အရက်သောက်ထားသည်ဟုယူဆရသော အမျိုးသားတစ်ဦးသည် ပိုလန်နိုင်ငံ၊ ဝါဆောတိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ ဝက်ဝံတစ်ကောင်နဲ့တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ အွန်လိုင်းပေါ်၌ ပျံ့နှံ့လာသောဗီဒီယိုတစ်ခု၌ အသက် (၂၃) နှစ်အရွယ်၊ အမည်မဖော်လိုသူအဆိုပါအမျိုးသားသည် တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ ဝက်ဝံမတစ်ကောင်က သူ့အနားသို့ချဉ်းကပ်လာသဖြင့် ရေကန်အတွင်းဆင်း၍ တိမ်းရှောင်ခဲ့သော်လည်း ဝက်ဝံမကရေကန်အတွင်းသို့လိုက်လာသည့်နောက် အဆိုပါအမျိုးသားက ဝက်ဝံမရဲ့လည်ပင်းကိုပြန်လည်ချုပ်ကိုင်ရင်း တားဆီးခဲ့ရပါတယ်။
အဆိုပါအမျိုးသားအနေဖြင့် တိရိစ္ဆာန်များရဲ့ငြိမ်းချမ်းစွာနေထိုင်ရေးကို အနှောင့်အယှက်ပေးမှုဖြင့် ဒဏ်ငွေ ဒေါ်လာ (၃၀၀) ပေးဆောင်ခဲ့ရသလို အများပြည်သူနဲ့သက်ဆိုင်သောနေရာ၌ နှာခေါင်းစည်းမတပ်ဆင်မှုကြောင့် ဒဏ်ငွေ ဒေါ်လာ (၇,၀၀၀) အထိပေးဆောင်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါအမျိုးသားအနေဖြင့် နာရီ (၂၀) ကြာလူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဖြစ်ပြီး အရက်လုံးဝမသောက်ရန် ခံဝန်ကတိလည်း ရေးထိုးခဲ့ရပါတယ်။ တိရိစ္ဆာန်ဥယျာဉ်မှတာဝန်ရှိသူတစ်ဦးက “တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ ဒါတွေက အရမ်းအန္တရာယ်များတယ်ဆိုတာကို လူတိုင်းကမသိသေးတာမျိုးဖြစ်ကောင်းဖြစ်နိုင်တာကြောင့် အင်တာနက်ပေါ်မှာ တိရိစ္ဆာန်တွေကို အစာကျွေးနေတဲ့ ပုံကောင်းကောင်းတွေတင်ဖို့အတွက် အဲ့ဒီလောက်အထိ အရဲစွန့်နေကြတာပါ။” ဟု စည်းကမ်းချိုးဖောက်နေကြသည့် လူအများရဲ့လုပ်ရပ်နဲ့ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ယခုကဲ့သို့ဖြစ်ပွားခဲ့သည့် ဝက်ဝံမသည် ဆက်ကပ်အဖွဲ့နဲ့အတူ ပါဝင်ဖျော်ဖြေနေကျဝက်ဝံတစ်ကောင်ဖြစ်ပြီး တိရိစ္ဆာန်ရုံရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိိုလ်တစ်ဦးဖြစ်သည့် Ann Karczewska က “နောက်ထပ်ငယ်ရွယ်တဲ့ဝက်ဝံမတစ်ကောင်က အဲ့ဒီအနီးအနားမှာရှိနေခဲ့ပေမယ့် သူက ရန်ပွဲတွေကို မပါလာခဲ့တာတော်တော်ကံကောင်းခဲ့ပါတယ်။ အဲ့ဒီလိုဆိုရင်တော့ အမျိုးသားအနေနဲ့ ကြီးမားတဲ့ဒဏ်ရာတွေ ရနိုင်ပါတယ်။ အခုပြဿနာဖြစ်ပွားခဲ့တဲ့ ဝက်ဝံမကလည်း တိုက်ခိုက်ဖို့မရည်ရွယ်ခဲ့ဘဲ အခုတော့ ဒီဝက်ဝံမအနေနဲ့ ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ပေမယ့် စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေရပါတယ်။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
အရက်မူးပြီး ဝက်ဝံနဲ့ရန်ဖြစ်ခဲ့သည့်အမျိုးသား။
<Zawgyi Version>
#soshweanimal
#soshweforyourdailylife
#likeandshare