HomeBanking & Financeကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် G7 အဖွဲ့ဝင်နိုင်ငံများရဲ့ကြိုတင်ပြင်ဆင်မှုများ။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် G7 အဖွဲ့ဝင်နိုင်ငံများရဲ့ကြိုတင်ပြင်ဆင်မှုများ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက ကမ္ဘာ့စီးပွားရေးအပေါ် သိသိသာသာရိုက်ခတ်လာခဲ့ပြီး အဆိုးရွားဆုံး ခံစားရသည့်နိုင်ငံက တရုတ်နိုင်ငံဖြစ်သော်လည်း လက်ရှိအချိန်၌ နိုင်ငံပေါင်းရာနဲ့ချီ ထိခိုက်လာခဲ့ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ထိခိုက်သည့်နိုင်ငံများ၌ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့လည်း ပါဝင်နေပြီဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းဆန်းစစ်လေ့လာသူများရဲ့အဆိုအရ နိုင်ငံအသီးသီးရှိဘဏ်များသည် ယခင်နဲ့မတူညီသည့် အခြေအနေအများစုနဲ့ ရင်ဆိုင်နေရပြီး ရှယ်ယာများမှတစ်ဆင့် အမြတ်အစွန်း (၁၀) ရာခိုင်နှုန်းကျော်သာ ရရှိလျက်ရှိနေပါတယ်။ ကနေဒါနိုင်ငံရှိ ဘဏ်များ၌ အမြတ်ငွေ (၁၃.၀၅) ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံ၌ အမြတ်ငွေ (၁၀.၉၉) ရာခိုင်နှုန်းသာရရှိနေပြီး ဂျာမနီနဲ့ဂျပန်နိုင်ငံတို့မှ ဘဏ်များမှာမူ G7 နိုင်ငံများအနက် အနည်းဆုံးအဖြစ် အမြတ်ငွေ (၂.၁၃) ရာခိုင်နှုန်း၊ (၃.၉၂) ရာခိုင်နှုန်းစီသာရရှိထားကြောင်း သိရှိရပါတယ်။

- Advertisement -

ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့မှ ဘဏ်များသည် ချေးငွေနဲ့အပ်ငွေအချိုးအများဆုံးရှိပြီး လာမယ့်လပို်င်းအတွင်း ဘဏ်များအနေဖြင့် အားလပ်ရက်ရရှိနေသည့် Customer များကို အပေါင်စာချုပ်များနဲ့ အခြားချေးငွေများပြန်လည်ပေးဆပ်ရန်အတွက် ဖိအားပေးခံရနိုင်ပါတယ်။ အဆိုပါနိုင်ငံများမှ ဘဏ်တစ်ခုချင်းစီရဲ့ ချေးငွေနဲ့အပ်ငွေအချိုးနှုန်းက (၂၀၁၈) ခုနှစ်၌ (၁၁၀.၅၆) ရာခိုင်နှုန်း၊ (၁၀၅.၇၆) ရာခိုင်နှုန်းနဲ့  (၁၀၄.၁၁) ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ အီတလီနိုင်ငံမှ အကြီးမားဆုံးဘဏ် (၂) ခုရဲ့  ချေးငွေနဲ့အပ်ငွေအချိုးနှုန်းက (၁၂၀) ရာခိုင်နှုန်းနဲ့အထက်ရှိပြီး ပြင်သစ်နိုင်ငံမှ အကြီးမားဆုံးဘဏ် (၂) ခုရဲ့  ချေးငွေနဲ့အပ်ငွေအချိုးနှုန်းက (၁၁၀) ရာခိုင်နှုန်းနဲ့အထက်ရှိကြောင်းလည်းသိရှိရပါတယ်။

- Advertisement -

ဂျာမနီနိုင်ငံရှိ အကြီးမားဆုံးဘဏ် (၃) ခုရဲ့ ချေးငွေနဲ့အပ်ငွေအချိုးနှုန်းမှာမူ (၁၀၀) ရာခိုင်နှုန်းကို မကျော်လွန်ဘဲ ထိုကဲ့သို့ဖြစ်ရသည့်အကြောင်းရင်းမှာလည်း နိုင်ငံအတွင်းရှိ  ကျေးလက်နဲ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဘဏ်ဖြစ်သည့် Landwirtschaftlich ကဲ့သို့သော အသေးစားဘဏ်များ၌ ချေးငွေနဲ့အပ်ငွေအချိိုးနှုန်းက မြင့်မားနေခြင်းကြောင့်ဖြစ်ပါတယ်။

- Advertisement -

Microeconomic အဆင့်၌ ကမ္ဘာ့ဘဏ်နဲ့ဗဟိုဘဏ်များအနေဖြင့် ကမ္ဘာ့စီးပွားရေးကို ထောက်ပံ့ရန် အစီအစဉ်များဆွဲထားကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ပြီး အမေရိက Federal Reserve မှ အတိုးနှုန်းကို သုညဂဏန်းနီးပါးအထိလျှော့ချကာ တစ်ကမ္ဘာလုံး၌ ဒေါ်လာထောက်ပံ့မှုများ ခိုင်မာမှုရှိစေရန် အခြားသော ဗဟိုဘဏ်များနဲ့လည်း ညှိနှိုင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ်အတွင်း၌လည်း G7 အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနဲ့ပတ်သက်၍ နောက်ထပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် မျှော်လင့်ထားပြီး အဆိုပါနိုင်ငံများရှိဘဏ်များအနေဖြင့် လက်ရှိအခြေအနေဆိုးကို မည်ကဲ့သို့ကျော်ဖြတ်သွားမည်လဲဆိုသည်ကို  စောင့်ကြည့်ရတော့မည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

 

 

ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္အတြက္ G7 အဖဲြ႕ဝင္ႏိုင္ငံမ်ားရဲ႕ႀကိဳတင္ျပင္ဆင္မႈမ်ား။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းက ကမာၻ႕စီးပြားေရးအေပၚ သိသိသာသာရိုက္ခတ္လာခဲ့ၿပီး အဆိုးရြားဆံုး ခံစားရသည့္ႏုိင္ငံက တရုတ္ႏုိင္ငံျဖစ္ေသာ္လည္း လက္ရွိအခ်ိန္၌ ႏိုင္ငံေပါင္းရာနဲ႔ခ်ီ ထိခိုက္လာခဲ့ၿပီျဖစ္ပါတယ္။ ထိုကဲ့သို႔ထိခိုက္သည့္ႏုိင္ငံမ်ား၌ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ၿဗိတိန္နဲ႔ အေမရိကန္ႏုိင္ငံတို႔လည္း ပါဝင္ေနၿပီျဖစ္ပါတယ္။

ဘဏ္လုပ္ငန္းဆန္းစစ္ေလ့လာသူမ်ားရဲ႕အဆိုအရ ႏုိင္ငံအသီးသီးရွိဘဏ္မ်ားသည္ ယခင္နဲ႔မတူညီသည့္ အေျခအေနအမ်ားစုနဲ႔ ရင္ဆိုင္ေနရၿပီး ရွယ္ယာမ်ားမွတစ္ဆင့္ အျမတ္အစြန္း (၁၀) ရာခိုင္ႏႈန္းေက်ာ္သာ ရရွိလ်က္ရွိေနပါတယ္။ ကေနဒါႏုိင္ငံရွိ ဘဏ္မ်ား၌ အျမတ္ေငြ (၁၃.၀၅) ရာခိုင္ႏႈန္း၊ အေမရိကန္ႏိုင္ငံ၌ အျမတ္ေငြ (၁၀.၉၉) ရာခိုင္ႏႈန္းသာရရွိေနၿပီး ဂ်ာမနီနဲ႔ဂ်ပန္ႏိုင္ငံတို႔မွ ဘဏ္မ်ားမွာမူ G7 ႏိုင္ငံမ်ားအနက္ အနည္းဆံုးအျဖစ္ အျမတ္ေငြ (၂.၁၃) ရာခိုင္ႏႈန္း၊ (၃.၉၂) ရာခိုင္ႏႈန္းစီသာရရွိထားေၾကာင္း သိရွိရပါတယ္။

