Breaking News

ကိုရိုနာဗိုင်းရပ်စ်နဲ့ စမတ်ဖုန်းစျေးကွက်အခြေအနေ။

စမတ်ဖုန်းများ စတင်တီထွင်ရောင်းချလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုကာလမှာမူ  ရောင်းအားအဆိုးရွားဆုံး ကျဆင်းသည့်ကာလဖြစ်ကြောင်း သိရှိရပါတယ်။ သုတေသနများ၏ အဆိုအရ စမတ်ဖုန်းများ တင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက (၃၈) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှစတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် စမတ်ဖုန်းရောင်းအားအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှုရှိခဲ့ကြောင်းလည်း အထက်ပါအစီရင်ခံစာကို ရေးသားသည့် Linda Sui က ပြောကြားခဲ့ပါတယ်။

Linda က “အချို့အာရှစက်ရုံတွေမှာ စမတ်ဖုန်းတွေမထုတ်လုပ်နိုင်ပေမယ့် လူတွေက ဆိုင်ကိုသွားပြီး ဖုန်းအသစ်တွေမဝယ်နိုင်တော့ပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။ စစ်တမ်းများရဲ့ဖော်ပြချက်အရ (၂၀၁၉) ခုနှစ်၊  ဖေဖော်ဝါရီလအတွင်း စမတ်ဖုန်းတင်ပို့မှုနှုန်းက (၉၉.၂) သန်းအထိရှိခဲ့ပေမယ့် ပြီးခဲ့သည့် (၂၀၂၀) ခုနှစ်၊  ဖေဖော်ဝါရီလအတွင်းက (၆၁.၈) သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလသည် စမတ်ဖုန်းပွဲတော်ကျင်းပသည့်လတစ်လအဖြစ် နာမည်ကြီးပြီး Mobile World Congress နဲ့အတူ နာမည်ကျော်ဖုန်းအများအပြားကို စတင်မိတ်ဆက်ရန်စီစဉ်ထားသည့်လတစ်လလည်း ဖြစ်ပါတယ်။ အဆိုပါပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားနေခြင်းကြောင့် ဖျက်သိမ်းခဲ့ရပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက စတင်မိတ်ဆက်ခဲ့သည့် Samsung ရဲ့ နောက်ဆုံးပေါ် S20 သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအကြား ရောင်းအားကျဆင်းခဲ့ရပါတယ်။

ဒါ့အပြင် Apple ကုမ္ပဏီအနေဖြင့်လည်း အမြတ်အစွန်းပေါင်းများစွာကို ဆုံးရှုံးနိုင်ရကြောင်း သတိပေးထားပါတယ်။ Strategy Analytics မှ စျေးကွက်စီးပွားရေးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Neil Mawston က “(၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကမ္ဘာ့စမတ်ဖုန်းစျေးကွက်အတွင်း အဆိုးရွားဆုံးအခြေအနေလို့ ပြောရလောက်အောင်အထိ ရောင်းအားကျဆင်းခဲ့ပါတယ်။” ဟု  ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Neil Mawston က “တရုတ်နိုင်ငံတွင်းစမတ်ဖုန်းဝယ်လိုအားနဲ့ ရောင်းအားကျဆင်းမှုက အာရှတိုက်နဲ့ တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒီအချိန်က စမတ်ဖုန်းလောကကို မေ့ပျောက်သွားစေနိုင်တဲ့ အချိန်ကာလပါ။” ဟု ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ စစ်တမ်းများရဲ့အဆိုအရ စမတ်ဖုန်းများ တင်ပို့ရောင်းချမှုနှုန်းက မတ်လ၌လည်း ဆက်လက်ကျဆင်းဖွယ်ရှိနေပြီး ထိုကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းမှာလည်း ဥရောပနဲ့ အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါတယ်။

စမတ်ဖုန်းများကို ပုံမှန်ဝယ်ယူနေသူများ၊ ဆိုင်များသည် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown အခြေအနေဖြစ်နေပြီး Strategy Analytics ကလည်း “ရောင်းချသူတွေအနေနဲ့ သူတို့ရဲ့ပစ္စည်းတွေကို  လျှော့စျေးနဲ့ ရောင်းချဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများ၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့မှုနဲ့ပတ်သက်သည့်အခက်အခဲများအတွက် သတိပေးချက်များထုတ်ပြန်ထားပေမယ့် Apple ကမူ လေဆာဖြင့် Scan ဖတ်နိုင်သည့် iPad Pro နဲ့ MacBook Air တို့ကို ထပ်မံမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် အဆိုပါမိတ်ဆက်ပွဲကို ခမ်းခမ်းနားနားပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ သာမန်အကျဉ်းချုံးပြုလုပ်ခဲ့ပြီး လေ့လာသူ Ben Wood က “Apple အနေနဲ့ သူတို့ရဲ့ကုန်ပစ္စည်းအသစ်ကို ဒီလိုမျိုး လူနည်းနည်းနဲ့ မိတ်ဆက်ပေးခဲ့တာ ဒါပထမဆုံးပါပဲ။” ဟု မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ကိုရိုနာဗုိင္းရပ္စ္နဲ႕ စမတ္ဖုန္းေစ်းကြက္အေျခအေန။

စမတ္ဖုန္းမ်ား စတင္တီထြင္ေရာင္းခ်လာသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီျဖစ္ေသာ္လည္း ယခုကာလမွာမူ  ေရာင္းအားအဆိုးရြားဆံုး က်ဆင္းသည့္ကာလျဖစ္ေၾကာင္း သိရွိရပါတယ္။ သုေတသနမ်ား၏ အဆိုအရ စမတ္ဖုန္းမ်ား တင္ပို႔ေရာင္းခ်မႈသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းက (၃၈) ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ပါတယ္။ တရုတ္ႏုိင္ငံမွစတင္ခဲ့သည့္ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈသည္ စမတ္ဖုန္းေရာင္းအားအေပၚ ႀကီးမားသည့္အက်ိဳးသက္ေရာက္မႈရွိခဲ့ေၾကာင္းလည္း အထက္ပါအစီရင္ခံစာကို ေရးသားသည့္ Linda Sui က ေျပာၾကားခဲ့ပါတယ္။

Linda က “အခ်ိဳ႕အာရွစက္ရံုေတြမွာ စမတ္ဖုန္းေတြမထုတ္လုပ္ႏိုင္ေပမယ့္ လူေတြက ဆိုင္ကိုသြားၿပီး ဖုန္းအသစ္ေတြမဝယ္ႏုိင္ေတာ့ပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။ စစ္တမ္းမ်ားရဲ႕ေဖာ္ျပခ်က္အရ (၂၀၁၉) ခုႏွစ္၊  ေဖေဖာ္ဝါရီလအတြင္း စမတ္ဖုန္းတင္ပို႔မႈႏႈန္းက (၉၉.၂) သန္းအထိရွိခဲ့ေပမယ့္ ၿပီးခဲ့သည့္ (၂၀၂၀) ခုႏွစ္၊  ေဖေဖာ္ဝါရီလအတြင္းက (၆၁.၈) သန္းအထိ က်ဆင္းသြားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလသည္ စမတ္ဖုန္းပြဲေတာ္က်င္းပသည့္လတစ္လအျဖစ္ နာမည္ႀကီးၿပီး Mobile World Congress နဲ႔အတူ နာမည္ေက်ာ္ဖုန္းအမ်ားအျပားကို စတင္မိတ္ဆက္ရန္စီစဥ္ထားသည့္လတစ္လလည္း ျဖစ္ပါတယ္။ အဆုိပါပဲြကို ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္းျမင့္မားေနျခင္းေၾကာင့္ ဖ်က္သိမ္းခဲ့ရၿပီး ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလအတြင္းက စတင္မိတ္ဆက္ခဲ့သည့္ Samsung ရဲ႕ ေနာက္ဆံုးေပၚ S20 သည္လည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈအၾကား ေရာင္းအားက်ဆင္းခဲ့ရပါတယ္။

