တစ်ကမ္ဘာလုံး၌ Lockdown စည်းမျဉ်းများကို ဖြေလျှော့လိုက်သည့်တိုင် စင်ကာပူဒေါ်လာရဲ့အနေအထားမှာမူ ဖိအားများအောက်၌သာရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ Bloomberg မှစီးပွားရေးပညာရှင်များရဲ့ ခန့်မှန်းချက်အရ စင်ကာပူနိုင်ငံရဲ့စီးပွားရေးအခြေအနေသည် ယခုနှစ်ပထမသုံးလပတ်အတွင်း၌ (၁.၈) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါတယ်။ စင်ကာပူနိုင်ငံရဲ့စီးပွားရေးအခြေအနေကို ကိုရိုနာဗိုင်းရပ်စ်က ဆိုးဆိုးရွားရွားရိုက်ခတ်ခဲ့သည့်ဒဏ်ကြောင့် အရှေ့တောင်အာရှမှငွေကြေးစီးဆင်းမှုများအပေါ် ဖိအားဖြစ်စေခဲ့ပြီး ယခုနှစ်အတွင်း၌ Greenback နဲ့ နှိုင်းယှဉ်လိုက်ပါက ငွေကြေးတန်ဖိုး (၅) ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။
Standard Chartered ရဲ့ မဟာဗျူဟာရှင် Divya Devesh က “စင်ကာပူဒေါ်လာနဲ့ပတ်သက်လို့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနဲ့ ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုအလားအလာတွေက နှေးကွေးလာတာကြောင့် စင်ကာပူနိုင်ငံအတွင်းက ရေနံစိမ်းမဟုတ်တဲ့အခြားသောပို့ကုန်ပစ္စည်းတွေက ဒီအနေအထားကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်မေလ (၁၈) ရက်နေ့က ထုတ်ပြန်ချက်အရ ဒုတိယသုံးလပတ်တာကာလရဲ့ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း၌ နိုင်ငံရဲ့ပို့ကုန်ပစ္စည်းတင်ပို့မှုက မမျှော်လင့်ဘဲမြင့်တက်ခဲ့ပြီး ထိုကဲ့သို့မြင့်တက်ခဲ့ရသည့် အကြောင်းရင်းမှာ ဆေးဝါးတင်ပို့ရောင်းချမှုများမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်သောကြာနေ့၊ ညနေပိုင်း၌ စင်ကာပူဒေါ်လာတန်ဖိုးက ဧပြီလ (၃၀) ရက်နေ့ကထက် (၁) ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး လာမယ့်ဇွန်လ (၂) ရက်နေ့၌ စင်ကာပူနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သောကြောင့် စင်ကာပူဒေါ်လာတန်ဖိုးအပေါ် သက်ရောက်နေသည့်ဖိအားကို လျော့ကျစေနိုင်သလို စီးပွားရေးလုပ်ငန်းများကိုလည်း (၄) ပုံ (၃) ပုံအထိ ပိုမိုပွင့်လင်းလာစေနိုင်မည်ဟု မျှော်လင့်ထားပါတယ်။
<Unicode Version>
စီးပြားေရးလုပ္ငန္းမ်ားပြင့္လင္းလာမႈနဲ႔စင္ကာပူေဒၚလာအေျခအေန။
တစ္ကမာၻလံုး၌ Lockdown စည္းမ်ဥ္းမ်ားကို ေျဖေလွ်ာ့လိုက္သည့္တိုင္ စင္ကာပူေဒၚလာရဲ႕အေနအထားမွာမူ ဖိအားမ်ားေအာက္၌သာရွိေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။ Bloomberg မွစီးပြားေရးပညာရွင္မ်ားရဲ႕ ခန္႔မွန္းခ်က္အရ စင္ကာပူႏုိင္ငံရဲ႕စီးပြားေရးအေျခအေနသည္ ယခုႏွစ္ပထမသံုးလပတ္အတြင္း၌ (၁.၈) ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း သိရွိရပါတယ္။ စင္ကာပူႏုိင္ငံရဲ႕စီးပြားေရးအေျခအေနကို ကိုရိုနာဗုိင္းရပ္စ္က ဆိုးဆိုးရြားရြားရိုက္ခတ္ခဲ့သည့္ဒဏ္ေၾကာင့္ အေရွ႕ေတာင္အာရွမွေငြေၾကးစီးဆင္းမႈမ်ားအေပၚ ဖိအားျဖစ္ေစခဲ့ၿပီး ယခုႏွစ္အတြင္း၌ Greenback နဲ႔ ႏိႈင္းယွဥ္လုိက္ပါက ေငြေၾကးတန္ဖိုး (၅) ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ေၾကာင္း သိရွိရပါတယ္။
Standard Chartered ရဲ႕ မဟာဗ်ဴဟာရွင္ Divya Devesh က “စင္ကာပူေဒၚလာနဲ႔ပတ္သက္လို႔ ႀကီးမားတဲ့စိန္ေခၚမႈေတြကို ကြ်န္ေတာ္တုိ႔ ျမင္ေတြ႕ေနရပါတယ္။ ကမာၻ႕စီးပြားေရးတိုးတက္မႈနဲ႔ ကမာၻ႕ကုန္သြယ္ေရးတုိးတက္မႈအလားအလာေတြက ေႏွးေကြးလာတာေၾကာင့္ စင္ကာပူႏိုင္ငံအတြင္းက ေရနံစိမ္းမဟုတ္တဲ့အျခားေသာပို႔ကုန္ပစၥည္းေတြက ဒီအေနအထားကို ေျပာင္းလဲေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့သည့္ေမလ (၁၈) ရက္ေန႔က ထုတ္ျပန္ခ်က္အရ ဒုတိယသံုးလပတ္တာကာလရဲ႕ ပထမဆံုးလျဖစ္သည့္ ဧၿပီလအတြင္း၌ ႏိုင္ငံရဲ႕ပုိ႔ကုန္ပစၥည္းတင္ပို႔မႈက မေမွ်ာ္လင့္ဘဲျမင့္တက္ခဲ့ၿပီး ထုိကဲ့သို႔ျမင့္တက္ခဲ့ရသည့္ အေၾကာင္းရင္းမွာ ေဆးဝါးတင္ပို႔ေရာင္းခ်မႈမ်ားျမင့္တက္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ေသာၾကာေန႔၊ ညေနပိုင္း၌ စင္ကာပူေဒၚလာတန္ဖိုးက ဧၿပီလ (၃၀) ရက္ေန႔ကထက္ (၁) ရာခိုင္ႏႈန္း ပိုမိုမ်ားျပားခဲ့ၿပီး လာမယ့္ဇြန္လ (၂) ရက္ေန႔၌ စင္ကာပူႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမည္ျဖစ္ေသာေၾကာင့္ စင္ကာပူေဒၚလာတန္ဖိုးအေပၚ သက္ေရာက္ေနသည့္ဖိအားကို ေလ်ာ့က်ေစႏိုင္သလို စီးပြားေရးလုပ္ငန္းမ်ားကိုလည္း (၄) ပံု (၃) ပံုအထိ ပိုမိုပြင့္လင္းလာေစႏုိင္မည္ဟု ေမွ်ာ္လင့္ထားပါတယ္။
<Zawgyi Version>
Source ~ Businesstimes
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare