Breaking News
စင်ကာပူနိုင်ငံနှင့် ဘဏ်လုပ်ငန်းအခြေအနေ။
ဗီဇာကတ်ကိုင်ဆောင်သူများရဲ့ သဘောထားကို ကွင်းဆင်းလေ့လာရာ၌ စင်ကာပူလူမျိုးများရဲ့ ထက်ဝက်ကျော် (၆၅) ရာခိုင်နှုန်းသည် ဒစ်ဂျစ်တယ်ဘဏ်များကိုသာ အသုံးပြုရန် ဆန္ဒရှိကြောင်း သိရှိရပါတယ်။ ဒစ်ဂျစ်တယ်ဘဏ်အတွေ့အကြုံမရှိသော (၅) ပုံ (၃) ပုံခန့်ဖြစ်သည့် (၆၀) ရာခိုင်နှုန်းမှာမူ ဒစ်ဂျစ်တယ်ဘဏ်စနစ်ကို စတင်အသုံးပြုရန် ဆန္ဒရှိနေပါတယ်။
(၄) ပုံ (၃) ပုံဖြစ်သည့် (၇၅) ရာခိုင်နှုန်းမှာမူ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၌ ပါဝင်ပတ်သက်ခြင်းမရှိသည့် ဂုဏ်သိက္ခာရှိဘဏ်များရဲ့ ဝန်ဆောင်မှုကိုသာ အသုံးပြုရန်စိတ်ဝင်စားကြောင်း  ပြောကြားခဲ့ပါတယ်။ လူ (၅) ယောက်လျှင် (၃) ယောက်နဲ့အထက်ဖြစ်သည့် (၆၃) ရာခိုင်နှုန်းက လုပ်ငန်းအသစ်နဲ့အတူ ဘဏ်လုပ်ငန်းများကို စတင်လိုကြောင်း ပြောကြားခဲ့ပါသေးတယ်။
သမာရိုးကျဘဏ်များသည် စင်ကာပူလူမျိုးများရဲ့ ဦးစားပေးဘဏ်အဖြစ်ရှိနေဆဲဖြစ်ပေမယ့် စစ်တမ်းဖြေဆိုသူ (၅) ယောက်တွင် (၄) ယောက်နဲ့အထက်ဖြစ်သည့် (၈၅) ရာခိုင်နှုန်းက ရှိပြီးသားဘဏ်တစ်ခုခုမှတစ်ဆင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အသုံးပြုလိုသည့်ဆန္ဒရှိနေပါတယ်။
စင်ကာပူနိုင်ငံသား (၅၄) ရာခိုင်နှုန်းက ဒစ်ဂျစ်တယ်ဘဏ်များကို သဘောကျရသည့်အကြောင်းရင်း (၅၂) ရာခိုင်နှုန်းမှာ ပိုမိုမြန်ဆန်သောဝန်ဆောင်မှုကြောင့်ဖြစ်ပြီး နောက်ထပ် (၄၅) ရာခိုင်နှုန်းမှာ  စောင့်ဆိုင်းစရာမလိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူရာ၌ ဒစ်ဂျစ်တယ်ဘဏ်အသုံးပြုလိုသူများရဲ့ (၆၇) ရာခိုင်နှုန်းက ဘဏ်ရဲ့သမိုင်းကြောင်းကို သိရှိလိုပြီး (၆၄) ရာခိုင်နှုန်းက ဆက်သွယ်ရမည့်အချက်အလက်များနဲ့ နောက်ထပ် (၆၃) ရာခိုင်နှုန်းမှာမူ လူမှုကွန်ရက်စာမျက်နှာကို ကြည့်ရှုလိုကြောင်းသိရှိရပါတယ်။ ဒါ့အပြင် သုံးစွဲသူများအနေဖြင့် ဒစ်ဂျစ်တယ်ဘဏ်များကို ငွေလွှဲသည့်နေရာ၌ (၆၄) ရာခိုင်နှုန်း၊ ဘေလ်များပေးဆောင်သည့်နေရာ၌ (၆၃) ရာခိုင်နှုန်းနဲ့ စျေးဝယ်ထွက်ရာ၌ (၅၆) ရာခိုင်နှုန်း အသုံးပြုကြပါတယ်။
ဘဏ်မဟုတ်သောဒစ်ဂျစ်တယ်ဘဏ်များသည် သုံးစွဲရန် Sign- up လုပ်သည်နဲ့တစ်ပြိုင်နက် အထူးအခွင့်အရေးပေးခြင်းများ၊ ဆန်းသစ်သည့်ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများပေးခြင်းတို့ဖြင့် အသုံးပြုသူများကို ဆွဲဆောင်လျက်ရှိပါတယ်။
<Unicode Version>
<Zawgyi Version>
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုမြင့်တက်လာသည့် အိန္ဒိိယနိုင်ငံ။
အိန္ဒိယနိုင်ငံ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ မြင့်တက်လာကြောင်း သိရှိရပြီး လတ်တလော၌ နို်င်ငံတွင်းစားသောက်ဆိုင်များ၌ ငွေပေးချေခြင်း၊ မီတာနဲ့အခွန်အခပေးဆောင်ခြင်းများအပြင် တက္ကစီငှားစီသည့်နေရာ၌ပင် ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ငွေပေးချေလျက်ရှိကာ (၂၀၁၆) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro