Breaking News

COVID-19 နဲ့ အိမ်ခြံမြေစျေးကွက် အခြေအနေ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ မြန်မာနိုင်ငံအစိုးရအဖွဲ့က ပြည်သူပြည်သားတွေအနေနဲ့ COVID-19 ကို ကာကွယ်တိုက်ထုတ်နိုင်ဖို့အတွက် အိမ်ထဲမှာပဲနေပြီး လူအများနဲ့ ထိတွေ့ဆက်ဆံရမယ့် ပွဲတော်တွေကို တက်ရောက်ခြင်းမပြုဖို့ သတိပေးနှိုးဆော်ခဲ့ပါတယ်။

အဆိုပါသတိပေးနှိုးဆော်မှုအပြီးမှာတော့ အိမ်ခြံမြေအရောင်းပြပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အိမ်ခြံမြေစျေးကွက်နဲ့ပတ်သက်ပြီး ပြည်တွင်းနေဝယ်ယူသူတွေက စိတ်ဝင်တစားရှိပေမယ့်လည်း လူစုလူဝေးကို ရှောင်ကြဉ်ဖို့အတွက် အဆိုပါပြပွဲများကို မတက်ရောက်နိုင်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

များသောအားဖြင့် အိမ်ခြံမြေအရောင်းပြပွဲတွေကို ဆောက်လုပ်ရေးကုမ္ပဏီများနဲ့ အိမ်ခြံမြေစီးပွားရှင်တွေက  ပူးပေါင်းပြီး စီစဉ်ကျင်းပပေးတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ခြံမြေအရောင်းပြပွဲတွေကို   သင်္ကြန်ပွဲတော်မတိုင်ခင်နဲ့  သတင်းကျွတ်ကာလတွေမှာ ကျင်းပလေ့ရှိပါတယ်။ ရာသီပွဲတော်အချိန်မျိုးမှာ ရာသီအလိုက် လျော့စျေးများနဲ့ ရောင်းချပေးတာကြောင့် အိမ်ခြံမြေဝယ်ယူလိုသူတွေရဲ့  အိမ်ခြံမြေဝယ်ယူလိုအား  အမြင့်ဆုံးအချိန်တွေလို့လည်း ပြောလို့ရပါတယ်။

Shwe Property ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာဦးကောင်းသူဝင်းက COVID-19 က အိမ်ခြံမြေစျေးကွက်ကို တိုက်ရိုက်အကျိုးယုတ်စေခြင်းမရှိသေးပေမယ့်  ဝယ်ယူသူတွေဟာ  လူအများနဲ့ ထိတွေ့ဆက်ဆံရမယ့် အခမ်းအနားတွေကို တက်ရောက်ဖို့အတွက် စိုးရိမ်ပူပန်နေတာမျိုးတွေတော့ ရှိနေပါကြောင်း ပြောပြခဲ့ပါတယ်။

iMyanmarHouse ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမှူး ဦးနေမင်းသူရဲ့ ပြောကြားချက်အရ အိမ်ခြံမြေဝယ်ယူလိုသူတွေက  ရာသီအလိုက်လျော့စျေးများနဲ့ အိမ်ခြံမြေတွေကို ရောင်းချပေးတဲ့အချိန်မျိုးမှာ ဝယ်ယူလိုသူတွေအနေနဲ့ ဝယ်ယူလိုကြပေမယ့်လည်း အိမ်ခြံမြေအရောင်းပြပွဲတွေကို မိုးရာသီမတိုင်ခင် မေလအထိ  ရွှေ့ဆိုင်းထားရတာကြောင့် အိမ်ခြံမြေရောင်းသူတွေအတွက် နစ်နာမှုအနည်းငယ်ရှိကြောင်း ပြောပြခဲ့ပါတယ်။

အခုချိန်မှာတော့ အစိုးရအဖွဲ့က လူအများတက်ရောက်ကြမယ့်ပွဲတော်တွေနဲ့ အရောင်းပြပွဲတွေ ကျင်းပတာကို ဧပြီလအကုန်ထိ ရွှေ့ဆိုင်းထားခိုင်းပေမယ့်လည်း အကယ်၍များသာ ရောဂါပျံ့နှံ့မှုအခြေအနေကြောင့် ရွှေ့ဆိုင်းကာလကြာရှည်သွားမယ်ဆိုရင် အိမ်ခြံမြေအရောင်းပိုင်းဟာ သိသိသာသာကျဆင်းသွားနိုင်ပါတယ်။

MKT ဆောက်လုပ်ရေးကုမ္ပဏီရဲ့ CEO ဦးမျိုးမြင့်ကလည်း နောက်ထပ် အနည်းဆုံးခြောက်လအထိ  ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးလှုပ်ရှားမှုတွေကို လျော့ချထားရမယ်ဆိုရင်တော့ ချေးငွေနဲ့ရှေ့ဆက်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း နစ်နာမှုတွေနဲ့ ကြုံတွေ့နိုင်ကြောင်း ပြောပြခဲ့ပါတယ်။

<Unicode Version>

 

 

 

COVID-19 နဲ႕ အိမ္ျခံေျမေစ်းကြက္ အေျခအေန။

လြန္ခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ ျမန္မာႏိုင္ငံအစိုးရအဖြဲ႕က ျပည္သူျပည္သားေတြအေနနဲ႔ COVID-19 ကို ကာကြယ္တိုက္ထုတ္ႏိုင္ဖို႔အတြက္ အိမ္ထဲမွာပဲေနၿပီး လူအမ်ားနဲ႔ ထိေတြ႕ဆက္ဆံရမယ့္ ပြဲေတာ္ေတြကို တက္ေရာက္ျခင္းမျပဳဖို႔ သတိေပးႏႈိးေဆာ္ခဲ့ပါတယ္။

အဆိုပါသတိေပးႏႈိးေဆာ္မႈအၿပီးမွာေတာ့ အိမ္ျခံေျမအေရာင္းျပပြဲေတြကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ အိမ္ျခံေျမေစ်းကြက္နဲ႔ပတ္သက္ၿပီး ျပည္တြင္းေနဝယ္ယူသူေတြက စိတ္ဝင္တစားရွိေပမယ့္လည္း လူစုလူေဝးကို ေရွာင္ၾကဥ္ဖို႔အတြက္ အဆိုပါျပပြဲမ်ားကို မတက္ေရာက္ႏိုင္ၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ အိမ္ျခံေျမအေရာင္းျပပြဲေတြကို ေဆာက္လုပ္ေရးကုမၸဏီမ်ားနဲ႔ အိမ္ျခံေျမစီးပြားရွင္ေတြက  ပူးေပါင္းၿပီး စီစဥ္က်င္းပေပးတာပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက အိမ္ျခံေျမအေရာင္းျပပြဲေတြကို   သၾကၤန္ပြဲေတာ္မတိုင္ခင္နဲ႔  သတင္းကၽြတ္ကာလေတြမွာ က်င္းပေလ့ရွိပါတယ္။ ရာသီပြဲေတာ္အခ်ိန္မ်ိဳးမွာ ရာသီအလိုက္ ေလ်ာ့ေစ်းမ်ားနဲ႔ ေရာင္းခ်ေပးတာေၾကာင့္ အိမ္ျခံေျမဝယ္ယူလိုသူေတြရဲ႕  အိမ္ျခံေျမဝယ္ယူလိုအား  အျမင့္ဆံုးအခ်ိန္ေတြလို႔လည္း ေျပာလို႔ရပါတယ္။

Shwe Property ေဆာက္လုပ္ေရးကုမၸဏီ ဒါ႐ိုက္တာဦးေကာင္းသူဝင္းက COVID-19 က အိမ္ျခံေျမေစ်းကြက္ကို တိုက္႐ိုက္အက်ိဳးယုတ္ေစျခင္းမရွိေသးေပမယ့္  ဝယ္ယူသူေတြဟာ  လူအမ်ားနဲ႔ ထိေတြ႕ဆက္ဆံရမယ့္ အခမ္းအနားေတြကို တက္ေရာက္ဖို႔အတြက္ စိုးရိမ္ပူပန္ေနတာမ်ိဳးေတြေတာ့ ရွိေနပါေၾကာင္း ေျပာျပခဲ့ပါတယ္။

iMyanmarHouse ကုမၸဏီရဲ႕ စီမံခန္႔ခြဲေရးမွဴး ဦးေနမင္းသူရဲ႕ ေျပာၾကားခ်က္အရ အိမ္ျခံေျမဝယ္ယူလိုသူေတြက  ရာသီအလိုက္ေလ်ာ့ေစ်းမ်ားနဲ႔ အိမ္ျခံေျမေတြကို ေရာင္းခ်ေပးတဲ့အခ်ိန္မ်ိဳးမွာ ဝယ္ယူလိုသူေတြအေနနဲ႕ ဝယ္ယူလိုၾကေပမယ့္လည္း အိမ္ျခံေျမအေရာင္းျပပြဲေတြကို မိုးရာသီမတိုင္ခင္ ေမလအထိ  ေရႊ႕ဆိုင္းထားရတာေၾကာင့္ အိမ္ျခံေျမေရာင္းသူေတြအတြက္ နစ္နာမႈအနည္းငယ္ရွိေၾကာင္း ေျပာျပခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ အစိုးရအဖြဲ႔က လူအမ်ားတက္ေရာက္ၾကမယ့္ပြဲေတာ္ေတြနဲ႕ အေရာင္းျပပြဲေတြ က်င္းပတာကို ဧၿပီလအကုန္ထိ ေရႊ႕ဆိုင္းထားခိုင္းေပမယ့္လည္း အကယ္၍မ်ားသာ ေရာဂါပ်ံ႕ႏွံ႔မႈအေျခအေနေၾကာင့္ ေရႊ႕ဆိုင္းကာလၾကာရွည္သြားမယ္ဆိုရင္ အိမ္ျခံေျမအေရာင္းပိုင္းဟာ သိသိသာသာက်ဆင္းသြားႏိုင္ပါတယ္။

MKT ေဆာက္လုပ္ေရးကုမၸဏီရဲ႕ CEO ဦးမ်ိဳးျမင့္ကလည္း ေနာက္ထပ္ အနည္းဆံုးေျခာက္လအထိ  ကုမၸဏီေတြအေနနဲ႔ စီးပြားေရးလႈပ္ရွားမႈေတြကို ေလ်ာ့ခ်ထားရမယ္ဆိုရင္ေတာ့ ေခ်းေငြနဲ႔ေရွ႕ဆက္ေနရတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြဟာလည္း နစ္နာမႈေတြနဲ႔ ၾကံဳေတြ႕ႏိုင္ေၾကာင္း ေျပာျပခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ mmtimes

#SY(Soshwe)

#soshwerealestate

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro