Breaking News

COVID-19 ဝေဒနာရှင်တစ်ဦးမျှဝေခဲ့တဲ့ သူ့ရဲ့အကြောင်း။

San Francisco မှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ်ရှိ သူနာပြုတစ်ဦးဖြစ်သူ Mike Schultz ဆိုသူဟာ COVID-19 ရောဂါဝေဒနာကို ၆ ပတ်ကြာအောင် ခံစားရပြီးတဲ့နောက်မှာတော့ ပြန်လည်နာလန်ထူလာနိုင်ပြီး သူခံစားခဲ့ရတဲ့ မကျန်းမာတဲ့နေ့ရက်များအကြောင်းကို BuzzFeed သတင်းဌာနကို ဝေမျှခဲ့ပါတယ်။

Mike ဟာ တစ်ပတ်အတွင်းမှာ ၆ ကြိမ်ကနေ ၇ ကြိမ်အထိ အားကစားရုံသို့ သွားရောက်ပြီး လေ့ကျင့်ခန်းလုပ်တတ်သူတစ်ယောက်ဖြစ်ကာ ခန္ဓာကိုယ်အလေးချိန်က ၁၉၀ ပေါင်ရှိပါတယ်။ ဒါ့အပြင် Mike ဟာ ကျန်းမာရေးဝန်ထမ်းဖြစ်တာကြောင့် သူကိုယ်တိုင်ကလည်း ကိုယ်ခံအားကိုမြင့်တက်စေမယ့် အစားအသောက်တွေကို စားတတ်သူတစ်ဦးဖြစ်ပါတယ်။

ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး နာတာရှည်ရောဂါဝေဒနာ မရှိသူသူတစ်ဦးအနေနဲ့ COVID-19 ရောဂါပိုးမကူးစက်နိုင်လောက်ဖူးလို့ ယုံကြည်ထားခဲ့တဲ့ Mike ဟာ သတိမေ့လျော့ပြီး စိတ်အလိုလိုက်မှုကြောင့် အဆိုပါရောဂါဝေဒနာကို ခံစားခဲ့ရပြီး ခန္ဓာကိုယ်ကျစ်လစ်လှပအောင် အချိန်ပေးပြီး ကျန်းမာရေးလိုက်စားခဲ့သမျှဟာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။

ဝူဟန်ရောဂါပိုးဟာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားပြီး လူအများစု စတင်ခံစားနေရတဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ နိုင်ငံတစ်ဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေက ခန္ဓာကိုယ်ခုခံအားနည်းသူတွေသို့ မွေးရာပါနာတာရှည်ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တွေရဲ့ ခန္ဓာကိုယ်ထဲကို အဆိုပါရောဂါပိုးက ပိုမိုကူးစက်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း Mike က အဆိုပါရောဂါရဲ့နောက်ဆက်တွဲအကျိုးဆက်နဲ့ ရောဂါဝေဒနာရဲ့ပြင်းထန်မှုကို လျှော့တွက်ခဲ့ပြီး Boston မှာနေထိုင်တဲ့ ၂၉ နှစ်အရွယ် သူ့ရဲ့ချစ်သူ DJ Josh Hebblethwaite ဆီသို့ အလည်အပတ်သွားရောက်ခဲ့ပြီး နှစ်ဦးသား Miami ကမ်းခြေမှာကျင်းပတဲ့ Winter Party ဂီတပွဲတော်ကို သွားရောက်ခဲ့ပါတယ်။ အဆိုပါပွဲတော်ကို ချစ်ရသူနဲ့တက်ရောက်ခဲ့ပြီးတဲ့နောက်မှာပဲ Mike က အဆိုပါကပ်ရောဂါဆိုကြီးကို ခံစားခဲ့ရခြင်းဖြစ်ပါတယ်။

Mike ရဲ့ပြောကြားချက်အရ အဆိုပါဂီတပွဲတော်ကို တက်ရောက်ခဲ့သူတွေထဲက သုံးဦးဟာ COVID-19 ရောဂါဝေဒနာကို ခံစားရပြီး သေဆုံးခဲ့ကာ နောက်ထပ် ၄၀ ဦးကလည်း ပြင်းထန်တဲ့ရောဂါဝေဒနာကို ခံစားခဲ့ရတယ်လို့ သိရှိရပါတယ်။

Mike နဲ့ Josh တို့နှစ်ဦးစလုံးဟာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကိုခံစားခဲ့ရပြီး ဆေးရုံကြီးတွေမှာ ဆေးကုသခြင်းကိုခံယူခဲ့ရပါတယ်။ ဆိုးရွားပြီးပြင်းထန်လွန်းလှတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကို သေလုမျောပါးခံစားခဲ့ရပြီး ဆေးရုံကုတင်ပေါ်မှာ ဘယ်အချိန်ကတည်း စတင်လဲလျောင်းနေခဲ့ရသလဲ။ ဆေးရုံပေါ်ရောက်နေတာ ဘယ်နှရက်ရှိပြီလဲဆိုတာကိုလည်း မမှတ်မိနိုင်ခဲ့ဘူးလို့ Mike ကဆိုပါတယ်။

Mike တစ်ယောက်ပြန်လည်နာလန်ထူလာနိုင်တဲ့အချိန်မှာ COVID-19 ရောဂါကူးစက်ခံရပြီး ဆေးရုံပေါ်မှာ ဆေးကုသခံရတဲ့အချိန်ဟာ ၁ ပတ်လောက်ပဲရှိသေးတယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် Mike ကို အနီးကပ်ပြုစုပေးတဲ့ သူနာပြုက Mike တစ်ယောက် အဆိုပါရောဂါဝေဒနာကို ကုသမှုခံယူနေတာဟာ ၆ ပတ်ရှိပြီဖြစ်ကြောင်း ပြောပြခဲ့တဲ့အခါမှာတော့ Mike ဟာ အလွန်အံ့အားသင့်ခဲ့ရပါတယ်။

COVID-19 ရောဂါဝေဒနာမခံစားရခင်မှာ ကြွက်သားအပြည့်နဲ ့ ကျစ်လစ်သန်မာပြီး ပေါင်ချိန် ၁၉၀ ရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တဲ့ Mike ဟာ COVID-19 ရောဂါဝေဒနာကို ၆ ပတ်မျှ အလူးအလဲ ခံစားရပြီးတဲ့နောက်မှာ ပေါင်ချိန် ၁၄၀ သာ ကျန်ပါတော့တယ်။

Mike က လူငယ်တွေအနေနဲ့လည်း ကိုယ်ခံအားကောင်းတာမို့ ဒီရောဂါဝေဒနာကို မခံစားရနိုင်ဘူး ပေါ့လျော့မနေဘဲ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ သတိပေး မှာကြားခဲ့ပါတယ်။

<Unicode Version>

 

 

COVID-19 ေဝဒနာရွင္တစ္ဦးမၽွေဝခဲ့တဲ့ သူ႔ရဲ့အေၾကာင္း။

San Francisco မွာေနထိုင္တဲ့ အသက္ ၄၃ ႏွစ္အရြယ္ရွိ သူနာျပဳတစ္ဦးျဖစ္သူ Mike Schultz ဆိုသူဟာ COVID-19 ေရာဂါေဝဒနာကို ၆ ပတ္ၾကာေအာင္  ခံစားရၿပီးတဲ့ေနာက္မွာေတာ့  ျပန္လည္နာလန္ထူလာႏိုင္ၿပီး သူခံစားခဲ့ရတဲ့ မက်န္းမာတဲ့ေန႔ရက္မ်ားအေၾကာင္းကို BuzzFeed သတင္းဌာနကို  ေဝမွ်ခ့ဲပါတယ္။

Mike ဟာ တစ္ပတ္အတြင္းမွာ ၆ ႀကိမ္ကေန ၇ ႀကိမ္အထိ အားကစား႐ံုသို႕ သြားေရာက္ၿပီး ေလ့က်င့္ခန္းလုပ္တတ္သူတစ္ေယာက္ျဖစ္ကာ ခႏၶာကိုယ္အေလးခ်ိန္က ၁၉၀ ေပါင္ရွိပါတယ္။  ဒါ့အျပင္ Mike ဟာ က်န္းမာေရးဝန္ထမ္းျဖစ္တာေၾကာင့္ သူကိုယ္တိုင္ကလည္း ကိုယ္ခံအားကိုျမင့္တက္ေစမယ့္ အစားအေသာက္ေတြကို စားတတ္သူတစ္ဦးျဖစ္ပါတယ္။

က်န္းမာေရးကိုအထူးဂ႐ုစိုက္ၿပီး နာတာရွည္ေရာဂါေဝဒနာ မရွိသူသူတစ္ဦးအေနနဲ႕ COVID-19 ေရာဂါပိုးမကူးစက္ႏိုင္ေလာက္ဖူးလို႔ ယံုၾကည္ထားခဲ့တဲ့ Mike ဟာ သတိေမ့ေလ်ာ့ၿပီး စိတ္အလိုလိုက္မႈေၾကာင့္  အဆိုပါေရာဂါေဝဒနာကို ခံစားခဲ့ရၿပီး ခႏၶာကိုယ္က်စ္လစ္လွပေအာင္ အခ်ိန္ေပးၿပီး က်န္းမာေရးလိုက္စားခဲ့သမွ်ဟာ အခ်ည္းႏွီးျဖစ္ခဲ့ရပါတယ္။

ဝူဟန္ေရာဂါပိုးဟာ ကမာၻတစ္ဝွမ္းကို ပ်ံ႕ႏွံ႔သြားၿပီး လူအမ်ားစု စတင္ခံစားေနရတဲ့အခ်ိန္မွာ  က်န္းမာေရးဝန္ႀကီးဌာနေတြက  တာဝန္ရွိသူေတြနဲ႔ ႏိုင္ငံတစ္ဝွမ္းက က်န္းမာေရးဝန္ထမ္းေတြျဖစ္တဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြက ခႏၶာကိုယ္ခုခံအားနည္းသူေတြသို႔ ေမြးရာပါနာတာရွည္ေရာဂါကို ခံစားေနရတဲ့ ေဝဒနာရွင္ေတြရဲ႕ ခႏၶာကိုယ္ထဲကို အဆိုပါေရာဂါပိုးက ပိုမိုကူးစက္ႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္း Mike က အဆိုပါေရာဂါရဲ႕ေနာက္ဆက္တြဲအက်ိဳးဆက္နဲ႔  ေရာဂါေဝဒနာရဲ႕ျပင္းထန္မႈကို ေလွ်ာ့တြက္ခဲ့ၿပီး Boston မွာေနထိုင္တ့ဲ ၂၉ ႏွစ္အရြယ္ သူ႕ရဲ႕ခ်စ္သူ DJ Josh Hebblethwaite ဆီသို႕ အလည္အပတ္သြားေရာက္ခ့ဲၿပီး ႏွစ္ဦးသား Miami ကမ္းေျခမွာက်င္းပတဲ့ Winter Party ဂီတပြဲေတာ္ကို  သြားေရာက္ခဲ့ပါတယ္။ အဆိုပါပြဲေတာ္ကို ခ်စ္ရသူနဲ႔တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္မွာပဲ Mike က အဆိုပါကပ္ေရာဂါဆိုႀကီးကို ခံစားခဲ့ရျခင္းျဖစ္ပါတယ္။

Mike ရဲ႕ေျပာၾကားခ်က္အရ အဆိုပါဂီတပြဲေတာ္ကို တက္ေရာက္ခဲ့သူေတြထဲက သံုးဦးဟာ COVID-19  ေရာဂါေဝဒနာကို ခံစားရၿပီး ေသဆံုးခ့ဲကာ ေနာက္ထပ္ ၄၀ ဦးကလည္း ျပင္းထန္တဲ့ေရာဂါေဝဒနာကို ခံစားခဲ့ရတယ္လို႕ သိရွိရပါတယ္။

Mike နဲ႔ Josh တို႔ႏွစ္ဦးစလံုးဟာ ျပင္းထန္တဲ့ အဆုတ္ေရာင္ေရာဂါကိုခံစားခဲ့ရၿပီး ေဆး႐ံုႀကီးေတြမွာ ေဆးကုသျခင္းကိုခံယူခဲ့ရပါတယ္။ ဆိုးရြားၿပီးျပင္းထန္လြန္းလွတဲ့ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေဝဒနာကို ေသလုေမ်ာပါးခံစားခဲ့ရၿပီး ေဆး႐ံုကုတင္ေပၚမွာ ဘယ္အခ်ိန္ကတည္း စတင္လဲေလ်ာင္းေနခဲ့ရသလဲ။  ေဆး႐ံုေပၚေရာက္ေနတာ ဘယ္ႏွရက္ရွိၿပီလဲဆိုတာကိုလည္း မမွတ္မိႏိုင္ခဲ့ဘူးလို႔ Mike ကဆိုပါတယ္။

Mike တစ္ေယာက္ျပန္လည္နာလန္ထူလာႏိုင္တဲ့အခ်ိန္မွာ COVID-19 ေရာဂါကူးစက္ခံရၿပီး ေဆး႐ံုေပၚမွာ ေဆးကုသခံရတဲ့အခ်ိန္ဟာ ၁ ပတ္ေလာက္ပဲရွိေသးတယ္လို႕ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ Mike ကို  အနီးကပ္ျပဳစုေပးတဲ့ သူနာျပဳက Mike တစ္ေယာက္ အဆိုပါေရာဂါေဝဒနာကို ကုသမႈခံယူေနတာဟာ  ၆ ပတ္ရွိၿပီျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့အခါမွာေတာ့ Mike ဟာ အလြန္အံ့အားသင့္ခဲ့ရပါတယ္။

COVID-19 ေရာဂါေဝဒနာမခံစားရခင္မွာ ႂကြက္သားအျပည့္နဲ ႔ က်စ္လစ္သန္မာၿပီး ေပါင္ခ်ိန္ ၁၉၀ ရွိတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခဲ့တဲ့ Mike ဟာ COVID-19 ေရာဂါေဝဒနာကို ၆ ပတ္မွ် အလူးအလဲ ခံစားရၿပီးတဲ့ေနာက္မွာ ေပါင္ခ်ိန္ ၁၄၀ သာ က်န္ပါေတာ့တယ္။

Mike က လူငယ္ေတြအေနနဲ႕လည္း ကိုယ္ခံအားေကာင္းတာမို႔ ဒီေရာဂါေဝဒနာကို မခံစားရႏိုင္ဘူး ေပါ့ေလ်ာ့မေနဘဲ က်န္းမာေရးကို အထူးဂ႐ုစိုက္ဖို႔ သတိေပး မွာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro