သန်းပေါင်း (၈၅၀) ကျော်အရေအတွက်ရှိသည့် ကလေးငယ်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ကျောင်းတက်ခွင့်မရတော့ဘဲ အဆိုပါပမာဏဟာ ကမ္ဘာ့ကျောင်းသားဦးရေပမာဏရဲ့ ထက်ဝက်ဖြစ်ကြောင်းလည်း ယူနက်စကိုက ဖော်ပြခဲ့ပါတယ်။ “(၂၀၂၀) ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှစတင်ကာ ကလေးငယ်နဲ့လူငယ်စုစုပေါင်း သန်း (၈၅၀) ကျော်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်တွေ၊ ကျောင်းတွေတက်ရောက်ခွင့်မရတော့ပါဘူး။ ဒီပမာဏက ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းသားဦးရေရဲ့ ထက်ဝက်လို့တောင်ပြောရမှာပါ။ နိုင်ငံပေါင်း (၁၀၂) နိုင်ငံက ကျောင်းတွေပိတ်လိုက်ရတယ်၊ မြို့ (၁၁) မြို့ Lockdown ဖြစ်သွားပြီး အချို့နေရာတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာနိုင်တာကြောင့် ကျောင်းတွေကို ပိတ်ထားရပါတယ်။” ဟု ယူနက်စကိုက ဆိုပါတယ်။
ယခုကဲ့သို့ကျောင်းများပိတ်ထားရခြင်းက ပညာရေးကဏ္ဍကို ထိခိုက်လာနိုင်ခြင်းကိုလည်း “ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းတွေက E- Learning နဲ့ ပြန်လည်ကုစားနေကြပေမယ့် ဒီလိုမျိုးသင်ကြားတာကလည်း အချိန်အတိုင်းအတာတစ်ခုအထိပဲ အဆင်ပြေပြီး အချို့နေရာတွေမှာ အခက်အခဲတွေရှိနိုင်ပါတယ်။” ဟုလည်း ယူနက်စကိုက ထုတ်ပြန်ခဲ့ပါတယ်။ ယခုကဲ့သို့ ကျောင်းများပိတ်ထားခြင်းကြောင့် ကျောင်းမုန့်စျေးတန်းမှ လျှော့စျေးဖြင့်ရောင်းချသည့် အစားအသောက်များ၊ အခမဲ့ကျွေးမွေးသော အစားအသောက်များအပေါ် မှီခိုနေသည့် အချို့သောကလေးငယ်များနဲ့လူငယ်များရဲ့ အာဟာရပိုင်းဆိုင်ရာကိုလည်း ထိခိုက်လာနိုင်ပါတယ်။
ကျောင်းများပိတ်ထားခြင်းက အပြင်ထွက်အလုပ်လုပ်နေရသည့် မိဘများအတွက်လည်း အခက်အခဲများရှိလာပြီး ကလေးကို ပြုစုစောင့်ရှောက်ရခြင်းကြောင့် လုပ်ငန်းခွင်မဝင်နိုင်တော့ဘဲ ဝင်ငွေလျော့ကျခြင်းနဲ့ ထုတ်ကုန်များလျော့ကျခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ ကလေးငယ်များနဲ့ လူငယ်များအနေဖြင့် ကျောင်း၌လူပေါင်းစုံနဲ့ အဆင်ပြေအောင်နေထိုင်ရပြီး ကျောင်းများပိတ်ထားခြင်းကြောင့် အဆိုပါအချက်များ၌ အားနည်းချက်များဖြစ်ပေါ်လာနိုင်ကြောင်းလည်း ယူနက်စကိုက ထောက်ပြခဲ့ပါတယ်။
ပညာရေးကဏ္ဍ၌လစ်ဟာမှုမရှိစေရန်အတွက် ယူနက်စကိုက Remote Learning System အတွက် Microsoft နဲ့ Global System for Mobile Communications (GSMA) တို့ကို ထောက်ပံ့ပေးထားပြီး အဆိုပါနည်းစနစ်များဖြင့် သင်ကြားခြင်းက ထိရောက်မှုရှိမရှိကိုလည်း သက်ဆိုင်ရာနိုင်ငံများနဲ့ အစည်းအဝေး ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
ကိုရိုနာဗိုင်းရပ်စ်နဲ့ ကမ္ဘာ့ပညာရေး။
<Zawgyi Version>
#HM(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare