ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အချို့နိုင်ငံများ၌ ကျောင်းနဲ့တက္ကသိုလ်အများအပြားကို ပိတ်ထားရပြီး အချို့သောကျောင်းများမှာမူ သင်ခန်းစာများအချိန်မှီ ပြီးစီးနိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် သင်ကြားသည့်စနစ်များကို အသုံးပြုနေရပါတယ်။ ဒါပေမယ့် ယခုကဲ့သို့ အွန်လိုင်းမှသင်ကြားခြင်းက စာသင်ခန်းတွင်း သင်ကြားခြင်းထက် လိုအပ်ချက်အများအပြားရှိနေဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေပါတယ်။
Jamia Millia Islamia တက္ကသိုလ်မှ သူတို့ရဲ့ကျောင်းသားများကို Email နဲ့ WhatsApp မှတစ်ဆင့် သင်ခန်းစာများ သင်ကြားပေးရန် အချိန်ဇယားများ ရေးဆွဲထားပေမယ့် ကျောင်းမှပါမောက္ခအများစုအတွက် အင်တာနက်အသုံးပြုခြင်းနဲ့ E- Learning အတွက် ခိုင်မာသည့်သင်ရိုးစနစ်မရှိခြင်းက အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ARSD College မှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်သူ Amit Singh က “တက္ကသိုလ်တွေအနေနဲ့ အွန်လိုင်းပေါ်က စာသင်ပေးဖို့အတွက် ခိုင်မာတဲ့သင်ရိုးညွှန်းတမ်းမရှိပါဘူး။ E- Learning ဆိုတာက ကြားလို့တော့ကောင်းပါတယ်။ ဒါပေမယ့် ကျောင်းတွေမှာ ဒီစနစ်အတွက် လုံလောက်တဲ့ အထောက်အပံ့မရှိပါဘူး။ အခြားတစ်ဖက်ကိုကြည့်လိုက်ရင် စာသင်ခန်းထဲမှာ ဆရာနဲ့ကျောင်းသား မျက်နှာချင်းဆိုင် သင်ကြားရတာက ကျောင်းသားတွေ သင်ခန်းစာကို နားလည်လွယ်အောင် သင်ပေးနိုင်သလို ပိုပြီးတော့လည်း အထောက်အကူဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
National Institute of Advanced Studies (NIAS) မှ တွဲဖက်ပါမောက္ခဖြစ်သူ Anshuman Behera က ကျောင်းသားအနည်းစုသာလျှင် E- Learning စနစ်၌ အဆင်ပြေချောမွေ့နိုင်သည်ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်အချို့သောကျောင်းများက E- Learning ကို အရေးတကြီးအသုံးမပြုသည်ကိုလည်း Behera က “ဒီစာသင်နှစ်အတွက် သင်ခန်းစာက သိပ်မကျန်တော့ဘူးဆိုရင် နောက်မှအချိန်ပိုခေါ်သင်တာတွေ၊ အခြားအစားထိုးကုစားမှုတစ်ခုခု လုပ်ပေးတာမျိုးတွေလည်း ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။ အနောက်နိုင်ငံများ၌ အွန်လိုင်းပညာရေးစနစ်က တွင်ကျယ်နေပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ၌မူ အခက်အခဲများနဲ့ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။
<Unicode Version>
စာသင္ခန္းတြင္းသင္ၾကားေရးစနစ္ကို မယွဥ္ၿပိဳင္ႏုိင္ေသးသည့္ အြန္လိုင္းသင္ၾကားေရးစနစ္မ်ား။
ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ အခ်ိဳ႕ႏိုင္ငံမ်ား၌ ေက်ာင္းနဲ႔တကၠသိုလ္အမ်ားအျပားကို ပိတ္ထားရၿပီး အခ်ိဳ႕ေသာေက်ာင္းမ်ားမွာမူ သင္ခန္းစာမ်ားအခ်ိန္မီွ ၿပီးစီးႏုိင္ရန္အတြက္ အြန္လိုင္းမွတစ္ဆင့္ သင္ၾကားသည့္စနစ္မ်ားကို အသံုးျပဳေနရပါတယ္။ ဒါေပမယ့္ ယခုကဲ့သို႔ အြန္လိုင္းမွသင္ၾကားျခင္းက စာသင္ခန္းတြင္း သင္ၾကားျခင္းထက္ လိုအပ္ခ်က္အမ်ားအျပားရွိေနဆဲျဖစ္ေၾကာင္း ေထာက္ျပေဝဖန္မႈမ်ား ရွိေနပါတယ္။
Jamia Millia Islamia တကၠသိုလ္မွ သူတုိ႔ရဲ႕ေက်ာင္းသားမ်ားကို Email နဲ႔ WhatsApp မွတစ္ဆင့္ သင္ခန္းစာမ်ား သင္ၾကားေပးရန္ အခ်ိန္ဇယားမ်ား ေရးဆဲြထားေပမယ့္ ေက်ာင္းမွပါေမာကၡအမ်ားစုအတြက္ အင္တာနက္အသံုးျပဳျခင္းနဲ႔ E- Learning အတြက္ ခိုင္မာသည့္သင္ရိုးစနစ္မရွိျခင္းက အဓိကစိန္ေခၚမႈတစ္ရပ္ ျဖစ္ေနပါတယ္။ ARSD College မွ လက္ေထာက္ပါေမာကၡတစ္ဦးျဖစ္သူ Amit Singh က “တကၠသိုလ္ေတြအေနနဲ႔ အြန္လိုင္းေပၚက စာသင္ေပးဖို႔အတြက္ ခိုင္မာတဲ့သင္ရိုးညႊန္းတမ္းမရွိပါဘူး။ E- Learning ဆိုတာက ၾကားလို႔ေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ ေက်ာင္းေတြမွာ ဒီစနစ္အတြက္ လံုေလာက္တဲ့ အေထာက္အပံ့မရွိပါဘူး။ အျခားတစ္ဖက္ကိုၾကည့္လိုက္ရင္ စာသင္ခန္းထဲမွာ ဆရာနဲ႔ေက်ာင္းသား မ်က္ႏွာခ်င္းဆိုင္ သင္ၾကားရတာက ေက်ာင္းသားေတြ သင္ခန္းစာကို နားလည္လြယ္ေအာင္ သင္ေပးႏုိင္သလို ပိုၿပီးေတာ့လည္း အေထာက္အကူျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။
National Institute of Advanced Studies (NIAS) မွ တဲြဖက္ပါေမာကၡျဖစ္သူ Anshuman Behera က ေက်ာင္းသားအနည္းစုသာလွ်င္ E- Learning စနစ္၌ အဆင္ေျပေခ်ာေမြ႕ႏုိင္သည္ဟု ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္အခ်ိဳ႕ေသာေက်ာင္းမ်ားက E- Learning ကို အေရးတႀကီးအသံုးမျပဳသည္ကိုလည္း Behera က “ဒီစာသင္ႏွစ္အတြက္ သင္ခန္းစာက သိပ္မက်န္ေတာ့ဘူးဆိုရင္ ေနာက္မွအခ်ိန္ပိုေခၚသင္တာေတြ၊ အျခားအစားထိုးကုစားမႈတစ္ခုခု လုပ္ေပးတာမ်ိဳးေတြလည္း ရွိပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ အေနာက္ႏုိင္ငံမ်ား၌ အြန္လိုင္းပညာေရးစနစ္က တြင္က်ယ္ေနၿပီျဖစ္ေပမယ့္ အိႏိၵယႏုိင္ငံ၌မူ အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ေနရဆဲလည္း ျဖစ္ပါတယ္။
<Zawgyi Version>
#soshweeducation
#soshweforyourdailylife
#likeandshare