Breaking News

ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်ကိုလက်မခံဘဲ လူစုလူဝေးနဲ့ပါတီပေးခဲ့သည့် ကောလိပ်ကျောင်းသားများ။

အရေအတွက် ထောင်ချီရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် မိုင်ယာမီကမ်းခြေ၌ စုဝေးကာ ပါတီပွဲကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ ယခုအချိန်သည် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်၍ အထူးသတိထားရမယ့် အချိန်ကာလဖြစ်ပြီး အမေရိကန်အစိုးရကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုမရှိစေရန်အတွက် လူစုလူဝေးမပြုလုပ်ရန် တားမြစ်ထားပေမယ့် ကောလိပ်ကျောင်းသားများမှာမူ လူထောင်နဲ့ချီစုဝေးကာ ပါတီပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ကျောင်းသားတစ်ယောက်ကမူ အဆိုပါဗိုင်းရပ်စ်ကြောင့် ပါတီပွဲကျင်းပခြင်းကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအချိန်ကာလသည် အမေရိကန်မှ  ကျောင်းသူကျောင်းသားများအတွက် နွေရာသီအားလပ်ရက်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ မိုင်ယာမီကမ်းခြေ၌ စုဝေးကာ ပါတီပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ်းခြေအနီးတဝိုက်ရှိ ဘားနဲ့စားသောက်ဆိုင်များ၌လည်း ဧည့်သည်များဖြင့် ပြည့်နှက်လျက်ရှိကြောင်း သတင်းများကဆိုပါတယ်။

အမေရိကန်အစိုးရနဲ့ ကျန်းမာရေးအဖွဲ့အစည်းများက ယခုကဲ့သို့ လူစုလူဝေးပြုလုပ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ကြောင်း တရားဝင်သတိပေးချက်ထုတ်ပြန်ထားပေမယ့် ကောလိပ်ကျောင်းသားများက ယခုကဲ့သို့ ခေါင်းမာမာနဲ့ ပါတီပေးခဲ့ကြခြင်းဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားတစ်ဦးကလည်း မီဒီယာများနဲ့ တွေ့ဆုံရာ၌ “ကျွန်တော် ကိုရိုနာဖြစ်တော့လည်း ကိုရိုနာဖြစ်တယ်ပေါ့။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ကတော့ ကျွန်တော့်ကို ပါတီပွဲမသွားအောင် ရပ်တန့်လို့မရပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကလည်း လူစုလူဝေးမပြုလုပ်ရန် အထူးသတိပေးတားမြစ်ထားပြီး မတတ်သာ၍ လူထူထပ်သည့်နေရာများသို့သွားရောက်ပါက တစ်ဦးနဲ့တစ်ဦး အနည်းဆုံး (၃) ပေအကွာမှ နေထိုင်ရန် သတိပေးထားပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာအနှံ့ပျံ့နှံ့လျက်ရှိပြီး အီတလီ၊ စပိန်၊ ပြင်သစ်တို့မှမြို့ကြီးများအပါအဝင် နာမည်ကျော်မြို့တော်တော်များများ၌လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိရေးအတွက် အထူးစီမံချက်များချမှတ်ကာ ကာကွယ်နေရပြီလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

 

ကိုရိုနာဗိုင္းရပ္စ္သတိေပးခ်က္ကိုလက္မခံဘဲ လူစုလူေဝးနဲ႔ပါတီေပးခဲ့သည့္ ေကာလိပ္ေက်ာင္းသားမ်ား။

အေရအတြက္ ေထာင္ခ်ီရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိုင္ယာမီကမ္းေျခ၌ စုေဝးကာ ပါတီပဲြက်င္းပခဲ့ေၾကာင္း သိရွိရပါတယ္။ ယခုအခ်ိန္သည္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္၍ အထူးသတိထားရမယ့္ အခ်ိန္ကာလျဖစ္ၿပီး အေမရိကန္အစိုးရကလည္း ဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မႈမရွိေစရန္အတြက္ လူစုလူေဝးမျပဳလုပ္ရန္ တားျမစ္ထားေပမယ့္ ေကာလိပ္ေက်ာင္းသားမ်ားမွာမူ လူေထာင္နဲ႔ခ်ီစုေဝးကာ ပါတီေပးခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ ေက်ာင္းသားတစ္ေယာက္ကမူ အဆိုပါဗုိင္းရပ္စ္ေၾကာင့္ ပါတီပဲြက်င္းပျခင္းကို ရပ္တန္႔ႏိုင္မည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ယခုအခ်ိန္ကာလသည္ အေမရိကန္မွ  ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ေႏြရာသီအားလပ္ရက္ျဖစ္ျခင္းေၾကာင့္ ယခုကဲ့သုိ႔ မိုင္ယာမီကမ္းေျခ၌ စုေဝးကာ ပါတီပဲြက်င္းပခဲ့ျခင္းျဖစ္ၿပီး ကမ္းေျခအနီးတဝိုက္ရွိ ဘားနဲ႔စားေသာက္ဆိုင္မ်ား၌လည္း ဧည့္သည္မ်ားျဖင့္ ျပည့္ႏွက္လ်က္ရွိေၾကာင္း သတင္းမ်ားကဆိုပါတယ္။

အေမရိကန္အစိုးရနဲ႔ က်န္းမာေရးအဖဲြ႕အစည္းမ်ားက ယခုကဲ့သုိ႔ လူစုလူေဝးျပဳလုပ္ျခင္းကို ျပင္းျပင္းထန္ထန္ တားျမစ္ေၾကာင္း တရားဝင္သတိေပးခ်က္ထုတ္ျပန္ထားေပမယ့္ ေကာလိပ္ေက်ာင္းသားမ်ားက ယခုကဲ့သုိ႔ ေခါင္းမာမာနဲ႔ ပါတီေပးခဲ့ၾကျခင္းျဖစ္ပါတယ္။ ေကာလိပ္ေက်ာင္းသားတစ္ဦးကလည္း မီဒီယာမ်ားနဲ႔ ေတြ႕ဆံုရာ၌ “ကြ်န္ေတာ္ ကိုရိုနာျဖစ္ေတာ့လည္း ကိုရိုနာျဖစ္တယ္ေပါ့။ ဒါေပမယ့္ ဒီဗုိင္းရပ္စ္ကေတာ့ ကြ်န္ေတာ့္ကို ပါတီပဲြမသြားေအာင္ ရပ္တန္႔လို႔မရပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။

ကမာၻ႕က်န္းမာေရးအဖဲြ႕ခ်ဳပ္ (WHO) ကလည္း လူစုလူေဝးမျပဳလုပ္ရန္ အထူးသတိေပးတားျမစ္ထားၿပီး မတတ္သာ၍ လူထူထပ္သည့္ေနရာမ်ားသို႔သြားေရာက္ပါက တစ္ဦးနဲ႔တစ္ဦး အနည္းဆံုး (၃) ေပအကြာမွ ေနထိုင္ရန္ သတိေပးထားပါတယ္။ တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္ပ်ံ႕ႏွံ႔ခဲ့သည့္ ကိုရိုနာဗုိင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ ကမာၻအႏွံ႔ပ်ံ႕ႏွံ႔လ်က္ရိွၿပီး အီတလီ၊ စပိန္၊ ျပင္သစ္တုိ႔မွၿမိဳ႕ႀကီးမ်ားအပါအဝင္ နာမည္ေက်ာ္ၿမိဳ႕ေတာ္ေတာ္မ်ားမ်ား၌လည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈမရွိေရးအတြက္ အထူးစီမံခ်က္မ်ားခ်မွတ္ကာ ကာကြယ္ေနရၿပီလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Elitereaders

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro