HomeHome & Propertyမြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်းနဲ့ Slade အိမ်ခြံမြေဝန်ဆောင်မှုအဖွဲ့တို ့ ပူးပေါင်းပြီး ကပ်ရောဂါဆိုးကြီးကို ဘယ်လိုကာကွယ်မလဲ ? ? ?
မြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်းနဲ့ Slade အိမ်ခြံမြေဝန်ဆောင်မှုအဖွဲ့တို ့ ပူးပေါင်းပြီး ကပ်ရောဂါဆိုးကြီးကို ဘယ်လိုကာကွယ်မလဲ ? ? ?
- Advertisement -
မြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်းနဲ့ Slade အိမ်ခြံမြေဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါဆိုးကြီး Covid-19 ကို ခုခံကာကွယ်ဖို့အတွက် ဘယ်လိုမျိုးလုပ်ဆောင်ချက်တွေကို  ပြုလုပ်ပေးသွားမလဲဆိုတာကို မြန်မာပြည်လူထုကို ကြေငြာလိုက်ပါပြီ။
မြန်မာ့စီးပွားရေးအဖွဲ့ဝင်တွေကလည်း မြန်မာနိုင်ငံမှာ Covid-19 ပျံ့ပွားခြင်းကို ရပ်တန့်စေဖို့အတွက် ကူညီဆောင်ရွက်သွားမယ်လို့ ကတိစကားဆိုလာပါတယ်။ ပြီးခဲ့တဲ့ရက်အချို့က မြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်းက အဖွဲ့ဝင်တွေကို  ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရပ်တန့်စေနိုင်ဖို့အတွက် စီစဉ်ရေးဆွဲထားတဲ့ စီမံချက်တွေကို ရေးသားတင်ပြခဲ့တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံ ဗြိတိသျှကုန်သည်ကြီးများအသင်းက ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုရှေးရှုပြီး  အလုပ်ကို အိမ်ကနေလုပ်နိုင်ပြီး စီးပွားရေးဆိုင်ရာအစည်းအဝေးပွဲတွေကိုလည်း အွန်လိုင်းကနေတစ်ဆင့်  တက်ရောက်စေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် စီစဉ်ထားတဲ့ လူမှုရေးဆိုင်ရာ   လှုပ်ရှားမှုအစီအစဉ်တွေနဲ့  သင်တန်းပေးလေ့ကျင့်မှုတွေကိုလည်း အင်တာနက်ကနေတဆင့်  လေ့လာသင်ယူနိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
- Advertisement -
ကမ္ဘာ့ကပ်ဆိုးရောဂါကြီးပျံ့နှံ့မှုဟာ အိမ်ခြံမြေစျေးကွက်ကို ဂယက်ရိုက်စေခဲ့ပြီး Slade အိမ်ခြံမြေဝန်ဆောင်မှု  ကုမ္ပဏီကလည်း ရက်သတ္တပတ်၂ ပတ်အတွင်းမှာ လုပ်ငန်းခွင်ရုံးခန်းကို အကန့်အသတ်မရှိပိတ်သိမ်းပြီး ဝန်ထမ်းများကို အိမ်ကနေ အလုပ်လုပ်စေမှာပဲ ဖြစ်တယ်လို့လည်း ကြေငြာခဲ့ပါတယ်။
- Advertisement -
Slade အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ စီမံအုပ်ချုပ်ရေးမှူး Hugo Slade က စီးပွားရေးကိုတော့ ပုံမှန်အတိုင်း  ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပြီး စျေးကွက်ကိုတော့ အနည်းငယ်  ဂယက်ရိုက်စေမည် ဖြစ်ကြောင်းကို  သတိပေးပြောဆိုခဲ့ပါတယ်။ Hugo Slade က “Slade ကုမ္ပဏီရဲ့ ရုံးတွင်းမူဝါဒဟာ ပြည့်စုံပြီး ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေမရှိအောင် စီမံဆောင်ရွက်ထားပေးတာပဲဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေမြင့်မားနေတဲ့  ယခုအချိန်မှာတော့ ဝယ်ယူသူဖောက်သည်တွေဟာ စျေးကွက်အခြေအနေနဲ့ပတ်သက်ပြီး သိလိုတာတွေများနေတာကို နားလည်ပါတယ်။  ဒါကြောင့်လည်း ကျွနု်ပ်တို့က တွေ့ရှိလေ့လာချက်တွေကို တတ်နိုင်သမျှ တင်ပြအသိပေးသွားမှာဖြစ်တယ်။” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
- Advertisement -
ကမ္ဘာ့ကပ်ဆိုးရောဂါကြီးပျံ့နှံ့မှုဟာ အိမ်ခြံမြေဈေးကွက်ကို ဂယက်ရိုက်စေခဲ့ပြီး Slade အိမ်ခြံမြေဝန်ဆောင်မှု  ကုမ္ပဏီကလည်း ရက်သတ္တပတ်၂ ပတ်အတွင်းမှာ လုပ်ငန်းခွင်ရုံးခန်းကို အကန့်အသတ်မရှိပိတ်သိမ်းပြီး ဝန်ထမ်းများကို အိမ်ကနေ အလုပ်လုပ်စေမှာပဲ ဖြစ်တယ်လို့လည်း ကြေငြာခဲ့ပါတယ်။
<Zawgyi Version>
Source ~ Mingalarrealestate
#SY(Soshwe)
#soshwerealestate
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
one + two =
Must Read
အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။
ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...