္ပါတယ္။
အဆိုပါပဲြသို႔ တက္ေရာက္လာသူတစ္ဦးျဖစ္သူ Hari Shankar Kumar က “ႏြားရဲ႕ က်င္ငယ္ရည္ကို ေသာက္သံုးထားသူ မည္သူမဆို ဒီေရာဂါႀကီးရဲ႕ ေဘးအႏၱရာယ္က ကင္းေဝးပါလိမ့္မယ္။” ဟု ေျပာၾကားခဲ့ပါတယ္။ လူမႈကြန္ရက္မ်ား၌ ယခုပဲြေတာ္နဲ႔ ပတ္သက္၍ ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးထြက္ေပၚေနၿပီး လူမႈကြန္ရက္အသံုးျပဳသူမ်ားက အဆုိပါပဲြသို႔တက္ေရာက္ခဲ့ၾကသူမ်ားကို ရူးႏွမ္းေနသူမ်ားအျဖစ္ သမုတ္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။
လက္ရွိအခ်ိန္၌ ကမာၻ႕က်န္းမာေရးအဖဲြ႕ခ်ဳပ္ (WHO) က ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း ေလ်ာ့က်ေစရန္အတြက္ လူစုလူေဝးမျပဳလုပ္ရန္၊ တစ္ဦးနဲ႔တစ္ဦး (၃) ေပအကြာမွ ေနထိုင္ရန္ ညႊန္ၾကားထားေပမယ့္ ယခုကဲ့သို႔ လူအမ်ားအျပား စုေဝးခဲ့ျခင္းအေပၚလည္း ေဝဖန္မႈမ်ားထြက္ေပၚေနပါတယ္။
<Zawgyi Version>
#HM(soshwe)
#soshwenews
#soshweforyourdailylife
#likeandshare