ဂ်ာမနီ၊ အီတလီနဲ႔ ျပင္သစ္ႏိုင္ငံတို႔မွ ဘဏ္မ်ားသည္ ေခ်းေငြနဲ႔အပ္ေငြအခ်ိဳးအမ်ားဆံုးရွိၿပီး လာမယ့္လပို္င္းအတြင္း ဘဏ္မ်ားအေနျဖင့္ အားလပ္ရက္ရရွိေနသည့္ Customer မ်ားကို အေပါင္စာခ်ဳပ္မ်ားနဲ႔ အျခားေခ်းေငြမ်ားျပန္လည္ေပးဆပ္ရန္အတြက္ ဖိအားေပးခံရႏိုင္ပါတယ္။ အဆိုပါႏိုင္ငံမ်ားမွ ဘဏ္တစ္ခုခ်င္းစီရဲ႕ ေခ်းေငြနဲ႔အပ္ေငြအခ်ိဳးႏႈန္းက (၂၀၁၈) ခုႏွစ္၌ (၁၁၀.၅၆) ရာခိုင္ႏႈန္း၊ (၁၀၅.၇၆) ရာခိုင္ႏႈန္းနဲ႔  (၁၀၄.၁၁) ရာခိုင္ႏႈန္းအထိရွိခဲ့ပါတယ္။ အီတလီႏိုင္ငံမွ အႀကီးမားဆံုးဘဏ္ (၂) ခုရဲ႕  ေခ်းေငြနဲ႔အပ္ေငြအခ်ိဳးႏႈန္းက (၁၂၀) ရာခိုင္ႏႈန္းနဲ႔အထက္ရွိၿပီး ျပင္သစ္ႏုိင္ငံမွ အႀကီးမားဆံုးဘဏ္ (၂) ခုရဲ႕  ေခ်းေငြနဲ႔အပ္ေငြအခ်ိဳးႏႈန္းက (၁၁၀) ရာခိုင္ႏႈန္းနဲ႔အထက္ရွိေၾကာင္းလည္းသိရွိရပါတယ္။

ဂ်ာမနီႏိုင္ငံရွိ အႀကီးမားဆံုးဘဏ္ (၃) ခုရဲ႕ ေခ်းေငြနဲ႔အပ္ေငြအခ်ိဳးႏႈန္းမွာမူ (၁၀၀) ရာခိုင္ႏႈန္းကို မေက်ာ္လြန္ဘဲ ထိုကဲ့သို႔ျဖစ္ရသည့္အေၾကာင္းရင္းမွာလည္း ႏိုင္ငံအတြင္းရွိ  ေက်းလက္နဲ႔စိုက္ပ်ိဳးေရးဖံြ႕ၿဖိဳးတိုးတက္မႈဘဏ္ျဖစ္သည့္ Landwirtschaftlich ကဲ့သို႔ေသာ အေသးစားဘဏ္မ်ား၌ ေခ်းေငြနဲ႔အပ္ေငြအခ်ိိဳးႏႈန္းက ျမင့္မားေနျခင္းေၾကာင့္ျဖစ္ပါတယ္။

Microeconomic အဆင့္၌ ကမာၻ႕ဘဏ္နဲ႔ဗဟိုဘဏ္မ်ားအေနျဖင့္ ကမာၻ႕စီးပြားေရးကို ေထာက္ပံ့ရန္ အစီအစဥ္မ်ားဆဲြထားေၾကာင္း ၿပီးခဲ့သည့္အပတ္က ေၾကညာခဲ့ၿပီး အေမရိက Federal Reserve မွ အတိုးႏႈန္းကို သုညဂဏန္းနီးပါးအထိေလွ်ာ့ခ်ကာ တစ္ကမာၻလံုး၌ ေဒၚလာေထာက္ပံ့မႈမ်ား ခိုင္မာမႈရွိေစရန္ အျခားေသာ ဗဟိုဘဏ္မ်ားနဲ႔လည္း ညိွႏိႈင္းေဆာင္ရြက္မည္ဟု ေၾကညာခဲ့ပါတယ္။ လာမယ့္ရက္သတၱပတ္အတြင္း၌လည္း G7 အဖဲြ႕ဝင္ႏုိင္ငံမ်ားအၾကား စီးပြားေရးနဲ႔ပတ္သက္၍ ေနာက္ထပ္ညိွႏိႈင္းမႈမ်ား ျပဳလုပ္ရန္ ေမွ်ာ္လင့္ထားၿပီး အဆုိပါႏိုင္ငံမ်ားရွိဘဏ္မ်ားအေနျဖင့္ လက္ရွိအေျခအေနဆိုးကို မည္ကဲ့သို႔ေက်ာ္ျဖတ္သြားမည္လဲဆိုသည္ကို  ေစာင့္ၾကည့္ရေတာ့မည္လည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Thebanker

#HM(Soshwe)

#soshwebanking

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read