ဒါ့အျပင္ Apple ကုမၸဏီအေနျဖင့္လည္း အျမတ္အစြန္းေပါင္းမ်ားစြာကို ဆံုးရံႈးႏုိင္ရေၾကာင္း သတိေပးထားပါတယ္။ Strategy Analytics မွ ေစ်းကြက္စီးပြားေရးဆိုင္ရာ အမႈေဆာင္ဒါရိုက္တာ Neil Mawston က “(၂၀၂၀) ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ ကမာၻ႕စမတ္ဖုန္းေစ်းကြက္အတြင္း အဆုိးရြားဆံုးအေျခအေနလို႔ ေျပာရေလာက္ေအာင္အထိ ေရာင္းအားက်ဆင္းခဲ့ပါတယ္။” ဟု  ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Neil Mawston က “တရုတ္ႏုိင္ငံတြင္းစမတ္ဖုန္းဝယ္လုိအားနဲ႔ ေရာင္းအားက်ဆင္းမႈက အာရွတိုက္နဲ႔ တစ္ကမာၻလံုးကို အက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။ ဒီအခ်ိန္က စမတ္ဖုန္းေလာကကို ေမ့ေပ်ာက္သြားေစႏုိင္တဲ့ အခ်ိန္ကာလပါ။” ဟု ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။ စစ္တမ္းမ်ားရဲ႕အဆိုအရ စမတ္ဖုန္းမ်ား တင္ပို႔ေရာင္းခ်မႈႏႈန္းက မတ္လ၌လည္း ဆက္လက္က်ဆင္းဖြယ္ရွိေနၿပီး ထိုကဲ့သို႔ ျဖစ္ရသည့္အေၾကာင္းရင္းမွာလည္း ဥေရာပနဲ႔ အေမရိကန္ႏိုင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ေနျခင္းေၾကာင့္ျဖစ္သည္ဟု သိရိွရပါတယ္။

စမတ္ဖုန္းမ်ားကို ပံုမွန္ဝယ္ယူေနသူမ်ား၊ ဆုိင္မ်ားသည္ လက္ရွိအခ်ိန္၌ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown အေျခအေနျဖစ္ေနၿပီး Strategy Analytics ကလည္း “ေရာင္းခ်သူေတြအေနနဲ႔ သူတုိ႔ရဲ႕ပစၥည္းေတြကို  ေလွ်ာ့ေစ်းနဲ႔ ေရာင္းခ်ဖုိ႔ ဆံုးျဖတ္လာႏုိင္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

ဘ႑ာေရးဆုိင္ရာအခက္အခဲမ်ား၊ ကုန္ၾကမ္းပစၥည္းေထာက္ပံ့မႈနဲ႔ပတ္သက္သည့္အခက္အခဲမ်ားအတြက္ သတိေပးခ်က္မ်ားထုတ္ျပန္ထားေပမယ့္ Apple ကမူ ေလဆာျဖင့္ Scan ဖတ္ႏုိင္သည့္ iPad Pro နဲ႔ MacBook Air တို႔ကို ထပ္မံမိတ္ဆက္ေပးခဲ့ျပန္ပါတယ္။ ဒါေပမယ့္ အဆုိပါမိတ္ဆက္ပဲြကို ခမ္းခမ္းနားနားျပဳလုပ္ႏုိင္ခဲ့ျခင္းမရွိဘဲ သာမန္အက်ဥ္းခ်ံဳးျပဳလုပ္ခဲ့ၿပီး ေလ့လာသူ Ben Wood က “Apple အေနနဲ႔ သူတုိ႔ရဲ႕ကုန္ပစၥည္းအသစ္ကို ဒီလိုမ်ိဳး လူနည္းနည္းနဲ႔ မိတ္ဆက္ေပးခဲ့တာ ဒါပထမဆံုးပါပဲ။” ဟု မွတ္ခ်က္ျပဳေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ BBC

#HM(Soshwe)

#soshwetech

#soshweforyourdailylife

 

 

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro