အားလုံးသိကြတဲ့အတိုင်းပဲ Baby Boomers မျိုးဆက် (၁၉၄၆ – ၁၉၆၄ ခုနှစ်ဖွား) တွေဟာ Generation Z မျိုးဆက်တွေဖြစ်တဲ့ ၁၉၉၀ ခုနှစ်နှောင်းပိုင်းဖွားတွေကို လူပျင်းလေးတွေလို့ မှတ်ချက်ပေးကြပြီး Generation Z တွေက Baby Boomers တွေကို စိတ်သဘောထားသေးသိမ်တဲ့ ခေတ်နောက်ကျသူတွေလို့ မှတ်ချက်ပေးကြပါတယ်။ ဒါဟာ မျိုးဆက်အပိုင်းအခြားနှစ်ခုရဲ့ စစ်အေးတိုက်ပွဲလို့ပဲ ပြောရမှာပေါ့နော်။
အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ Kairlyn Brande ဆိုသူဟာ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ်လုပ်ကိုင်နေရင်း စားသောက်ဆိုင်ဝန်ထမ်းတွေအပေါ် အဆိုပါမျိုးဆက်နှစ်ခုရဲ့ တုံ့ပြန်မှု/ သိတတ်စာနာမှု ကွားခြားပုံကို ဗီဒီယိုရိုက်ပြီး TikTok မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။
@katebrande “They get paid to do that” VS “we know restaurant life is hard, here, let us help you out”
Kaitlyn ရဲ့ဗီဒီယိုထဲမှာတော့ Baby Boomers တွေက စားသောက်ဆိုင်မှာ စားသောက်ပြီးနောက် စားပွဲပေါ်မှာ စားကြွင်းစားကျန်တွေနဲ့ တစ်ရှူးစက္ကူတွေကို ရှုပ်ပွပြီးထားသွားပေမယ့် Generation Z တွေက စားသောက်ပြီးတဲ့အခါမှာ ပန်းကန်တွေကို ထပ်ပေးခဲ့ပြီး စားကြွင်းစားကျန်တွေနဲ့ တစ်ရှူးစက္ကူတွေကိုပါ သိမ်းဆည်းပြီး ထားပေးသွားတာကို မြင်ရမှာပဲဖြစ်ပါတယ်။
Kaitlyn Brande ကလည်း “လူကြီးတွေက သူတို့ကို ရိုရိုသေသေ လေးလေးစားစားဆက်ဆံတာမျိုးကိုပဲ လိုချင်ကြတာနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်လိုက်ရင် လူကြီးတွေက စားသောက်ဆိုင်ကဝန်ထမ်းတွေအပေါ် Genration Z တွေလောက် သိတတ်မှုမရှိတာမျိုးကို ပြချင်လို့ပါ။ ဟုတ်ပါတယ်။ စားသုံးသူတွေချန်သွားတဲ့ စားကြွင်းစားကျန်တွေနဲ့ ပန်းကန်တွေကို သန့်ရှင်းပေးရတာက စားပွဲထိုးတွေရဲ့ တာဝန်ဖြစ်ပေမယ့် စားသုံးသူတွေရဲ့ စားပွဲထိုး/စားသောက်ဆိုင်ဝန်ထမ်းတွေအပေါ် ဒီလိုမျိုးလေး ကူညီသိတတ်ပေးတာကို မြင်ရတော့ လူသားပီပီ သဘောကျအသိမှတ်ပြုမိတယ်။”လို့ BuzzFeedသတင်းဌာနကို ပြောပြခဲ့ပါတယ်။
<Unicode Version>
Boomers နဲ႔ Gen Z တို႔ရဲ႕ ကြာျခားပံုကို TikTok မွာ မွ်ေဝခဲ့တဲ့ စားပြဲထိုးမေလး။
အားလံုးသိၾကတဲ့အတိုင္းပဲ Baby Boomers မ်ိဳးဆက္ (၁၉၄၆ – ၁၉၆၄ ခုႏွစ္ဖြား) ေတြဟာ Generation Z မ်ိဳးဆက္ေတြျဖစ္တဲ့ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္းဖြားေတြကို လူပ်င္းေလးေတြလို႔ မွတ္ခ်က္ေပးၾကၿပီး Generation Z ေတြက Baby Boomers ေတြကို စိတ္သေဘာထားေသးသိမ္တဲ့ ေခတ္ေနာက္က်သူေတြလို႔ မွတ္ခ်က္ေပးၾကပါတယ္။ ဒါဟာ မ်ိဳးဆက္အပိုင္းအျခားႏွစ္ခုရဲ႕ စစ္ေအးတိုက္ပြဲလို႔ပဲ ေျပာရမွာေပါ့ေနာ္။
အသက္ ၁၈ ႏွစ္ရွိၿပီျဖစ္တဲ့ Kairlyn Brande ဆိုသူဟာ စားေသာက္ဆိုင္တစ္ခုမွာ စားပြဲထိုးအျဖစ္လုပ္ကိုင္ေနရင္း စားေသာက္ဆိုင္ဝန္ထမ္းေတြအေပၚ အဆိုပါမ်ိဳးဆက္ႏွစ္ခုရဲ႕ တံု႔ျပန္မႈ/ သိတတ္စာနာမႈ ကြားျခားပံုကို ဗီဒီယို႐ိုက္ၿပီး TikTok မွာ တင္ခဲ့တာပဲျဖစ္ပါတယ္။
@katebrande “They get paid to do that” VS “we know restaurant life is hard, here, let us help you out”
Kaitlyn ရဲ႕ဗီဒီယိုထဲမွာေတာ့ Baby Boomers ေတြက စားေသာက္ဆိုင္မွာ စားေသာက္ၿပီးေနာက္ စားပြဲေပၚမွာ စားႂကြင္းစားက်န္ေတြနဲ႔ တစ္႐ွဴးစကၠဴေတြကို ႐ႈပ္ပြၿပီးထားသြားေပမယ့္ Generation Z ေတြက စားေသာက္ၿပီးတဲ့အခါမွာ ပန္းကန္ေတြကို ထပ္ေပးခဲ့ၿပီး စားႂကြင္းစားက်န္ေတြနဲ႔ တစ္႐ွဴးစကၠဴေတြကိုပါ သိမ္းဆည္းၿပီး ထားေပးသြားတာကို ျမင္ရမွာပဲျဖစ္ပါတယ္။
Kaitlyn Brande ကလည္း “လူႀကီးေတြက သူတို႔ကို ႐ို႐ိုေသေသ ေလးေလးစားစားဆက္ဆံတာမ်ိဳးကိုပဲ လိုခ်င္ၾကတာနဲ႔ ပတ္သက္ၿပီး စဥ္းစားၾကည့္လိုက္ရင္ လူႀကီးေတြက စားေသာက္ဆိုင္ကဝန္ထမ္းေတြအေပၚ Genration Z ေတြေလာက္ သိတတ္မႈမရွိတာမ်ိဳးကို ျပခ်င္လို႔ပါ။ ဟုတ္ပါတယ္။ စားသံုးသူေတြခ်န္သြားတဲ့ စားႂကြင္းစားက်န္ေတြနဲ႔ ပန္းကန္ေတြကို သန္႔ရွင္းေပးရတာက စားပြဲထိုးေတြရဲ႕ တာဝန္ျဖစ္ေပမယ့္ စားသံုးသူေတြရဲ႕ စားပြဲထိုး/စားေသာက္ဆိုင္ဝန္ထမ္းေတြအေပၚ ဒီလုိမ်ိဳးေလး ကူညီသိတတ္ေပးတာကို ျမင္ရေတာ့ လူသားပီပီ သေဘာက်အသိမွတ္ျပဳမိတယ္။”လို႔ BuzzFeedသတင္းဌာနကို ေျပာျပခဲ့ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare